Work from home မှာ အစီအစဉ်တကျနဲ့ အလုပ်တွေ ပြီးနိုင်ဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေ

shutterstock/  ImYanis
Sponsored

အခုအချိန်မှာ တစ်ချို့လူတွေကတော့ အလုပ်သွားနေရဆဲဆိုပေမယ့် တော်တော်များများကတော့ work from home တွေ လုပ်နေကြရပါပြီ။ အခြေအနေတွေအရ အိမ်ထဲမှာ နေတာက အကောင်းဆုံး ဖြစ်တာမို့ ဘေးကင်းကင်းနဲ့ အိမ်ကနေပဲ အလုပ်တွေလုပ်နေရတဲ့ သူတွေကတော့ ကံကောင်းတယ်လို့ ပြောရပါမယ်။ ဒါပေမယ့် လူတော်တော်များများက work from home လုပ်ရတဲ့အခါ အလုပ်တွေ မပြီးနိုင်ပဲ ဖြစ်နေတတ်တာပါ။ ဒါဆိုရင် ကိုယ့်ရဲ့ အလုပ်တွေကို အစီအစဉ်တကျနဲ့ ပြီးမြောက်ဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေ လိုအပ်နေပါပြီ။ အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

အချိန် သတ်မှတ်ထားပါ

shutterstock/BonnieBC

ကိုယ်အလုပ်လုပ်ရမယ့် ရက်တွေမှာ ကိုယ့်အတွက် အလုပ်ချိန်ကို သတ်မှတ်ထားတာ အကောင်းဆုံး ပါပဲ။ ဥပမာ- ရုံးမသွားရပေမယ့် မနက်ကိုးနာရီဆို ကော်ဖီလေးတစ်ခွက်နဲ့ ကွန်ပျူတာရှေ့ အရောက်ထိုင်ပြီး ညနေ ငါးနာရီမှာ အလုပ်တွေအားလုံး လက်စသတ်အပြီး သတ်မှတ်ထားတာမျိုးပေါ့။ ဒါက သင့်ရဲ့ အလုပ်တွေကို ပြီးစီးနိုင်သလို သင့်ရဲ့ အချိန်တွေကိုလည်း စနစ်တကျ သတ်မှတ်ပြီးသား ဖြစ်စေပါတယ်နော်။

READ
ကိုရီးယားပရိသတ်တွေကြားမှာ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ဇာတ်လမ်းတွဲ (၁၀)ခု

Break time ယူပါ

Sponsored

အချိန်သတ်မှတ်ထားတယ်ဆိုပေမယ့် တစ်ချိန်လုံး တောက်လျှောက် အလုပ်တွေချည်း လုပ်နေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူးနော်။ မနက် ကိုးနာရီကနေ အလုပ်လုပ်ပြီး ဆယ့်နှစ်နာရီဆို ထမင်းစားတာ၊ နောက်ထပ် ပင်ပန်းလာရင် ခဏလောက် ကိုယ့်ကိုယ်ကို အနားပေးတာ၊ ကော်ဖီသောက်တာ စသဖြင့် နားချိန်လေးတော့ ယူသင့်ပါတယ်။ တစ်ချိန်လုံး အလုပ်တွေတောက်လျှောက် လုပ်နေရင်လည်း လူက စိတ်အိုက်ပြီး အလုပ်လုပ်ချင်စိတ် ကုန်ခမ်းသွားနိုင်လို့ပါ။

စည်းကမ်းလေးတွေ သတ်မှတ်ထားပါ

shutterstock/ LightField Studios

အိမ်ထောင်ရှင်မတွေဆိုလည်း အလုပ်လုပ်နေတဲ့ အချိန် ကလေးတွေ မလာရအောင် တားထားတာမျိုး၊ အိမ်အလုပ်တွေကို အလုပ်လုပ်နေရင်း ထလုပ်တာမျိုး မလုပ်မိအောင်၊ အလုပ်လုပ်တဲ့ နေရာလေးကို စနစ်တကျ သီးသန့်နေရာလေး ထားထားတာ၊ အလုပ်လုပ်နေတဲ့အချိန် ဖုန်းသုံးတာတွေ မလုပ်တာ စသဖြင့် ကိုယ့်ကိုယ်ကို စည်းကမ်းလေးတွေ သတ်မှတ်ထားသင့်ပါတယ်။ ဒါမှ အချိန်မှီ အလုပ်တွေ ပြီးမှာပါနော်။

READ
မိန်းကလေးတွေထက်တောင် ပိုကိတ်တဲ့ တင်ပါးအလှပိုင်ရှင် အမျိုးသား Idol များ

အပြည့်အဝ အနားယူပါ

shutterstock/ ImYanis

အလုပ်တွေ ပြီးသွားတဲ့အချိန်လေးမှာ ကိုယ့်ကိုယ်ကို အနားပေးဖို့ကို မမေ့ပါနဲ့နော်။ အလုပ်တွေနဲ့ အိမ်ထဲမှာ ပိတ်လှောင်နေရတဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ ဝရံတာလေးထွက် လေကောင်းလေသန့်လေးရှုတာ၊ စိတ်လွတ်ကိုယ်လွတ် အိပ်ရာထဲ အနားယူတာ၊ ကိုယ်စိတ်ပျော်မယ့် အရာလေးတွေ လုပ်တာ စသဖြင့် အနားယူသင့်ပါတယ်။

ချစ်ရတဲ့သူတွေဆီ ဆက်သွယ်ပါ

shutterstock/mangpor2004

အိမ်ထဲမှာပဲ နေရတယ်ဆိုပြီး ချစ်တဲ့သူတွေနဲ့ အဆက်အသွယ် မပြတ်စေပါနဲ့နော်။ ကိုယ်ချစ်ရတဲ့ သူတွေဆီ ဖုန်းခေါ်ပြီး စကားတွေ တဝကြီး ပြောလို့ရသလို၊ အွန်လိုင်းကနေလည်း မိသားစု၊ သူငယ်ချင်း၊ ချစ်သူ စသဖြင့် ဆက်သွယ် ပြောဆိုလို့ ရပါတယ်။ ဒါက သင့်အတွက် စိတ်ကြည်နူးမှုနဲ့ ချစ်ခြင်းတွေကို ခံစားရစေမှာပါနော်။ ဒီတော့ work from home မှာ အလုပ်တွေ ကြိုးစားရင်း ကိုယ့်ကိုယ်ကိုလည်း အချိန်ပေးရင်း ပျော်ရွှင်စွာ ပြန်တွေ့ကြမယ်နော်။

Khin

sponsored