မိန်းကလေးတွေ ကိုယ့်ချစ်သူကောင်လေးဆီက လိုချင်တတ်တဲ့ အရာများ

halayalex/freepik
Sponsored

လူတိုင်းကတော့ ချစ်မိတဲ့အခါမှာ လိုချင်မှုတွေကတော့ ရှိနေတတ်တာပါပဲ။ ကိုယ့်ချစ်သူဆီကနေသာ ရတဲ့အရာတွေက ပေးတဲ့ ပျော်ရွှင်ကြည်နူးမှုတွေက ဘာနဲ့မှ လဲ မရနိုင်ပါဘူး။ ဒါကြောင့် မိန်းကလေးတွေက ချစ်သူကောင်လေးတွေဆီကနေ ဒီလို အချက်လေးတွေကို လိုချင်တတ်ကြပါတယ်။

(၁) နွေးထွေးမှု

Sponsored

တစ်ယောက်က လိုအပ်တဲ့အချိန်တိုင်းမှာ တစ်ယောက်က နွေးထွေးမှုတွေ ပေးပြီး စိတ်သက်သာရာရစေတာကလည်း အချစ်ပဲ ဖြစ်ပါတယ်။ ချစ်တယ်ပြောရုံနဲ့ ပြီးတဲ့ အချစ်ရေးထက် အချစ်ကို ခံစားမိစေတဲ့ နွေးထွေးမှုကို ပေးရင် ပို သဘောကျ လိုချင်မိတတ်ပါတယ်။

disobeyart/feepik

(၂) ကြင်နာမှု

ချစ်တဲ့သူကို ကြင်နာတာ၊ ချစ်တဲ့သူဆီက ကြင်နာယုယမှုတွေ လိုချင်တာ သဘာဝကျပါတယ်။ နေမကောင်းချိန်မှာ အဆင်ပြေရဲ့လား မေးတာ၊ ချွေးတွေကျနေလို့ ယပ်ခပ်ပေးတာ စတဲ့ ကြင်နာမှုတွေအားလုံးက မိန်းကလေးတိုင်း ချစ်သူဆီက လိုချင်တတ်တာတွေ ဖြစ်ပါတယ်။

READ
အထီးကျန်တဲ့အခါ လုပ်သင့်တာလေးတွေ

(၃) ဖက်ရှင်ကျမှု

ကိုယ့်ချစ်တဲ့သူကိုတော့ အလှဆုံး မြင်ချင်တတ်ကြတာပဲ။ ကိုယ်ကောင်လေးက ဘယ်လောက်ထိ မိုက်လဲဆိုတာမျိုးကို မိန်းကလေးတွေက ကြွားတတ်ချင် ဂုဏ်ယူကြချင်တတ်ကြပါတယ်။ သပ်သပ်ရပ်ရပ်နေလေလေ ဖက်ရှင်ကျလေ မိန်းကလေးတွေက သဘောကျလေလေပါပဲနော်။

halayalex/Freepik

(၄) ဂရုစိုက်တတ်ခြင်း

ချစ်သူကောင်လေးက ဂရုစိုက်တတ်တဲ့ကောင်လေးဆိုတာမျိုးကို သဘောမကျတဲ့ ကောင်မလေး မရှိသလောက်ပါပဲ။ မုန့်စားချင်တာနဲ့ ဘာစားမလား မေးတတ်တာမျိုး၊ နေမကောင်းရင် ဆေး မမေ့မလျော့ တိုက်တတ်တာမျိုး၊ ခေါင်းစည်းကြိုး မေ့မှာစိုးလို့ ဆောင်ထားတတ်တာမျိုးကို မိန်းကလေးတွေ အချစ်ကြီး ချစ်ပြီး မျှော်လင့်တတ်ကြပါတယ်။

(၅) သစ္စာရှိခြင်း

တစ်ခြားတွေ ဘယ်လိုဖြစ်ဖြစ် မိန်းကလေးတွေက ချစ်မိသွားရင် ကိုယ့်ချစ်သူ ကိုယ့်ကို ချစ်နေရင် လုံလောက်ပြီလို့ တွေးတတ်ကြတာမျိုးပါ။ ကိုယ့်ကို ချစ်နေရင် သစ္စာရှိနေရင် ရပြီ ကျန်တာ ဘာမှမလိုဘူးဆိုတဲ့ အထိလည်း မိန်းကလေးတွေက ချစ်တတ်ကြပါသေးတယ်။

READ
သင့်အချစ်ရေးကိုတည်မြဲစေချင်ရင် ဒီအကျင့်တွေကို စွန့်လွှတ်ပါ...

Kham

sponsored