ဓမ္မတာဖြစ်ပွားချိန်မှာ ခံစားရတဲ့ နာကျင်မှုတွေကို သက်သာစေမယ့် ယောဂ လေ့ကျင့်ခန်းများ

shutterstock By Marcos Mesa Sam Wordley
Sponsored

ယောဂလေ့ကျင့်ခန်းတွေက သင့်ကိုစိတ်တည်ငြိမ်စေပြီး ကြွက်သားတွေကိုသန်မာလာစေကာ ကြွက်တက်ခြင်းတွေ ၊ ခန္ဓာကိုယ်လေးပင်တာတွေကိုလျော့ချပေးပါတယ်။ လေ့လာချက်တွေအရ အောက်ပါ ယောဂ လေ့ကျင့်ခန်း (၆)မျိုးကတော့ ကြွက်သားနာကျင်မှုတွေ လျော့စေခြင်း ၊ ၀မ်းဗိုက်ကြွက်သားတွေ ပြေလျော့စေခြင်းအပြင် ဓမ္မတာဖြစ်ပေါ်ချိန်မှာ ခံစားရမယ့် နာကျင်မှုဝေသနာတွေကိုသက်သာ စေပါတယ် ။ ဓမ္မတာဖြစ်ပွားချိန်မှာ နာကျင်မှုလျော့ကျစေလို့ မိန်းကလေးတိုင်း ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းလေးတွေကတော့ …

(၁) မိကျောင်း ပုံစံ

shutterstock By fizkes

ပြုလုပ်ပုံကတော့ – အခင်းလေးတစ်ခုခင်းပြီး မှောက်လျက် လှဲချလိုက်ပါ။ ပြီးရင်တော့ သင့်ရဲ့ လက်ကိုထောက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို မတ်မတ်ထားလိုက်ပါ။ ဒီပုံစံအတိုင်း တစ်ခါလုပ်ရင် ၁၅ စက္ကန့်ကနေ ၃၀ စက္ကန့်လောက်ထိအသက်အောင့်ကာ နေပေးရပါမယ်။ ဒါကတော့ ဆီးလမ်းကြောင်းနဲ့ သားဥအိမ်ကိုကျန်းမာစေလို့ ဓမ္မတာချိန်မှာလည်း နာကျင်မှုလျော့ကျစေမှာပါ။

READ
ဇာတ်ကားသစ်အတွက် ဆွေးနွေးမှုတွေလုပ်နေတဲ့ Song Hye Kyo နဲ့ Park Bo Gum

(၂) ငါး ပုံစံ

shutterstock By brizmaker
Sponsored

ပြုလုပ်ပုံကတော့ – ပက်လက်အနေအထားလှဲချပြီး သင့်ရဲ့တံတောင်ကိုထောက်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို မတင်လိုက်ပါ။ ပြီးရင်တော့ ရင်အုပ်ကိုဖွင့်ပြီး ခေါင်းကို ကြမ်းပြင်နဲ့နီးနိုင်သမျှနီးအောင်မော့ထားပါ။ ခြေထောက်တွေကိုလည်းစုထားရပါမယ် ။ ဒီပုံစံအတိုင်း ၁၀ စက္ကန့်ကနေ ၁၅ စက္ကန့်လောက်အထိ အသက်အောင့်ကာပြုလုပ်ရပါမယ်။

(၃) လေးမြှား ပုံစံ

shutterstock By brizmaker

ပြုလုပ်ပုံကတော့ – မှောက်လျက် လှဲချပြီး ခြေထောက်ကိုမြှောက်လိုက်ပါ ပြီးရင်တော့ အသက်ရှူသွင်းရင်း ခြေကျင်းဝတ်ကိုလက်ကကိုင်ပြီး ရှေ့ကိုဆွဲပေးပါ။ ရင်အုပ်ကိုလည်းဖွင့် ခေါင်းကိုလည်းမော့ထားပေးပါ။ ဒီပုံစံအတိုင်း စက္ကန့် ၂၀ ကနေ စက္ကန့် ၃၀ လောက်အထိ အသက်အောင့်ကာပြုလုပ်ရပါမယ်။

(၄) ၀မ်းဗိုက် ဒူးကွေး ပုံစံ

shutterstock By fizkes

ပြုလုပ်ပုံကတော့ – ပက်လက်အနေအထားလှဲချပြီး ဒူးကို ရင်ဘတ်နဲ့ထိအောင် ကွေးရမှာပါ။ ကျောနဲ့ ကြမ်းပြင်နဲ့ကတော့ လုံးဝထိနေရပါနမယ် ။  ဒီပုံစံအတိုင်း တစ်မိနစ်ခန့် အသက်အောင့်ကာပြုလုပ်ရပါမယ်။

READ
(၂၀၂၀)မှာ လမ်းခွဲ ခဲ့ကြတဲ့ ထိုင်းဆယ်လီ စုံတွဲ (၅)တွဲ

(၅) ကလေးငယ် ပုံစံ

shutterstock By Dmitry Rukhlenko

ပြုလုပ်ပုံကတော့ –  ဒူးထောက်ထိုင်ချပြီး သင့်ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ရှေ့သို့ဖြည်းဖြည်းချင်းကွေးညွတ်ပါ။ နဖူးနဲ့ကြမ်းပြင်ထိပြီး လက်တွေကို ကြမ်းပြင်မှာကျသည်အထိ ကွေးညွတ်ထားရပါမယ် ။ ဒီပုံစံအတိုင်း တစ်မိနစ်ခန့် အသက်အောင့်ကာပြုလုပ်ရပါမယ်။

(၆) Plank ထောက်ခြင်း

shutterstock By brizmaker

ပြုလုပ်ပုံကတော့ – မှောက်လျက်အနေအထားကနေ သင့်ရဲ့ တံတောင်နဲ့ ခြေဖျားကိုထောက်ပြီး ခန္ဓာကိုယ်ကိုမတ်ပေးပါ။ ကျောကို တစ်တန်းတည်းထားပြီး ၀မ်းဗိုက်ကိုအားပြုကာ ပြုလုပ်ရပါမယ်။ ဒီပုံစံအတိုင်း ၁၀ စက္ကန့်ခန့် အသက်အောင့်ကာပြုလုပ်ရပါမယ်။

Rain

sponsored