သူ့ရဲ့ လက်တွဲဖော်မိန်းကလေးနဲ့ တွေ့ချင်တဲ့ပုံစံကို ပြောပြခဲ့တဲ့ မင်းသားချော Yeo Jin Goo

ig/@ yeo.jin_goo
Sponsored

မင်းသားချောလေး Yeo Jin Goo က သူ့ရဲ့ ကောင်မလေးဖြစ်လာမယ့် သူနဲ့ ဘယ်လိုပုံစံမျိုး ဆုံချင်လဲဆိုတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ SBS television show တစ်ခုဖြစ်တဲ့ ‘Han Bam’ ဆိုတဲ့ အစီအစဉ်မှာ Yeo Jin Goo ကို ဖိတ်ကြားခဲ့တဲ့အကြောင်းကို sbs news က ခုလိုဖော်ပြထားပါတယ်။

https://www.instagram.com/p/BxT33XNB2Tn/?utm_source=ig_embed&utm_campaign=loading

Sponsored

အင်တာဗျူးမှာ Yeo Jin Goo ကိုယ်တိုင်လုပ်တဲ့ pasta နဲ့ပတ်သက်ပြီး တကယ်လို့ အထင်ကြီးမိတယ်ဆိုတဲ့အကြောင်းကို အင်တာဗျူးသူက ပြောခဲ့တာပဲ ဖြစ်ပါတယ်။ အင်တာဗျူးသူက တကယ်လို့ ချစ်သူကောင်မလေးအတွက်ရော ဒီလိုချက်ပြုတ်ပေးမှာလားလို့ မေးတဲ့အခါမှာတော့ သူက ရယ်ပြီးတော့ ခုလိုပြန်ဖြေကြားခဲ့ပါတယ်နော် “ မဖြစ်နိုင်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာ ကောင်မလေးမရှိလို့ပါပဲ ဒါပေမယ့် ကျွန်တော် အကိုနဲ့ အမေကတော့ ကျွန်တော်ချက်တာကို အရမ်းကြိုက်ကြပါတယ်” ဆိုပြီး ဖြေကြားခဲ့ပါတယ်။

View this post on Instagram

#品Prestige #9oo그램

A post shared by 여진구 Yeo Jin Goo (@yeojin9oo) on

ဆက်လက်ပြီး အင်တာဗျူးသူက သူ့ရဲ့ အချစ်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး အခုအချိန်မှာ ချစ်သူကောင်မလေးတစ်ယောက်နဲ့ တွေ့ဖို့ရော ဆန္ဒရှိပြီလား လို့မေးတဲ့အခါမှာတော့ Yeo Jin Goo က “ အခုချိန်မှာတော့ ကျွန်တော်ဘယ်သူနဲ့မှ ဒိတ်မလုပ်ချင်သေးပါဘူး” ဒါဆိုရင် အနာဂတ်ချစ်သူကောင်မလေးနဲ့ ဘယ်လိုမျိုး ဆုံချင်လဲ သဘာဝကျကျ တွေ့ဆုံခြင်းလား ဒါမှမဟုတ် blind date လိုမျိုးလားလို့ ထပ်မေးတဲ့အခါမှာတော့ မင်းသားချော Yeo Jin Goo က “ ကျွန်တော် သူမနဲ့ သဘဝဆန်ဆန်လေးပဲ ဆုံတွေ့ချင်ပါတယ်” ဆိုပြီး ဖြေကြားပေးခဲ့ပါတယ်နော်။

Khin

sponsored