အဟောင်းဆိုင်က အဝတ်တွေ ဝယ်ပြီး အမိုက်စား ဒီဇိုင်းတွေ ဖြစ်အောင် ပြောင်းခဲ့တဲ့ အမျိုးသမီး

IG/therefashionista
Sponsored

ခေတ် အလိုက် မရိုးနိုင်တဲ့ ဖက်ရှင်တွေကို လူတွေက ရွေးချယ် ဝတ်ဆင်ခဲ့ကြပါတယ်။ ခေတ်တွေပြောင်းလို့ အဝတ်တွေကို ဘီရိုထဲ သိမ်းထားရတာမျိုးလည်း ရှိကြပါသေးတယ်။ အခုခေတ်မှာတော့ ဖက်ရှင်ရေစီးကြောင်းက တစ်ပတ်လည်လာသလို လူတိုင်းနီးပါးကလည်း ဖက်ရှင်ဒီဇိုင်းမျိုးစုံကို စိတ်ဝင်စားနေကြပြီး အဝတ်အစား ဝယ်ယူမှုတွေက မြင့်တက်နေပါတယ်။ ဒီဇိုင်းအမျိုးမျိုးတွေအတွက် ဈေးနှုန်း အမျိုးမျိုးနဲ့ ဝယ်ယူနေကြပေမယ့် ဒီလို မဝယ်ယူပဲ စတိုင်ကျတဲ့သူလည်း ရှိနေပါတယ်။ သူကတော့ အဟောင်းဆိုင်ကနေ တစ်ဒေါ်လာတန် အဝတ်အစားတွေ ဝယ်ပြီး ပုံစံအမျိုးမျိုးနဲ့ မိမိုက်တဲ့ အဝတ်တွေ အဖြစ် ပြန်အသွင်ပြောင်း ဝတ်ဆင်တဲ့သူ ဖြစ်ပါတယ်။ သူ့အကြောင်းကို Boredpanda ကနေ အခုလိုပဲ ဖော်ပြထားပါတယ်။

View this post on Instagram

Beige needn't be blah! *link in profile*

A post shared by REFASHIONISTA | Est. 2010 (@therefashionista) on

Sponsored

သူမကတော့ Jillian Owens ဖြစ်ပြီး ကယ်ရိုလိုင်းနားတောင်ပိုင်းမှာ နေထိုင်သူတစ်ယောက် ဖြစ်ပါတယ်။ သူမကတော့ အခုလို ဖက်ရှင်တွေကို ပြုပြင်ဝတ်ဆင်ခဲ့တာ ဆယ်နှစ်လောက်တော့ ရှိနေပါပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်လောက်က စပြီး သူမက အဟောင်းဆိုင်တွေကနေ ဝယ်ယူ ဝတ်ဆင်ခဲ့တာပါ။ အကြောင်းကတော့ အဲ့အချိန်တုန်းက သူမမှာ ဖက်ရှင် လှလှတွေကို ဝယ်ဝတ်ဖို့ ငွေ အလုံအလောက် မရှိတာကြောင့်ပဲ ဖြစ်ပါတယ်။

https://www.instagram.com/p/B_nIHeyH6GK/?utm_source=ig_web_copy_link

ပရဟိတတွေ လုပ်လေ့ ရှိတဲ့သူမက ငွေအများကြီး မရှိပေမယ့် တီထွင်နိုင်စွမ်းတော့ ရှိလို့ ရုပ်ဆိုးပြီး လူမကြိုက်တဲ့ အထည်တွေကို ပြင်ပြီး ဝတ်ခဲ့တာပါ။ ဒါကြောင့် အဝတ်တစ်ထည်စာကို တစ်ဒေါ်လာပဲ ကုန်ပါတော့တယ်လို့ သူမက boredpanda ကို ဖြေထားပါတယ်။

ဒီလို ပြန်ပြင်တဲ့ အဝတ်တွေ စလုပ်တုန်းက အပ်ချုပ်စက်သေးသေးလေး ဝယ်ခဲ့ပြီး သူမရဲ့ အခန်းကျဉ်းလေးထဲက ရေခဲသေတ္တာပေါ်မှာ သိမ်းဆည်းခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ စက်ဘယ်လို ချုပ်တယ်ဆိုတာကို စာအုပ်တွေကနေ လေ့လာခဲ့တာပါ။ ဒီအတွက် စာကြည့်တိုက်မှာ စာအုပ်တွေ ရှာခဲ့ပါတယ်။ အခုတော့ သူမက အပ်ချုပ်ဖို့အတွက် အခန်းလေး ပိုင်နေပါပြီ။

https://www.instagram.com/p/BknuFl_BIBh/?utm_source=ig_web_copy_link

တဖြည်းဖြည်း ကိုယ့်အတွက် ပြန်ပြင်ဝတ်ရင်းနဲ့ သူမက ဒီလို လုပ်တာတွေကို တခြးသူတွေပါ မြင်စေ သိစေချင်လို့ blog စလုပ်ခဲ့ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်ကတော့ လူတိုင်းက ဖန်တီးနိုင်ကြပြီး ဘယ်လောက်ပဲ ဈေးပေါပေါ လူတွေက မနှစ်သက်ပဲ နေပါစေ ဒီအရာတွေကို အလှဆုံး ဖြစ်အောင် ပြုလုပ်လို့ ရသေးကြောင်းနဲ့ အသုံးဝင်ကြောင်းကို လူအများကို သိစေ မြင်စေချင်တာပါ။

https://www.instagram.com/p/B9XFOicHDsG/?utm_source=ig_web_copy_link

သူမကတော့ လူတွေက ကိုယ့်ကိုယ်ကို တီထွင်ဖန်တီးနိုင်စွမ်း မရှိဘူးလို့ ထင်တတ်ကြပေမယ့် ကျွန်မကတော့ အဲ့လို မယူဆပါဘူး။လို့ ဖြေခဲ့သလို လူတိုင်းက ပြဿနာတွေကို ပိုကောင်းသွားအောင် ဖြေရှင်းတာကလည်း တီထွင်ဖန်တီးတာ ဆန်းသစ်တာပဲမို့ လူတိုင်းက ကြိုးစားဖို့ပဲ လိုတာပါ။ ဒါက ကမ္ဘာကြီးကို ပိုလှလာစမယ့်နည်းလမ်းနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အပြောင်းအလဲ ဖြစ်အောင် လုပ်နိုင်တဲ့ အရည်အချင်း တစ်ခုပဲလို့ ဖြေထားပါသေးတယ်။ အရာအားလုံးက အစမှာတော့ ကျွမ်းကျင်နေကြတာ မဟုတ်ဘူးလို့ သူမက အားပေးထားပါသေးတယ်။

သူမရဲ့ အကြောင်းက ချစ်စရာ ဖြစ်သလို သူမ ဖန်တီးထားတဲ့ အဝတ်တွေကလည်း လုံးဝ မိမိုက်နေတာကို ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။ အန်တီမေ ပရိသတ်ကြီးလည်း အခုလို ဖန်တီးချင်သွားပြီလားဆိုတာ ဖြေခဲ့ပါဦးနော်။

Kham

sponsored