ဟိုးအရင်ကတည်း မိန်းကလေးတွေနဲ့ ပတ်သက်လာရင် ကန့်သတ်မှုတွေက အတော်လေးများပါတယ်။ ဒါပေမယ့် နှစ်ဆယ့်တစ်ရာစုမှာတော့ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ဘောင်တန်းလာနိုင်သလို လွတ်လပ်ခြင်းတွေနဲ့ အပြည့်အဝရရှိလာကြပါတယ်နော်။ ဒီအချက်တွေကတော့ မိန်းကလေးအများစု စွန့်လွှတ်လိုက်ကြပြီဖြစ်တဲ့ ခေတ်ဟောင်းအလေ့အထလေးတွေ ဖြစ်ပါတယ်။
အိမ်မှာလည်း bra ဝတ်တတ်တဲ့အကျင့်

ဟိုးအရင်တုန်းကတော့ မိန်းကလေးတွေဟာ bra ကို အမြဲတမ်းလိုလိုဝတ်ဆင်ထားလေ့ရှိပေမယ့် ဒီကနေ့ခေတ်မှာတော့ တော်တော်များများသော မိန်းကလေးတွေဟာ အိမ်မှာ bra ဝတ်လေ့ရှိတဲ့ အကျင့်ကို စွန့််လွှတ်လိုက်ကြပါပြီ။ ကိုယ့်ရဲ့အိမ်မှာ ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ်လေး နေရတာလေးကို ကြိုက်ကြသလို မလိုအပ်ပဲ bra ကြီးဝတ်ထားစရာမလိုဘူးလို့ တွေးလာကြပါပြီနော်။
လစဉ်သုံးပစ္စည်းဝယ်တာဟာ ရှက်စရာလို့

မိန်းကလေးတွေက လစဉ်သုံးပစ္စည်းဝယ်ရမှာကို ရှက်တတ်ကြပြီး လူတွေမမြင်အောင် အိတ်တွေနဲ့ အထပ်ထပ်ဖုံးကွယ်ပြီး ဝယ်တတ်ကြပါတယ်။ တကယ်တော့ ဒါဟာ ရှက်စရာမဟုတ်ဘူးဆိုတာကို ဒီကနေ့ခေတ်မှာတော့ ကောင်းကောင်းနားလည်လာကြပြီး ပေါ်ပေါ်ထင်ထင် ဝယ်တာမျိုး လုပ်လာကြပါတယ်။
မဝတ်တော့တဲ့ အဝတ်တွေကို သိမ်းထားတတ်တာ
အရင်ခေတ်က အမျိုးသမီးတွေဟာ ကိုယ်မဝတ်ဆင်တော့တဲ့ အဝတ်အစားတွေ ဒါမှမဟုတ် ကိုယ်နဲ့မတော်တော့တဲ့ အဝတ်အစားတွေကိုတောင် ထုတ်ပိုးသိမ်းဆည်းထားတတ်ကြပါတယ်နော်။ ဒီကနေ့ခေတ်မှာတော့ မိန်းကလေးတွေက ဖက်ရှင်ကို ပိုဦးစားပေးလာကြသလို ကိုယ့်အတွက်အသုံးမလိုတဲ့ အဝတ်အစားတွေကို လှူဒါန်းတာမျိုး လုပ်တတ်ကြပါတယ်။
ဒေါက်မြှင့်ဖိနပ်ကသာ အကောင်းဆုံး

မိန်းကလေးတွေက ဒေါက်မြှင့်ဖိနပ်စီးလိုက်တဲ့အခါ ယုံကြည်မှုပိုရှိပြီး လှပတယ်လို့ သတ်မှတ်ထားတတ်ကြပြီး အရင်တုန်းကတော့ ဘယ်သွားသွား ဒေါက်မြှင့်ဖိနပ်က အကောင်းဆုံးလို့ ထင်ထားကြပါတယ်။ ဒါပေမယ့် ခုခေတ်မှာတော့ ကိုယ့်ဝတ်ဆင်ချင်တဲ့ ပုံစံကိုလိုက်ပြီး ရွေးချယ်စရာတွေ များလာသလို ဒေါက်မြှင့်ဖိနပ်မဟုတ်ပဲ တစ်ခြားသော ဖိနပ်တွေကိုလည်း ပိုဝတ်ဆင်လာကြပါတယ်နော်။
တက်တူး ထိုးတာ

ဒါကတော့ အခုအချိန်အထိ နားလည်မှုတွေကွဲလွဲနေဆဲ ဆိုပေမယ့် အရင်ကထက် အများကြီး လက်ခံလာကြပါပြီ။ မိန်းကလေးဆိုတာ တက်တူးမထိုးရဘူးလို့ ကန့်သတ်ချက်တွေ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ကိုယ်ကြိုက်ရင် မိန်းကလေးပေမယ့် တက်တူးထိုးခွင့်ရှိလာသလို ကြိုက်တဲ့သူတွေကတော့ တက်တူးထိုးတာမျိုး လုပ်လာကြပါတယ်။
Khin