အမျိုးသမီး Idol တွေအပေါ် လုပ်ခဲ့တဲ့ Fan တွေရဲ့ အဆိုးရွားဆုံးလုပ်ရပ်များ

Image:mallang cow in Farmland(pinterest)/koreaboo
Sponsored

Fan တွေ ရဲ့ အချစ်ကို ခံရတာကောင်းတာလည်း ရှိသလို မကောင်းတာလည်း ရှိပါတယ်။ တခါတလေကျတော့လည်း အရမ်းကို အလွန်အကျွံစွဲလန်းလွန်းတဲ့ Fan တွေကြောင့် Idol တွေ မှာလည်း စိတ်အနှောင့်အယှက်ကြုံရတဲ့ အခိုက် အတန့်တွေ အများကြီးရှိခဲ့ဖူးပါတယ်။ အမျိုးသား Fan တွေရဲ့ အားပေးကြမ်းမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ သူတွေကတော့….

(၁)သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတဲ့ TWICE အဖွဲ့ဝင်  Mina

Image:n(pinterest)

TWICE အဖွဲ့ဝင် Mina ကတော့ Fan တစ်ယောက်ဆီကနေ သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရဖူးပါတယ်။ သူမနဲ့ GOT7 အဖွဲ့ဝင် Bam Bam တို့ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ခြိမ်းခြောက်ခံခဲ့ရတာပါ။ Fan တစ်ယောက်က ဓါးတစ်ချောင်းနဲ့ ပုံကို တင်ခဲ့တာပါ။ ဓါးကိုတော့ လက်ကောက်ဝတ်နားမှာ ကပ်ပြီး Mina  ရေ ဒီမှာ ဓါး. မင်းကောင်လေးကို မရိုက်ရင် သူ့ပါးစပ်ကို ဆွဲ မဖြဲရင် တော့ ငါမင်းကို သတ်ပစ်မယ် .. ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။

(၂)Girls’ Generation Taeyeon ကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ဖူး

Image:mallang cow in Farmland(pinterest)
Sponsored

(၂၀၁၁)ခုနှစ်တုန်းက Girls’ Generation‘ ရဲ့ အဖွဲ့ဝင်  Taeyeon တစ်ယောက် စင်ပေါ်မှာ ဖျော်ဖြေနေတုန်း အမျိုးသား Fan တစ်ယောက်က သူမကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တာပါ။ စင်နောက်ဘက်ကို ကျူးကျော်ဝင်ရောက်လာပြီး စင်ပေါ်မှာ တင်ဆက်ဖျော်ဖြေနေ တဲ့ Taeyeon ရဲ့ ခါးကို ဆွဲယူကာ သူမကို အတင်းပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တာပါ။ ကံကောင်းစွာနဲ့ပဲ Taeyeon တစ်ယောက် ဆိုးဆိုးရွားရွား ထိခိုက်သွားတာမျိုးမရှိသလို သူမကို အချိန်မီ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

READ
မအိုဆေးဆောင်ထားသလားလို့တောင် မေးခွန်းထုတ်ခံနေရတဲ့ ဆောင်းဟေကို

(၃)Girls’ Generation’အဖွဲ့ဝင်  Yoona ကို Stalker Fan နဲ့ ကြုံ ခဲ့ရဖူး

Image:Sugar K(pinterest)

နောက်ထပ် Girls’ Generation အဖွဲ့ဝင် တစ်ယောက်ကလည်း အားပေးကြမ်းတဲ့ Fan  တစ်ယောက်ကြောင့်  စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရဖူးပါတယ်။ Stalker Fan က သူမရဲ့ အဆောင်ထဲ အထိ ၀င်ဖို့ လုပ်ခဲ့တာပါ။ SBS‘s Strong Heart မှာတော့ Yoona က ဒီအကြောင်းကို ပြောပြခဲ့တာပါ။ အမျိုးသားတစ်ယောက်က သူမရဲ့  အဆောင်အပြင်မှာသူမကို စောင့်နေပြီး သူမက အခန်းထဲကို ၀င်တဲ့ အချိန်မှာတော့ နောက်ကနေ ပေါ်လာပြီး သူပါအတင်းလိုက်ဝင် ဖို့ ကြိုးစားခဲ့တာပါ။ ကံကောင်းတာကတော့ ဒီအခြေအနေကို အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

READ
Lady Gaga ရဲ့ အယ်ဘမ်မှာ ပါဝင်မယ့် BLACKPINK

(၄)အကြိမ်များစွာ အသက်အန္တရာယ်ခြိမ်းခြောက်ခံခဲ့ရတဲ့ Apink

Image:labrador(pinterest)

Apink ကတော့ အကြိမ်ကြိမ် အသက်အန္တရာယ်ခြိမ်းခြောက် ခံခဲ့ရဖူးပါတယ်။ ဖုန်းဆက်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ ဖုန်းတွေ အများကြီးကို လက်ခံရခဲ့လို့ ရဲတပ်ဖွဲ့က Apink ကို အပြေးအလွှား သွားပြီး ကာကွယ်ပေးခဲ့ရဖူးပါတယ်။Variety Show တစ်ခုမှာ သရုပ်ဆောင် Trainee တွေ နဲ့ Blind Date လုပ်ခဲ့တာကြောင့် အမျိုးသား Fan တစ်ယောက်က ဒေါပွပြီး သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာကို ခံခဲ့ရဖူးပါတယ်။

(၅)အချစ်ကြီးသူ Fan တစ်ယောက်ရဲ့ နှောက်ယှက်တာခံရတဲ့ Kyulkyung

Image:EllE(pinterest)

အမျိုးသား Fan တစ်ယောက်က Kyulkyung ကို အွန်လိုင်းပေါ်မှာ အရှက်ရအောင် လုပ်ခဲ့ဖူးပါတယ်။ သူမကို လာမယ့် Fan ပွဲတစ်ခုမှာ လက်ထပ်ခွင့်တောင်းမယ်ဆိုပြီး လျှောက်ဖွ ခဲ့တာပါ။ သူ့မှာဆိုရင် ကိုယ်ပိုင်ပုံဆွဲပုံကြမ်းစာအုပ် တစ်အုပ်ရှိပြီး အဲ့ဒီအထဲမှာတော့ သူမကို သေတဲ့ အထိ ချစ်သွားမယ်ဆိုပြီး ပြောဆိုထားတာတွေ တောင်ရှိပါတယ်။ ကံကောင်းစွာနဲ့ပဲ Pledis Entertainment က ဒီကိစ္စကို ကြိုတင်ကာကွယ်နိုင်ခဲ့ပါတယ်။ စာအုပ် နဲ့ တခြားလက်ဆောင်တွေကိုပါ သိမ်းယူပစ်ခဲ့ပါတယ်။

Source:Koreaboo

sponsored