သင့် ex ရဲ့ ရည်းစားသစ်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ မလုပ်သင့်တဲ့ အချက်(၄)ချက်

shutterstock/  atiger
Sponsored

ကိုယ်နဲ့ တစ်ခန်းရပ်သွားပြီဖြစ်တဲ့ ex က ရည်းစားသစ် ရသွားပြီဆိုတဲ့ သတင်းကို ကြားခဲ့ရင် ဘယ်လိုခံစားရလဲ။ စိတ်ထဲမှာတော့ နည်းနည်းလေးတော့ မတင်မကျ ဖြစ်သွားတတ်မှာပေါ့။ ဒါပေမယ့် ကိုယ်နဲ့ သူက ဘာမှမသက်ဆိုင်တော့ဘူးဆိုတာကိုတော့ သတိရပါ။ နောက်ပြီး ex ရဲ့ ရည်းစားသစ်နဲ့ ပတ်သက်ပြီး ဒီအချက်တွေကို ဘယ်တော့မှ မလုပ်သင့်ပါဘူး။

Social media ပေါ်မှာ လိုက်ကြည့်တာမျိုး မလုပ်ပါနဲ့

shutterstock/GaudiLab

ကိုယ့် ex ကို စိတ်မပြတ်သေးတာလည်း ဖြစ်နိုင်သလို၊ စိတ်ကုန်သွားတာလည်း ဖြစ်နိုင်ပေမယ့် သူ့ရဲ့ ရည်းစားသစ်က ဘယ်လိုပုံစံလဲ၊ ဘယ်သူလဲ စသဖြင့် စိတ်ဝင်စားမိတာမျိုးလည်း ဖြစ်သွားတတ်ပါတယ်။ ဒီလိုအချိန်မှာ အလွယ်တကူပဲ သူ့ရဲ့ social media ပေါ်က အကြောင်းအရာတွေကို လိုက်ကြည့်တာမျိုးတွေ လုပ်တတ်ပါတယ်။ သူက ကိုယ့်ထက် ပိုသာတဲ့သူတစ်ယောက်ပဲ ဖြစ်ဖြစ်၊ ကိုယ့်လောက် မချောတဲ့ သူတစ်ယောာက်ပဲ ဖြစ်နေပါစေ ဒါမျိုး မလုပ်သင့်ပါဘူး။ ဒါက ကိုယ့်ကိုယ်ကို ပိုစိတ်ထိခိုက်အောင် လုပ်နေသလိုဖြစ်နေလို့ပါနော်။

READ
ဘယ်သူကမှ ပြုပြင်ပေးဖို့ မဖြစ်နိုင်တဲ့ လူတစ်ယောက်ရဲ့ အကျင့်ဗီဇ (၈)မျိုး

သူမအကြောင်း လိုက်မေးတာမျိုးတွေ မလုပ်ပါနဲ့

shutterstock/ adriaticfoto
Sponsored

ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ၊ ကိုယ့်ရဲ့ မိတ်ဆွေတွေဆီမှာ ex ရည်းစားနဲ့ ပတ်သက်ပြီး လိုက်မေးတာမျိုးတွေ မလုပ်ပါနဲ့။ သူက ဘယ်လိုပုံစံ၊ ဘယ်လိုအဆင့်အတန်းပဲ ဖြစ်ဖြစ် ကိုယ်စိတ်ဝင်စားနေစရာကို မလိုပါဘူး။ အရင်က သူက ကိုယ့် ex နဲ့ ကြိုက်နေတယ်ဆိုရင်တောင် ဒါက သူတို့ ကိစ္စပါ ကိုယ်နဲ့ လုံးလုံးမှ မသက်ဆိုင်တော့ပါဘူး။ ဒီလို လိုက်မေးမြန်းနေတာမျိုးက ဘေးကလူတွေရဲ့ ကိုယ့်ကိုယ် တစ်မျိုးထင်မြင်သွားတတ်ပါတယ်။

သူမနဲ့ မနှိုင်းယှဉ်ပါနဲ့

shutterstock/ lenetstan

အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာအနေနဲ့ သူမနဲ့ နှိုင်းယှဉ်တာမျိုးတွေ ကိုယ့်ကိုယ်ကို မလုပ်ပါနဲ့။ အေးပေါ့ သူက ချောတာကို ငါက ရုပ်ဆိုးတော့ ထားခဲ့မှာပေါ့၊ သူက ငါ့ထက် အစစအရာရာ သာလွန်နေတာ စတဲ့ အတွေးတွေ၊ နှိုင်းယှဉ်မှုတွေ ဘယ်တော့မှ မလုပ်ပါနဲ့။ သူကသူ၊ ကိုယ်ကကိုယ် လူတိုင်းမှာ အားသာချက်၊ အားနည်းချက်ဆိုတာ ရှိစမြဲပါပဲ။ ကိုယ်မှာလည်း ကိုယ်ပိုင်အလှရှိသလို၊ သူ့မှာလည်း သူ့အလှနဲ့ သူရှိပါတယ် ဒါတွေက နှိုင်းယှဉ်လို့ မရတဲ့ အရာတွေပါ။ ဒီလို နှိုင်းယှဉ်လိုက်တာနဲ့ စိတ်ဓာတ်ကျခြင်းက သင့်ဆီပြေးဝင်လာပါလိမ့်မယ်။

READ
မိန်းကလေးတွေပဲ သိတဲ့ မိန်းကလေးဖြစ်ခြင်းရဲ့ ရင်တွင်းဖြစ် ခံစားချက်များ

ကိုယ့်ကိုယ်ကို အပြစ်တင်တာတွေ ရပ်လိုက်ပါ

shutterstock/ESB Professional

ကိုယ်က ex ကို စိတ်မပြတ်နိုင်သေးတဲ့ အချိန်မှာ ဒါက တကယ့်ကို ဆိုးဝါးတဲ့အရာတစ်ခုအဖြစ် ခံစားရလေ့ ရှိပါတယ်။ အဲဒါက ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းပဲ ဖြစ်ပါတယ်။ ငါမကောင်းလို့ သူနဲ့ ပြတ်ရတာ၊ အခုတော့ သူက ငါ့ထက်သာတဲ့ သူနဲ့ တွေ့သွားပြီ၊ ငါအမှားကြောင့် သူထားခဲ့တာ စတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်နေတဲ့ စိတ်ကို ချက်ချင်းရပ်လိုက်ဖို့ လိုအပ်ပါတယ်။ ဘယ်သူမှားမှား၊ ဘယ်သူမှန်မှန် ပြီးပြီးသား ဇာတ်လမ်းတစ်ပုဒ်ကို အစကနေ ပြန်မစချင်ပါနဲ့တော့။ တစ်ခါတစ်လေမှာ ပိုကောင်းတာတွေရောက်လာဖို့ ဘာမဟုတ်တဲ့ အရာလေးတွေက သင့်ဘဝထဲက ထွက်သွားပေးတတ်ရပါတယ်။

Khin

sponsored