ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး မာနရှိတဲ့ မိန်းကလေးတွေရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာများ

www.freepik.com
Sponsored

ကိုယ်ဆိုတဲ့ ဖြစ်တည်မှုကို ကိုယ်ကပဲ အချစ်ဆုံး ဖြစ်သင့်ပါတယ်။ ဒီလို ကိုယ့်တန်ဖိုး ကိုယ်နားလည်ပြီး ရပ်တည်နေတတ်တဲ့ မိန်းကလေးတွေမှာ မာနကိုယ်စီ ရှိနေတတ်ပါတယ်။ မာနကြီးတာမျိုး မဟုတ်ပေမယ့် သူတို့ရဲ့မာနတွေရဲ့ သူတို့ သတ်မှတ်ထားတဲ့ တန်ဖိုးထားမှု စံတွေလည်း ဖြစ်ပါတယ်။ သူတို့လို မိန်းကလေးတွေမှာ အခုလို အချက်တွေကို မြင်နိုင်ပါတယ်။

တည်တံ့တယ်

Sponsored

သူတို့တွေက အရယ်အမော မရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ့်ကိစ္စရပ်တွေကိုတော့ ပြောင်ပြောင်နောက်နောက် မပြောတတ်ကြတဲ့သူတွေပါ။ ပြောစရာရှိတာတွေကို တည်တည်တံ့တံ့ပဲ ပြောဆိုတတ်ကြပါတယ်။ ဒါက စကားတွေ အပျော်အပျက် ဖြစ်တာမျိုးကို မနှစ်သက်တာကြောင့် ဖြစ်ပါတယ်။

nensuria
/Freepik

မာနရှိတယ်

ကိုယ့် သိက္ခာကို ကိုယ်တန်ဖိုးထားပြီး အမှားကင်းနိုင်သမျှကင်းအောင် သတိကြီးကြီးထားတဲ့သူတွေ ဖြစ်ပါတယ်။ ငွေကြေးအကူအညီကို လွယ်လွယ် လက်မခံတာမျိုးနဲ့ ပိုးပန်းပြီး ကူညီတာမျိုးကို လက်သင့်မခံချကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ကို စွပ်စွဲတဲ့ စကားပြောဆိုရင်လည်း သည်းမခံတတ်ကြသူတွေ ဖြစ်ပါတယ်။

READ
ကောင်လေးတွေကို ညို့ငင်နိုင်စွမ်းရှိတဲ့ မိန်းကလေးတွေရဲ့ အမှတ်တမဲ့ အပြုအမူများ

ဂုဏ်ယူတယ်

သူတို့ကိုယ်သူတို့ အမြဲ ဂုဏ်ယူတတ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အရည်အချင်း၊ လုပ်နိုင်စွမ်းတွေကို ယုံကြည်ကြပါတယ်။ ဒီအတွက် အမြဲ ဂုဏ်ယူတတ်ကြတဲ့သူတွေပါ။ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်တာကို တန်ဖိုးထားကြပြီး အမြဲ ဒီလို ရပ်တည်ရတာကို သဘောကျတတ်ကြပါတယ်။

senivpetro/Freepik

ကြိုးစားတယ်

သူတို့က ကိုယ့်ဘဝအတွက်လည်း အမြဲ ကြိုးစားနေပြီး တိုးတက်မှု ရှိဖို့ အမြဲ လုပ်တတ်ကြပါတယ်။ လေ့လာမှုတွေကို ပတ်ဝန်းကျင်ကရော စာအုပ်တွေအထဲကပါ လေ့လာတတ်ကြပါတယ်။ တတ်သင့်တတ်ထိုက်တဲ့ ပညာရပ်တွေကိုလည်း သင်ထားတတ်ကြပါသေးတယ်။

ဂရုစိုက်တယ်

သူတို့က ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့လည်း မမေ့ကြပါဘူး။ မိသားစုတွေနဲ့ သူငယ်ချင်းတွေကိုလည်း အချိန်ပေးပြီး ဆက်ဆံရေးတွေကို သူစိမ်းဆန်မသွားအောင် ဖန်တီးတတ်ကြပါသေးတယ်။ သူတို့ရဲ့ ပျော်ရွှင်ရဖို့ကိုလည်း ဂရုစိုက်သလို တစ်ခြားသူတွေ ပျော်ရွှင်ဖို့ကိုလည်း တွေးပေးတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။

READ
အချိန်တိုအတွင်း မျက်တောင်ရှည်ရှည်ကော့ကော့လေးတွေ ရနိုင်မယ့် နည်းလမ်း (၄)မျိုး

Kham

sponsored