ဆံပင်တွေကို သန်မာစေပြီး ဦးရေပြားကို အားဖြည့်ပေးမယ့် DIY hair mask လုပ်နည်း

shutterstock /New Africa
Sponsored

ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဖြစ်တဲ့အတွက် အသားအရေကိုတင်မက ဆံပင်လေးတွေပါ လှပနေဖို့ လိုအပ်ပါတယ်။ ဒီတော့ မွဲခြောက်နေတဲ့ ဆံပင်သားတွေ၊ ဗောက်တွေနဲ့ ဆံပင်ပျက်စီးခြင်းတွေကို ကာကွယ်ပြီး ဆံပင်ကို သန်မာလာစေမယ့် hair mask လုပ်နည်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ရှားစောင်းလက်ပတ်

shutterstock/Pixel-Shot

အားလုံးသိပြီးသားအတိုင်း ရှားစောင်းလက်ပတ်က အလှအပရေးရာအတွက် ခေါင်းအစခြေအဆုံး အသုံးဝင်လွန်းပါတယ်။ ရှားစောင်းလက်ပတ် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောနှောပြီး သေချာလေး ဦးရေပြားအထိ နှံအောင် အနည်းငယ် နှိပ်နှယ်ပြီး လိမ်းပေးရမှာ ဖြစ်ပါတယ်။ နာရီဝက်လောက်ထားပြီးရင်တော့ ရေနဲဆေးချလို့ ရပါပြီ။ ဒါက ဗောက်ထခြင်းနဲ့ ယားယံခြင်းတွေကို သက်သာစေပြီး ဆံပင်အုံကို ထူလာစေမှာပါ။

ကော်ဖီ

shutterstock/ nelen
Sponsored

ကော်ဖီအကြမ်းမှုန့်ကို သံလွင်ဆီနဲ့ ရောနှောပြီး ဆံပင်မှာ လိမ်းပေးခြင်းက ဆံပင်အရှည် မြန်စေပြီး ဗောက်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ဆံပင်မှာ လိမ်းပြီး ခဏလောက် ထားပြီးရင်တော့ ပုံမှန်ခေါင်းလျှော်နေကျအတိုင်း ခေါင်းလျှော်ပေးရမှာပဲ ဖြစ်ပါတယ်။

READ
နောက်ကျတတ်တဲ့သူတွေက ဘ၀မှာပိုအောင်မြင်နိုင်ကြောင်းလေ့လာတွေ့ရှိ

အုန်းဆီ

shutterstock/ New Africa

ဟိုးအရင်ကတည်းက သုံးစွဲလာခဲ့ကြတဲ့ အုန်းဆီက ဆံပင်တွေကို ကျန်းမာသန်စွမ်းစေပါတယ်။ အုန်းဆီ နဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီကို ရောနှောပြီး ဆံပင်မှာ လိမ်းပေးရမှာပါ။ တကယ်လို့ အသားအရေ sensitive ဖြစ်တတ်တဲ့ သူတွေအတွက် မုန့်ဖုတ်ဆိုဒါကို မထည့်ပဲ အုန်းဆီသီးသန့် လိမ်းပေးပါ။ ဆံပင်တွေကိုသန်မာစေပြီး ဗောက်တွေကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

သစ်ကြံပိုးခေါက်

shutterstock/ Anna Ok

သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံကို မုန့်ဖုတ်ဆိုဒါနဲ့ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီရောနှောပြီး ဆံပင်ကို လိမ်းပေးလိုက်ပါ။ ဒါက ဦးရေပြားနဲ့ ဆံပင်တွေကို အဆိပ်အတောက် ဖယ်ရှားပေးပြီး ကောင်းမွန်တဲ့ ရလဒ်ကို ခံစားရစေမှာ ဖြစ်ပါတယ်။

Khin

sponsored