သူနဲ့ ရုပ်ချင်းဆင်တဲ့ Lee Kwang Soo နဲ့ အပြင်မှာ လူချင်းတွေ့ဖူးချင်တယ်လို့ ဆိုလာတဲ့ YC

ig/@leekwangsoo_prince,@yuchingxx
Sponsored

တရုတ်အဆိုတော်အဖွဲ့ C.T.O ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ YC (Wen Yuching) ကို ကိုးရီးယားရဲ့ မင်းသားချော Lee Kwang Soo နဲ့ ရုပ်ချင်းဆင်တယ်ဆိုပြီး တလောက အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့တာပါ။ October 19 ရက်နေ့မှာတော့ YC က သူ့ရဲ့ instagram အကောင့်မှာ ပို့စ်တစ်ခု တင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

Sponsored

YC က သူ့ရဲ့ အကောင့်မှာ သူဓာတ်ပုံလေးနဲ့ အတူ စာတစ်ချို့ကို ရေးသားထားခဲ့ပါတယ်။ စာထဲမှာတော့ “နောက်ဆုံးတော့ ကျွန်တော် ကိုးရီးယားကို ရောက်လာခဲ့ပါပြီ ကျွန်တော်ရဲ့ ဆန္ဒကတော့ Asia Prince Lee Kwang Soo နဲ့ တွေ့ခွင့်ရချင်တာပါ စီနီယာ Lee Kwang Soo တွေ့ခွင့်ရပါစေ” ဆိုပြီး ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

 

YC က ဒီနှစ်ရဲ့ တရုတ်အဆိုပြိုင်ပွဲတစ်ခုမှာ ပါဝင်ခဲ့တာဖြစ်ပြီးတော့ သူ့ရဲ့ ရုပ်ရည်ဟာ Lee Kwang Soo နဲ့ ဆင်တယ်ဆိုပြီး တရုတ်မှာရော ကိုးရီးယားမှာပါ လူသိများလာခဲ့တာ ဖြစ်ပါတယ်။ Lee Kwang Soo ကလည်း သူနဲ့ ရုပ်ချင်းတကယ်ဆင်တယ်ဆိုပြီး လက်ခံခဲ့တာပဲ ဖြစ်ပါတယ်။

READ
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အောင်မြင်နေတဲ့အမျိုးသမီးတွေမှာ တွေ့ရတဲ့ စိတ်ထားများ

 

 

View this post on Instagram

 

久違的舞台 12/22台北見。

A post shared by C.T.O 翁宇慶 ᎩC (@yuchingxx) on

July 19 ရက်နေ့က ပြသခဲ့တဲ့ ‘Running Man’ episode မှာတော့ Lee Kwang Soo က “သူက ကျွန်တော်နဲ့ ရုပ်ချင်းဆင်တယ်ဆိုတာ လက်ခံပါတယ် သူက ကျွန်တော်နဲ့ အရမ်းကို တူနေတာပါ” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

 

 

View this post on Instagram

 

[⚠️ANSWER BELOW⚠️] LOOK A LIKE? Do you think so? We received so many DM from Chinese fans about this It’s going crazy in China’s media / SNS as they found out that one of member of Chinese idol group named CTO from survival show (We Are Young) looks like #LeeKwangSoo. His name is Weng Yu Ching or Yu Qing (stage name) What do you guys think? If you ask my opinion, we admit that there’s similarities especially only when they are in cool mode. But when they smile, it’s different. Yu Qing’s face is sharper/looks square, but overall KwangSoo still wins my heart tho And don’t worry, Yu Qing just looks like LKS when he was like this/in this pose. We tried to search about Yu Qing more and found out if it’s quite different. What about you? Please share your opinion below!

A post shared by 이광수 LEE KWANG SOO Friendbase (@leekwangsoo_prince) on

လက်ရှိမှာတော့ YC က ကိုးရီးယားကို variety show တစ်ခုအတွက် ခဏတာ ရောက်ရှိနေတာလို့ သိရပါတယ်။ သူတို့နှစ်ယောက် တကယ်ရော အပြင်မှာ ဆုံဖြစ်ကြမလားဆိုတာကတော့ စိတ်ဝင်စားစရာ ပါပဲနော်။

READ
သင်သဘောမကျတဲ့သူတွေကိုသဘောထားကြီးစွာဘယ်လိုလက်ခံပေးမလဲ

Khin

 

sponsored