‘Snowdrop’ ဒရာမာဇာတ်ကားသစ်မှာ ပါဝင်လာနိုင်တဲ့ မင်းသမီးချော Yoo In Na

ig/@yooinna065,@sooyaaa__
Sponsored

မင်းသမီးချော Yoo In Na ဟာ BLACKPINK အဖွဲ့ဝင် Jisoo ပါဝင်မယ့် ဒရာမာဇာတ်ကားသစ်မှာ ပါဝင်လာနိုင်ခြေရှိတယ်ဆိုတဲ့အကြောင်းကို sbs က ခုလို ဖော်ပြထားပါတယ်။

 

Sponsored

Sports DongA ကနေပြီးတော့ Yoo In Na ဟာ JTBC drama ‘Snowdrop’ ဇာတ်ကားသစ်မှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သွားဖို့ကို ကမ်းလှမ်းခံထားရတဲ့အကြောင်း ကြေညာထားခဲ့ပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး သူမရဲ့ အေဂျင်စီ YG Entertainment ကနေပြီး “ Snowdrop ဇာတ်ကားသစ်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတယ်ဆိုတာ ဟုတ်ပါတယ် ဒါပေမယ့်  ခုအထိတော့ အတည်မပြုရသေးပါဘူး” ဆိုပြီး ပြောကြားထားပါတယ်။

READ
သြဂုတ်လထဲမှာ စစ်မှုထမ်းသွားတော့မယ့် Park Bogum

 

ပြီးခဲ့တဲ့ နှစ်ဝက်ကတည်းက ‘Snowdrop’ မှာပါဝင်မယ့် သရုပ်ဆောင်တွေကို ကြေညာကတည်းက ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိထားခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီဇာတ်ကားသစ်မှာ BLACKPINK’s Jisoo, မင်းသမီး Kim Hye Yoon, Jung Yoo Jin နဲ့ မင်းသား Jang Seung Jo တို့က ပါဝင်ဖို့ အတည်ပြုထားပြီ ဖြစ်ပါတယ်။

READ
Kim Hyeyoon ရဲ့ HQ မဂ္ဂဇင်း ဓါတ် ပုံများ

 

‘Snowdrop’ ဇာတ်ကားဟာ မြောက်ကိုးရီးယားရဲ့ အကျဉ်းစခန်းကနေ လွတ်မြောက်လာခဲ့တဲ့ လူတစ်ယောက်ရဲ့ မှတ်စုကို အခြေခံပြီး ရိုက်ကူးမယ့် ဇာတ်ကားလို့လည်း သိရပါတယ်။ ဒီအဓိက ဇာတ်ကောင်နေရာကို မင်းသား Jung Hae က ပါဝင်သရုပ်ဆောင်မယ်လို့လည်း ဆုံးဖြတ်နေကြဆဲပါ။

Khin

sponsored