သေချာပေါက် ၀ိတ်တတ်လာစေဖို့ မဖြစ်မနေ စားပေးသင့်တဲ့ အစားအစာ (၅)မျိုး

Sponsored

တချို့က ၀ိတ်ချဖို့ အသဲအသန် ကြိုးစားနေချိန်မှာ တချို့ကတော့ ၀ိတ်တတ်ဖို့အတွက် အသဲအသန် စားယူနေရပါတယ်။ အစားပြေမုန့်လောက်နဲ့တော့ ၀ိတ်မတတ်လာပါဘူး။ ဒီအစားစာတွေကတော့ ၀ိတ်တတ်ချင်သူတွေ မဖြစ်မနေ စားပေးသင့်တဲ့ အစားအစာတွေပဲဖြစ်ပါတယ်။

(၁) နွားနို့ 
brightside

နွားနို့မှာ ပရိုတင်းနဲ့ အဆီတို့ပါတဲ့အပြင် ကယ်ဆီယမ် နဲ့ တခြား ဗီတာမင်တို့ ပါဝင်ပါတယ်။ နွားနို့သောက်ပေးတာ ကြွက်သားတတ်စေဖို့အတွက် ပိုကောင်းပါတယ်။ Gym မဆော့တဲ့နေ့တွေမှာဆိုရင် တစ်နေ့ကို နွားနို့ (၂)ခွက်လောက် သောက်ပေးပါ။

(၂) အသား
brightside
Sponsored

ကြွက်သားတတ်ဖို့ နဲ့ ၀ိတ်တတ်ဖို့ဆိုရင် အသားက အဓိကပါ။ အသားကိုမှ နီရဲနေတဲ့ အသားကို စားပေးရမှာပါ။ အသားမှာ ကြွက်သားတတ်စေဖို့ ပရိုတင်းတွေပါပြီး ၀ိတ်တတ်စေဖို့အတွက်လည်း ပရိုတင်းနဲ့ အဆီတို့ပါဝင်ပါတယ်။

READ
ဆက်မချစ်သင့်တဲ့သူကို ထပ်မဆက်သွယ်မိတော့အာင် တားဆီးပေးနိုင်မယ့် နည်းလမ်းကောင်းများ
(၃) တို့ဖူး
brightside

ပဲနို့ကနေ ရလာတဲ့ တို့ဖူးကို တချို့က သက်သက်လွတ် အနေနဲ့ အသားအစားထိုးစားကြပါတယ်။ တို့ဖူးမှာ ပရိုတင်း နဲ့ ကယ်ဆီယမ်ဓာတ်တို့ပါတယ်။

(၄) ချောကလက်
brightside

ချောကလက် အမည်းရောင်ကတော့ အချိုအရသာမဟုတ်ဘဲ ခါးသက်သက်အရသာဖြစ်ပြီး Cocoa (၇၀%)လောက်ပါဝင်ပါတာကြောင့်လည်း ကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။ ၀ိတ်တတ်ချင်သူတွေအတွက် ချောကလတ် အမည်းရောင်မှာ ကယ်လိုရီကြွယ်ဝစွာ ပါတာကြောင့် စားပေးသင့်ပါတယ်။

(၅) Nut Butter
brightside

ဝိတ် တတ်ချင်သူတွေအတွက် Nut Butter က အသင့်တော်ဆုံးပါ။ မြေပဲမှာ ကယ်လိုရီ ၊ ပရိုတင်းနဲ့ ကျန်းမာစေတဲ့ အဆီတွေပါဝင်ပါတယ်။ ပေါင်မုန့်နဲ့ စားပေးတာပဲဖြစ်ဖြစ် ၊ အသုပ်ထဲ ထည့်စားပေးတာပဲဖြစ်ဖြစ်စားပေးပါ။

 

READ
ဒီအချက်တွေ သေချာမသိဘဲ Online Shop တွေကနေ မဝယ်သင့်တဲ့ အကြောင်းအရင်း

Hannwe Soe

sponsored