မိန်းကလေးတိုင်း တစ်ခါလောက်တော့ စိတ်ကူးယဉ်လေ့ရှိတဲ့ လက်ထပ်ပွဲပုံစံ (၄) မျိုး

Photo by Heka from Pexels
Sponsored

မိန်းကလေးတွေရဲ့ ဘဝမှာ စိတ်ကူးယဉ်တတ်ကြဆုံးအရာကတော့ ချစ်တဲ့သူနဲ့ လက်ထပ်တဲ့အခါ ဘယ်လိုမျိုး လက်ထပ်ချင်တယ်ဆိုတာမျိုးပါပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့ အပျော်ရွှင်ဆုံးအချိန်လို့ သတ်မှတ်တဲ့ အဲ့အချိန်အတွက် အခုလို မင်္ဂလာပွဲအခမ်းအနားပုံစံတွေကို စဉ်းစားထားလေ့ ရှိပါတယ်။

(၁) ခမ်းခမ်းနားနား ကျင်းပခြင်း

Sponsored

မိန်းကလေးအချို့ကတော့ ကိုယ့်မင်္ဂလာပွဲကို အကြီးအကျယ် အခမ်းနားဆုံး ကျင်းပချင်မိတတ်ပါတယ်။ ခန်းမအကျယ်ကြီးနဲ့ မိတ်ဆွေ အပြည့်အစုံနဲ့ သတို့သမီးဝတ်စုံ အလှဆုံး ဝတ်ပြီး ပျော်ပျော်ရွှင်ရွှင် ကျင်းပချင်တာ ဖြစ်ပါတယ်။

Photo by Willy Zhong from Pexels

(၂) ပေါ့ပေါ့ပါးပါး ကျင်းပခြင်း

တစ်ချို့ မိန်းကလေးတွေက ခမ်းနာတာထက် ပေါ့ပါးပျော်ရွှင်စွာ ကျင်းပချင်တတ်ကြပါတယ်။ Dinner ပွဲတစ်ခုလို စီစဉ်ပြီး စိတ်လက်ပေါ့ပါးစွာ သူငယ်ချင်းတွေနဲ့အတူ အချိန်ကုန်ချင်ကြတာမျိုး ပြုလုပ်ချင်ကြတာ ဖြစ်ပါတယ်။

Photo by Jonathan Borba from Pexels

(၃) စိတ်ကူးယဉ်ဆန်ဆန် ကျင်းပခြင်း

READ
ခင်ပွန်းသည်အချစ်ခံရတဲ့ဇနီးသည်ဟာ ကျန်းမာရေးပိုကောင်းကြောင်း လေ့လာတွေ့ရှိ

ကမ်းခြေမှာ လူလေးနည်းနည်းနဲ့ လေလေး တလွင့်လွင့်နဲ့ ကျင်းပရတဲ့ ရိုမန့်တစ် ဆန်ဆန် မင်္ဂလာပွဲမျိုးကိုလည်း ပြုလုပ်ချင်တတ်ကြပါသေးတယ်။ သဘာဝရဲ့ အရသာကို ခံစားရင်း ဘဝရဲ့ အမှတ်တရကို လှလှပပလေး ဖြတ်သန်းချင်တတ်ကြတာပါ။ ဒါကြောင့် ပန်းခြံလို နေရာမျိုးတွေမှာလည်း မင်္ဂလာပွဲ ပြုလုပ်ချင်တတ်ကြပါတယ်။

Photo by Asad Photo Maldives from Pexels

(၄) အကျိုးရှိစွာ ကျင်းပခြင်း

မင်္ဂလာပွဲကို ပိုပြီး မင်္ဂလာ ရှိသွားအောင်ဆိုတဲ့ စိတ်နဲ့ မင်္ဂလာပွဲအခမ်းအနား လုပ်ရင် ကုန်ကျမယ့် စရိတ်တွေကို မိဘမဲ့ဂေဟာနဲ့ ဘိုးဘွားရိပ်သာတွေကို လှူဒါန်းပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးလက်ထပ်လိုချင်တဲ့သူတွေလည်း ရှိပါသေးတယ်။

Kham

sponsored