Serum အသုံးပြုခြင်းက အသားအရေအတွက် ဘယ်လို ကောင်းကျိုးတွေ ဖြစ်နိုင်လဲ ..

shutterstock/ Dean Drobot
Sponsored

ဒီကနေ့ခေတ်မှာ အသားအရေလှပမှုကို အရမ်း ဦးစားပေးလာကြပြီး အသားအရေ ထိန်းသိမ်းတဲ့ skin care product တွေလည်း များစွာ ရှိလာပါတယ်။ အသားအရေလေး စိုပြေလှပနေဖို့ ကြည်ကြည်လင်လင် ဖြစ်နေဖို့က အဓိက ဖြစ်ပြီးတော့ ဒီတစ်ခေါက်ပြောပြမယ့်အရာက serum အသုံးပြုခြင်းက အသားအရေကို ဘယ်လိုကောင်းကျိုးတွေ ဖြစ်နိုင်လဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။

အစိုဓာတ်ကို ဖြည့်ပေးတယ်

shutterstock/ ECOSY

Serum က အဓိက အစိုဓာတ်အတွက် ထုတ်လုပ်ထားတာဖြစ်ပြီး သူက ပါးလွှားတဲ့အတွက်ကြောင့် အသားအရေက အလွယ်တကူ စုပ်ယူနိုင်ပါတယ်။ ဒါကြောင့် serum ကို အသုံးပြုခြင်းက အသားအရေရဲ့ အစိုဓာတ်ကို ထိန်းပေးတဲ့အတွက် အသားအရေလေးကို စိုစိုပြေပြေနဲ့ လှပနေစေမှာပါ။

အသားအရေထဲကို အလွယ်တကူ စိမ့်ဝင်နိုင်တယ်

shutterstock/ ECOSY
Sponsored

စောစောက ပြောခဲ့သလိုပဲ serum ဟာ ပါးလွှာတဲ့ အသွင်ရှိတဲ့အတွက် အသားအရေထဲကို အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ အသားအရေဆိုတာကလည်း အသက်ရှုဖို့လိုအပ်ပြီး serum အသုံးပြုခြင်းက အသားအရေကို နုပျိုပြီး ခံစားရတာ တကယ့်ကို ထူးခြားစေပါတယ်။

READ
သစ်ပင်ပန်းမန်တွေကို ချစ်မြတ်နိုးသူတွေမှာ ရှိတတ်တဲ့ စိတ်ထားနဲ့ အပြုအမူများ

အိုမင်းရင့်ရော်မှုကို တားဆီးပေးတယ်

shuttertock/MIRRORstudio

အထူးသဖြင့် serum က အသက်အရွယ် ကြီးတဲ့သူတွေ သုံးကိုသုံးသင့်တဲ့ အရာတစ်ခုပါ။ သူက အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်တင်နုပျိုမှုကို ဖြစ်ပေါ်စေပါတယ်။

အသားအရေအတွက် အထောက်အကူပြုတယ်

shutterstock/ RomarioIen

Serum မှာ အသားအရေအတွက် များစွာသော ကောင်းကျိုးတွေ ရှိလို့နေပါတယ်။ အသားအရေကို ဝက်ခြံတွေ မဖြစ်အောင် ကာကွယ်ပေးသလို၊ ပတ်ဝန်းကျင်ရဲ့ ဖုန်တွေ၊ အညစ်ကြေးတွေ၊ နေရောင်ခြည်ဒဏ်တွေကနေလည်း ကာကွယ်ပေးပါတယ်။ နောက်ပြီး အသားအရေ ခြောက်သွေ့ယားယံခြင်းတွေ မဖြစ်ပဲ အသားအရေကို အစိုဓာတ် ထိန်းထားပေးပြီး မျက်နှာလေးကို ပိုဖြူဝင်းကြည်လင်လာစေပါတယ်နော်။ ဒါကြောင့်မို့လို့ serum က အသားအရေအတွက် မရှိမဖြစ် သုံးပေးသင့်တဲ့ အရာတစ်ခုပါ။

Khin

sponsored