မိန်းကလေးတစ်ယောက်ရဲ့ အလှစစ်က ဒီလိုအရာတွေပေါ် မူတည်တာပါ

Photo by Anna Shvets from Pexels
Sponsored

မိန်းကလေးတစ်ယောက်ရဲ့ ရုပ်ရည်ကို ကြည့်ပြီး လှတယ် မလှဘူး ပြောတတ်ကြပါတယ်။ အဲ့ဒီအလှက အပေါ်ယံ အလှကို ခွဲခြားကြတာပါ။ လက်တွေ့မှာတော့ အလှစစ်စစ်ကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးဆိုတာ ရှားပါတယ်။ တကယ့်ကို မိန်းကလေးတစ်ယောက်က အလှစစ်ကို ပိုင်ဆိုင်ထားတဲ့အခါ ဒီအချက်တွေကိုပါ သူတို့ဆီမှာ တွေ့ရမှာ ဖြစ်ပါတယ်။

အပြုအမူကောင်းတယ်

Sponsored

သူ့နေရာနဲ့ သူ နေတတ် ထိုင်တတ်တဲ့သူတွေ ရှိပါတယ်။ သူတို့တွေက ဘယ်လို နေရာကိုပဲ ရောက်ရောက် တခြားသူ မျက်စိထဲ အရမ်း မျက်စိမနောက်စေဘဲ သပ်သပ်ရပ်ရပ် နေတတ်ကြပါတယ်။ ဒီလိုမျိုး နေရာနဲ့ လိုက်ဖက်တဲ့ အပြုအမူတွေ ရှိတာကလည်း ကောင်းတဲ့ အရည်အချင်း တစ်ခုပါပဲ။

Photo by Andrea Piacquadio from Pexels

စကားပြောတတ်တယ်

သူတို့တွေက ဘယ်လိုလူတွေနဲ့ပဲ ပေါင်းသင်း ပြောဆိုရပါစေ အပိုအလို မရှိတတ်ကြပါဘူး။ အပေါ်စီးကလည်း မဆက်ဆံသလို နှိမ့်ချပြီးလည်း မဆက်ဆံတတ်ကြပါဘူး။ ဒီလိုမျိုး လူတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေတတ်တာကလည်း အလှတရား တစ်ခုပဲ ဖြစ်ပါတယ်။

READ
ဆံပင်ပါးသူတွေအတွက် ဆံပင်အုံထူသွားသယောင်ဖြစ်အောင် ပုံသွင်းနည်းများ
Photo by Andrea Piacquadio from Pexels

ရုပ်ရည်ကို အရမ်း ဦးစား မပေးဘူး

အလှစစ်စစ်ကို ပိုင်ဆိုင်ထားသူတွေက အပေါ်ယံ ရုပ်ရည် ချောမောခြင်းကို သိပ်ပြီး အာရုံမရောက်ကြပါဘူး။ စိတ်ထဲမှာ ရုပ်ချောချော ဆိုးဆိုး လူတိုင်းမှာ ရုပ်ရည်က အရေးကြီးတဲ့ အရာ တစ်ခု မဟုတ်ဘူးလို့ လက်ခံထားကြသူတွေ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အလှက ရုပ်ရည်ပေါ်မှာပဲ မမူတည်ဘူးလို့လည်း ယူဆကြသူတွေ ဖြစ်ပါတယ်။

Photo by Ivan Oboleninov from Pexels

စိတ်ထားလေး လှတယ်

စိတ်ထားတတ်တဲ့သူက စိတ်အေးချမ်းမယ်လို့လည်း တွေးတတ်ကြပါသေးတယ်။ စိတ်ကို မနာလိုစိတ် မရှိအောင် နေထိုင်ကြသလို ကူညီသင့်တဲ့သူကို ကူညီတယ်။ လုပ်စရာ ရှိတာ လုပ်တယ်။ သူများအပေါ် မရိုးသားတဲ့ စိတ်နဲ့ မပတ်သတ်တတ်တာကတော့ သူတို့ရဲ့ စိတ်ထားကောင်း အကျင့်ကောင်းပဲ ဖြစ်ပါတယ်။

READ
အမြန်ဆုံးလှပသွားစေမယ့် အလှအပဆိုင်ရာ လျှို့ဝှက်ချက်လေးများ
Photo by Max Andrey from Pexels

သိတတ်တယ်

မိသားစုနဲ့ မောင်နှမတွေကို သိတတ်သူတွေကလည်း လှပတတ်ကြပါတယ်။ ဒီလိုမျိုး ကိုယ့်ဘက်ကနေ ဆွေမျိုးမိဘအပေါ်ကို သိတတ်နားလည်ဖေးမတဲ့သူက သိပ်ကို အားကျလေးစားစရာ ကောင်းလို့ သူတို့အပေါ်လည်း ချစ်ခင်တတ်ကြပါတယ်။

Kham

sponsored