Women Empowerment ကို ကျင့်သုံးသူတစ်ဦးဖြစ်လာနိုင်တဲ့ အခြေခံကျင့်ဝတ် (၅) ခု

Freepik- freepik
Sponsored

Women Empowerment ဆိုတာဘာလဲ။ ဒီစကားလုံးကို လွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းနဲ့ အဓိပ္ပာယ်ဖော်ရမယ်ဆိုရင်တော့ အမျိုးသမီးအချင်းချင်း ရိုင်းပင်းကူညီမှု၊ အမျိုးသမီးများ ခေါင်းဆောင်နိုင်မှုစွမ်းအား၊ တန်းတူအခွင့်အရေးရရှိမှု စသဖြင့် ကဏ္ဍပေါင်းစုံ ပါဝင်လာမှာပါ။ ဒီဆောင်းပါးမှာတော့ အမျိုးသမီးတွေကြားထဲ ရှိသယောင်နဲ့ပျောက်ဆုံးနေတဲ့ Women Empowerment ထဲက အမျိုးသမီးအချင်းချင်း ရိုင်းပင်းကူညီမှုကို အဓိကထား ပြောပြပေးသွားချင်ပါတယ်။

ကိုယ်ဟာ Women Empowerment ကို လိုက်နာကျင့်သုံးသူတစ်ဦးဖြစ်စေဖို့ဆိုရင် တခြားလူတွေကို မတိုက်တွန်းသေးဘဲ မိမိကိုယ်ကိုယ်မိမိ စိတ်ဓာတ်ရေးရာပိုင်းမှာ အရင်ဆုံး ပြင်ဆင်သင့်တဲ့ အခြေခံအချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

Sponsored

(၁) အမျိုးသမီးအချင်းချင်း ရိုင်းပင်းကူညီခြင်း

အပေါ်မှာပြောခဲ့သလိုပါပဲ။ ဒီလို အမျိုးသမီးအချင်းချင်း ရိုင်းပင်းကူညီခြင်းဟာ တကယ်တမ်း အမျိုးသမီးတွေကြားမှာ ပျောက်ဆုံးနေတတ်တဲ့ အရာတစ်ခုပါ။ လူတွေထဲကလူတွေပဲမလို့ မနာလိုစိတ်တွေ၊ မကျေနပ်စိတ်တွေကြောင့် အမျိုးသမီးအချင်းချင်း လမ်းကြောင်းပိတ်ပင်မိတာမျိုးတွေ၊ ကဲ့ရဲ့ရှုံ့ချတာမျိုးတွေ၊ အများနဲ့တစ်ယောက် ဖယ်ကျဉ်ထားတာမျိုးတွေ၊ မကောင်းသတင်းလိုက်လွှင့်တာမျိုးတွေကို လုပ်မိကြမှာပါပဲ။ အကယ်၍ သင်သာ Women Empowerment ကို ကျင့်သုံးသူတစ်ဦးဖြစ်ချင်တယ်ဆိုရင်တော့ အမျိုးသမီးအချင်းချင်း ရိုင်းပင်းကူညီစိတ်ကို စတင်မွေးမြူလိုက်ပါ။

READ
မိန်းကလေးတိုင်း သိထားသင့်တဲ့ ဓမ္မတာလာချိန် သတိထားရမယ့် အချက် (၈)ချက်
Freepik-

(၂) မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုရှိပါ

ဘယ်အရာကိုပဲလုပ်လုပ် ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကိုထားပါ။ ဒီနေရာမှာ ပြောချင်တာ self-confidence မဟုတ်ဘဲ “Believe in Yourself” ဆိုတဲ့ စကားလုံးကို ပြောချင်တာပါ။ ယုံကြည်မှုရှိမယ်ဆိုရင် ဘယ်လိုနေရာမှာပဲ ခေါင်းဆောင်လုပ်လုပ်၊ ဘယ်လိုတာဝန်မျိုးကိုပဲ ထမ်းဆောင်ရ ထမ်းဆောင်ရ ပိုပြီးတော့ချောမွေ့စေပါလိမ့်မယ်။

(၃) အချစ်ရေးကိစ္စ

ကိုယ်ဟာ Women Empowerment ကို တန်ဖိုးထားသူတစ်ဦးဖြစ်ပေမယ့် ကိုယ်နဲ့ ဒိတ်လုပ်နေတဲ့လူဟာ ဒါတွေကို တန်ဖိုးမထားတတ်တဲ့အပြင်ကိုမှ ဒီလိုအရာတွေဟာ အရေးမပါတဲ့ အပိုသက်သက်လို့မြင်နေမယ်ဆိုရင် ကိုယ့်ရဲ့အမြင်တွေကိုလည်း လွှမ်းမိုးလာနိုင်တာကြောင့် အဆင်ပြေမျာမဟုတ်ပါဘူး။

Freepik-

(၄) မျှဝေပါ

Sharing is caring ပါပဲ။ ကိုယ်တတ်မြောက်ထားတဲ့ ပညာရပ်တွေကို အမျိုးသမီးအချင်းချင်း ပြန်လည်မျှဝေပါ။ သစ်ပင်ကောင်းတွေပေါက်ဖို့ဆိုတာ မျိုးစေ့ကြဲမယ့်လက်တွေ လိုအပ်ပါတယ်။

(၅) လွတ်လပ်ခွင့်ကို တန်ဖိုးထားပါ

READ
ကြည့်လိုက်တိုင်း လန်းဆန်းပြီး ငယ်ရွယ်နုပျိုတဲ့ မျက်နှာလေးဖြစ်နေဖို့ အရေးကြီးဆုံးအချက် (၇) ချက်

Work-Life Balance ဖြစ်ဖို့ဆိုတာ အမျိုးသမီးတွေအတွက် ပိုခက်ခဲတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ အလုပ်ရယ်၊ အိမ်အလုပ်ရယ်၊ မိသားစုတာဝန်ရယ် စတဲ့ တာဝန်ဝတ္တရားတွေကို ခေါက်ထားပြီး တစ်ပတ်မှာ တစ်ရက်လောက်တော့ ကိုယ့်အတွက်ကိုယ်ကို အချိန်ပေးပြီး အနားယူသင့်ပါတယ်။

Freepik-

penny

sponsored