ကလေးဆေးရုံအတွက် Hand Sanitizer နဲ့ Mask တွေလှူခဲ့တဲ့ ဝတ်မှုံရွှေရည်

Image:Fb/Wutt Hmone Shwe Yi
Sponsored

လက်ရှိ ကမ္ဘာတစ်ဝန်းမှာဖြစ်နေတဲ့ ကပ်ရောဂါဆိုးအန္တရာယ်ကြီး မြန်မာနိုင်ငံကို မကျရောက်အောင် အစိုးရအာဏာပိုင်တွေနဲ့ ပြည်သူတွေ လက်တွဲပြီးကြိုးစားပေး နကြပါတယ်။ ဒီလို ကြိုးစားမှုကြီးမှာတော့ ပရိသတ်အချစ်တော် မင်းသမီးချောလေး ၀တ်မှုံရွှေရည်ကလည်း  ပါဝင်ပေးခဲ့ပါတယ်။ ကလေးဆေးရုံမှာ လိုအပ်နေတဲ့ Hand Sanitizer နဲ့ Mask တွေ ကို ၀တ်မှုံရွှေရည်ကလှူဒါန်းပေးခဲ့ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူခဲ့တာပါ။

Image:Fb/Wutt Hmone Shwe Yi
Image:Fb/Wutt Hmone Shwe Yi

“ဒီနေ ရန်ကုန် ဟယ်ပင် ကလေးဆေးရုံ မှာလိုအပ်တဲ့ Hand Sanitizer ,mask တွေ
ကလေးတွေအတွက် အာဟာရ တနေ့တာ အလှူလေးတွေလှူဖြစ်တယ်။အခုလို Corona Virus နဲ့ပတ်သတ်ပြီး ကျန်းမာရေးအတွက် အဖက်ဖက်ကဂရုစိုက်နေကြရတဲ့အချိန်မှာ အခုလို အလှူလေးဖြစ်အောင်ကူညီပေးကြတဲ့သူတွေကိုလည်းကျေးဇူးပါ။ကစ်ချစ်တဲ့ပရိတ်သတ် ကြီးလည်းကျန်းမာရေးကိုအထူးဂရုစိုက်ကြပါလို့ Corona Virus ရဲ့ရန်ကို သွားသတိလာသတိကာကွယ်ကြဖို့နဲ့ ကျန်းမာရေးသတိပေးချက်တွေကိုအထူးဂရုပြုလိုက်နာကြပါလို့နော် ❤️❤️❤️..” ဆိုၿပီး ၀တ်မှုံရွှေရည်က သူမရဲ့ Facebook မှာ ရေးထားပါတယ်။

Image:Fb/Ar-T
Image:Fb/Wutt Hmone Shwe Yi
Image:Fb/Wutt Hmone Shwe Yi
Image:Fb/Wutt Hmone Shwe Yi
Sponsored

Aunty May ပရိသတ်ကြီးလည်း လက်ရှိ ဖြစ်နေတဲ့ ရောဂါဆိုး အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ လူသွားလူလာများတဲ့ နေရာတွေကို အတတ်နိုင်ဆုံးရှောင်ရှားကြပါ။ လက်ကို မကြာခဏသေချာဆေးကြောသန့်ရှင်းပေးပါ။ အားရှိတဲ့ အစားအစာတွေကို စားပြီး အိပ်ရေးဝအောင်အိပ်ကြနော်..

READ
ဇာတ်လမ်းတွဲအသစ်အတွက် ပြင်ဆင်မှုတွေစတင်ပြုလုပ်နေတဲ့ Lee Dong Wookနဲ့Yoo In Na

Source: Facebook/Wutt Hmone Shwe Yi

sponsored