ဆက်တိုက် ပရိုပို့စ်လုပ်နေခဲ့တဲ့ ပရိတ်သတ်ကို သတိပေးစကား ပြောလိုက်တဲ့ PRISTIN Xiyeon

ig/@0_0.1114
Sponsored

ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ PRISTIN ရဲ့ အဖွဲ့ဝင်ဟောင်း Xiyeon က သူမကို ဆက်တိုင် ပရိုပို့စ်လိုက်လုပ်နေတဲ့ ပရိတ်သတ်တစ်ယောက်ကို ရပ်တန့်လိုက်ဖို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ October 15 ရက်နေ့က Xiyeon ဟာ သူမရဲ့ instagram account မှာ အမည်မသိတဲ့ ပရိတ်သတ်တစ်ယောက်ဆီက သူမရရှိခဲ့တဲ့ စာတွေကို screen shot ရိုက်ပြီး တင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

컨셉 맞아요 확실해요 대본 보는척하고 찍은 사진

A post shared by 박시연 (@0_0.1114) on

Sponsored

သူမတင်ထားတဲ့ screen shot တွေထဲမှာတော့ အဲဒီ့ပရိတ်သတ်က သူ့ကို လက်ထပ်ပေးဖို့ အကြောင်းတွေနဲ့ Xiyeon ကို သဘောကျနေတဲ့ အကြောင်းတွေ အများကြီးကို ရေးသားထားခဲ့တာပါ။ သူရေးထားတာတွေက “ ငါ့ကို ကျေးဇူးပြုပြီး လက်ထပ်ပါ” “ မင်းကိုချစ်တယ် ဘေဘီ” “ ငါ့ချစ်သူ Park Xiyeon လေး” “ ငါ့ဇနီး Park Xiyeon” စသဖြင့် များစွာ ရေးသားထားခဲ့တာပါ။

READ
အသည်းကွဲနေတာကို ကုစားဖို့အတွက်အကောင်းဆုံး နည်းလမ်း (၅) ခု

 

 

View this post on Instagram

 

A post shared by 박시연 (@0_0.1114) on

ဒီဓာတ်ပုံတွေနဲ့အတူ Xiyeon က ခုလိုမျိုး စာလေးကို တွဲပြီး ရေးသားထားပါတယ် “ ကျေးဇူးပြုပြီး ဒါကို ရပ်လိုက်ပါတော့” ဆိုပြီး ဒီအခြေအမြစ်မရှိတဲ့ စာသားတွေကြောင့် သူမ ဘယ်လောက်တောင် စိတ်ဖိစီးနေလဲဆိုတာကို မြင်တွေ့နိုင်ပါတယ်။

 

 

View this post on Instagram

 

A post shared by 박시연 (@0_0.1114) on

Xiyeon ကို စိတ်ပူနေကြတဲ့ ပရိတ်သတ်တစ်ချို့ကတော့ သူမရဲ့ ပို့စ်အောက်မှာ ခုလိုမျိုး ရေးသားထားကြပါတယ် “ ဒါက တော်လောက်ပြီ” “ ငါ ကြက်သီးတွေတောင် ထတယ် သူမကို တစ်ယောက်တည်း ထားပေးပါ” “ ဒါက အရမ်းကို ကြက်သီးထစရာ ကောင်းတယ်” စသဖြင့် များစွာသော ကော်မန့်တွေ ရေးသားထားကြပါတယ်။

 

 

View this post on Instagram

 

A post shared by 박시연 (@0_0.1114) on

PRISTIN အဖွဲ့ဟာ 2019 ခုနှစ် May လမှာ တရားဝင် ဖျက်သိမ်းလိုက်ပြီး Xiyeon ကတော့ သူမရဲ့ အနုပညာခရီးလမ်းကို သရုပ်ဆောင်အဖြစ် ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ သူမက မကြာသေးခင်ကပဲ အေဂျင်စီသစ် Sooyeongang Entertainment နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး tvN မှာ သူမပါဝင်ထားတဲ့ ‘Trip’ ဆိုတဲ့ ဇာတ်ကားကို ထုတ်လွှင့်ပြသလျက် ရှိပါတယ်နော်။

Khin

sponsored