တင်ပါးအချိုးအစား ပြေပြစ်လာစေမယ့် ယောဂလေ့ကျင့်ခန်း (၄) မျိုး

shutterstock/ fizkes
Sponsored

ယောဂလေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်နဲ့ စိတ်ကိုကျန်းမာစေရုံမက ခန္ဓာကိုယ်အချိုးအစားကိုလည်း လှပပြေပြစ်စေပါတယ်။ ယောဂပုံမှန်လုပ်ပေးခြင်းက အဆီပိုမရှိပဲ ကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို ရရှိစေတဲ့အပြင် ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ်ရဲ့ ကောက်ကြောင်းကို ပေါ်လွင်စေါတယ်နော်။ ဒီတစ်ခါတော့ တင်ပါးလေးထွက်လာပြီး အချိုးအစားပြေပြစ်လာစေမယ့် ယောဂလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Yogi squats

shutterstock/ fizkes

မတ်တပ်အနေအထားအတိုင်း ခြေထောက်တွေကို ပခုံးနဲ့တွေထက် ပိုကျယ်ကျယ် ကားပေးထားလိုက်ပါ။ ပြီးရင်တော့ ဒူးတွေကို ကွေးလိုက်ပြီး လုံးဝကိုထိုင်ချလိုက်ရမှာ ဖြစ်ပါတယ်။ ဒီလိုထိုင်ချလိုက်တဲ့အချိန်မှာ ကျောကိုမတ်မတ်ထားပေးရမှာပါ။ လက်နှစ်ဖက်ကိုတော့ ဆုတောင်းနေတဲ့ပုံစံမျိုး ရှေ့မှာစုထားပေးလိုက်ပါ။ ပြီးရင်တော့ ပြန်ထပြီး နဂိုပုံစံဖြစ်အောင် လုပ်ရမှာ ဖြစ်ပါတယ်။

Chair pose

shutterstock/ fizkes
Sponsored

ခြေထောက်တွေကို ပူးကပ်ထားပြီး မတ်တပ်ရပ်အနေအထားအတိုင်း နေပေးရမှာပါ။ ပြီးရင်တော့ လက်နှစ်ဖက်ကို အနည်းငယ်စောင်းပြီး ဆန့်တန်းလိုက်ကာ ဦးခေါင်းကိုလည်း အပေါ်ကိုမော့ရင်း လက်နဲ့ ဦးခေါင်းနဲ့ တစ်ပြေးညီတည်း ဖြစ်နေရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ခုံတစ်လုံးမှာ ထိုင်သလိုမျိုး ထိုင်ချလိုက်ပါ။ ဒီလိုအနေအထားအတိုင်း ကိုယ်နေနိုင်သလောက် နေပေးရမှာ ဖြစ်ပါတယ်။

READ
ဒီတစ်ပတ်ထဲမှာပဲ စံချိန်အသစ်ထပ်ချိုးသွားခဲ့တဲ့ BLACKPINK ရဲ့အောင်မြင်မှုနှစ်ခု

Goddess pose

shutterstock/ fizkes

ခြေထောက်တွေကို ကားနိုင်သလောက်ကားပြီး ခြေချောင်းတွေကိုတော့ အပြင်ဘက်ကို မျက်နှာမူအနေအထားအတိုင်း ထားရမှာဖြစ်ပါတယ်။ တင်ပါးကိုဖြည်းဖြည်းချင်း နိမ့်ချလိုက်ပါ ဒီလိုအနေအထားအတိုင်း ခဏလောက် နေပေးရမှာ ဖြစ်ပါတယ်။

One-legged bridge

shutterstock/ Rocketclips, Inc.

ကြမ်းပြင်းမှာ ပက်လက်အနေအထား လှဲအိပ်လိုက်ပြီး ဒူးတွေကို ကွေးထားလိုက်ပါ။ လက်တွေကို ကြမ်းပြင်ပေါ်မှာ ဒီအတိုင်း ချထားလို့လည်းရသလို လက်နှစ်ဖက် ဆုပ်ကိုင်တဲ့ ပုံစံမျိုးလည်း လုပ်ထားလို့ရပါတယ်။ ပြီးရင်တော့ ခြေထောက်တစ်ဖက်ကို ဖြည်းဖြည်းချင်း မြှင့်လာပြီး ကိုယ်မြှင့်နိုင်သလောက် မြှင့်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး အကြိမ်ကြိမ်လုပ်ပေးရမှာ ဖြစ်ပြီးတော့ နောက်တစ်ဖက်ကိုလည်း အဲဒီ့အတိုင်း လုပ်ပေးရမှာပဲ ဖြစ်ပါတယ်နော်။

Khin

sponsored