ကိုယ်နဲ့ ခံယူချက် အပြုအမူတွေ မတူတိုင်း လိုက်ဝေဖန် ပြောဆိုမနေသင့်သည့် အချက်များ

shutterstock/ GaudiLab
Sponsored

လူတွေဟာ ကိုယ်နဲ့ မတူတဲ့သူဆို မှားယွင်းနေတဲ့သူလို့ မြင်တတ်ကြပါတယ်။ တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက်က ခံယူချက်ချင်း၊ အတွေးအခေါ်ချင်း တူညီမနေပါဘူး။ ဒီတော့ ကိုယ်နဲ့မတူတိုင်း၊ အများနဲ့မတူတိုင်း လိုက်ဝေဖန်ပြောဆိုတာမျိုး မလုပ်သင့်ပါဘူး။

ကိုယ့်ခံယူချက်နဲ့ ကိုယ်

shutterstock/ MAD.vertise

လူတိုင်းမှာ ကိုယ်ခံယူချက်နဲ့ ကိုယ်ရှိတတ်ကြတာပါပဲ။ ဒီတော့ ကိုယ်လုပ်သလို မလုပ်တိုင်း၊ ကိုယ်နဲ့ ဆန့်ကျင်နေတိုင်း အဲဒီ့လူကို မှားယွင်းနေတယ်လို့ သတ်မှတ်ပြောဆိုလို့ မရပါဘူး။ တစ်ခါတစ်လေမှာ ကိုယ်တိုင်ရဲ့ ခံယူချက်တွေတောင် ပြောင်းလဲတတ်သေးတာပဲ။ ဒါကို ကိုယ်နဲ့မတူလို့ဆိုပြီး သူများကို အမြင်မကြည်တာမျိုး၊ အပြစ်တင်တာမျိုး မလုပ်သင့်ပါဘူးနော်။

အမြင်မတူတိုင်း မဝေဖန်သင့်ဘူး

shutterstock/ MAD.vertise
Sponsored

ကိစ္စတစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက် ကြည့်တဲ့ ရှုထောင့်က တူချင်မှ တူနိုင်ပါလိမ့်မယ်။ ဒီတော့ ဒီလိုအခြေအနေမျိုးမှာ ငါတွေးသလို မတွေးဘူးဆိုပြီး တစ်ဖက်လူရဲ့ အမြင်ကို လိုက်မဝေဖန်သင့်ပါဘူး။ လူတိုင်းမှာ ကိုယ်ယုံကြည်ရာ၊ ကိုယ်မြင်တတ်တဲ့ အမြင်တွေက ကြည့်ပိုင်ခွင့်တွေ အပြည့်အဝရှိကြပါတယ်။

READ
ခြေထောက်တွေဖောရောင်ခြင်းနောက်ကွယ်က သတိထားစရာ ကျန်းမာရေးပြဿနာများ

ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို့ မသတ်မှတ်ပါနဲ့

shutterstock/ Estrada Anton

ခုခေတ်မှာ အွန်လိုင်းဆိုတဲ့ နေရာကြီးမှာ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခတ်ပုတ်ခတ်မှုတွေ အများကြီးရှိနေကြပါတယ်။ အထူးသဖြင့် ငါနဲ့မတူ ငါရန်သူဆိုပြီး တိုက်ခိုက်နေတတ်ကြတာပါ။ တကယ်တော့ ဒါဟာ အရမ်းကို ပညာမဲ့လွန်းတဲ့ အလုပ်တစ်ခုပါ။ ဘာမှ အကျိုးမရှိတဲ့အပြင် ကိုယ့်ရဲ့ သိက္ခာကိုတောင် ကျဆင်းစေတတ်ပါတယ်။ တစ်ခါတစ်လေမှာ လူတွေဟာ ကိုယ်နဲ့မတူတဲ့ သူတွေဆီက အကြံအဥာဏ်တွေနဲ့ ကောင်းမွန်တဲ့ အတုယူသင့်တာတွေလည်း ယူတတ်ဖို့ လိုပါတယ်။

နှစ်ဖက်မြင်အောင် ကြည့်ပါ

shutterstock/ GaudiLab

ဘယ်လိုကိစ္စမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်လိုပြသနာမျိုးပဲ ဖြစ်ဖြစ် လူတွေဟာ နှစ်ဖက်မြင်အောင် ကြည့်တတ်ဖို့ လိုပါတယ်။ ဒါမှ အမှားအမှန်ဆိုတာကို သေချာမြင်လာတတ်မှာပါ။ နားနှစ်ဖက်၊ မျက်လုံးနှစ်လုံး ပါတာတွေက နှစ်ဖက်မြင်အောင် ကြည့်တတ်ဖို့အတွက်လို့ ဆိုတတ်ကြသလိုပေါ့။ ကိုယ်နဲ့မတူဘူးဆိုတိုင်းလည်း အဲဒီ့လူက မှားယွင်းနေတာ မဟုတ်ပါဘူး။ လူတိုင်းမှာ လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့်တွေ ရှိကြပါတယ်နော်။

READ
စိတ်ပင်ပန်းမှုကို ပြေပျောက်စေပြီး ဖိစီးမှုတွေထပ်မဖြစ်အောင် တားပေးနိုင်တဲ့ ဝါသနာ (၆)မျိုး

Khin

sponsored