သမီးရှင်တွေကို စ,နောက်တဲ့ အနေနဲ့တောင် လုံးဝ မပြောသင့်တဲ့ စကား(၅)ခွန်း

Image:IG/the Rock & David
Sponsored

သမီးမိန်းက လေးမွေးထားတဲ့ မိဘ တွေကို မပြောသင့်တဲ့ စကားတွေရှိပါတယ်။ဒါပေမယ့် လူတော်တော် များများက တစ်ချို့စကားတွေကို ထမင်းစားရေ သောက် စ နောက် ပြော နေတာ မျိုးတွေရှိပါတယ်။ဒီလို ပြော တာ မျိုးတွေ က မ ပြောသင့်ဘူးဆိုတာ မျိုး ကို တောင် နားမလည် ကြတော့ ဒီလို ပြော ကို ပြောရမယ်၊ဒီလို အ ပြောခံရတာ သမီးရှင် တိုင်း ကြုံ ရမယ့် ပုံမှန်ကိစ္စ လို့ တောင် သတ်မှတ်ထားတာ တွေ ရှိပါတယ်။တကယ် တော့ ဒီလို စကားတွေကို မကြိုက် ကြ ပေမယ့် ကြိတ်မှိတ် သည်းခံနေရတဲ့ လူတွေလည်းရှိပါတယ်။သမီး မွေးထားတဲ့ လူတွေကို စ နောက်ပြီးတော့ တောင် မ ပြောသင့်တဲ့ စကားတွေ ရှိပါတယ်။အဲ့ဒါတွေက တော့..

(၁)ငါ့သားနဲ့ ပေးစားမလား

Sponsored

ဒီလို စကားမျိုးကို မကြားဖူးတဲ့ သမီးရှင်ဆိုတာ မရှိ သ လောက်ကို ရှားပါတယ်။မြန်မာနိုင်ငံက လူ့ အသိုင်း အ၀ိုင်း မှာ လူ တော်တော် များများ လက်ခံထားတာက ဒီစကားက စိတ်ဆိုးစရာ မရှိဘူး၊သမီးမွေးထားရင် ဒါမျိုး အ ပြောခံ ရမှာ ပဲ ဆိုတဲ့ စိတ်မျိုးရှိပါတယ်။ဒီလို စကားပြောတဲ့ လူ အများစုက သမီးမွေးထားတဲ့ သူတွေကို ငါတို့က သားရှင် အ ပေါ် စီးကပဲ ဆိုတဲ့ ပုံမျိုးနဲ့ ခပ်ချိုးချိုး ပြောကြတာ များပါတယ်။တစ်ချို့ ဆိုရင် တစ်ဖက်လူရဲ့ သမီးနဲ့ ကိုယ့်သား အဆင့်အ တန်း အ ခြေအ နေ အရမ်းကွာ နေတာ မျိုးကို တောင်မှ ရင်းနှီးမှုကို အားမနာ လျှာ မကျိုး  ပြောတာ မျိုး တွေ ရှိပါတယ်။အများစုက တော့ က လေးဘ၀ မှာတည်းက အဲ့လို ပြော ကြတာ မျိုးတွေရှိပါတယ်။အိမ် ထောင်ပြုတာ ပုံမှန် ကိစ္စ ဆိုပေမယ့် ကိုယ့်သမီး ငယ်ငယ် လေးကို အခုလို စကားမျိုး ပြောတာကို မကြိုက်တဲ့ မိဘ တွေ အများကြီးပါ။

(၂)ယောက္ခမကြီး

ဒါကတော့ သမီးမွေးပြီဆိုတာ နဲ့ သူငယ်ချင်း ဘော်ဒါကို အိမ် ထောင် မပြု ရ သေးတဲ့ လူပျို တွေ စ နောက် ပြော ကြတဲ့ စကားပါ။မင်းရဲ့ သမီးကိုပဲ စောင့်ယူမယ်၊သူငယ်ချင်း ယောက္ခ တော်မယ် ဆိုတဲ့ စကားမျိုးတွေ စ နောက် ကြတာပါ။တကယ်တော့ အဲ့လို စကားမျိုး အ ပြော ခံရရင် ဘယ်သူမှ မကြိုက်ကြပါတယ်။ကိုယ့်သမီး နုနု ထွတ် ထွတ် လေးကို အဖေ တိုင်းက အူတို ကြပါတယ်။ဘယ်လောက် ပဲ ရင်းနှီးကြပါ စေ. ကိုယ့်သူငယ်ချင်းက သမီးလေး မွေး ရင် ဒီလို စကားမျိုးနဲ့ စ နောက်တာ မျိုးတွေ လုံးဝ ကို မလုပ် သင့်ပါဘူး။

READ
(၂၅) နှစ်လုံးလုံး ကမ္ဘာပတ်ပြီး ရွက်လွှင့်ခဲ့ကြတဲ့ ပြင်သစ်က လူစွန့်စားစုံတွဲ

(၃)၀ဋ် လည် မယ်

 

View this post on Instagram

 

⚗️

A post shared by Aaron Paul (@aaronpaul) on

ငယ်ငယ်က ကဲ ခဲ့တဲ့ မိဘ တွေကို စ သလို နောက် သလို ပြောတဲ့ စကားမျိုးပါ။ငယ်ငယ်က ရည်းစားတွေ အများကြီး ထားခဲ့တဲ့ သမီးရှင် တွေကို မင်းတော့ ၀ဋ် လည် တော့မယ် ဆိုတဲ့ စကားမျိုးနဲ့ ကျိန်စာ တိုက်သလိုလို ပြောတာ မျိုးက လုံးဝ မလုပ်သင့်ပါဘူး။ငယ်ငယ်က ကဲ ခဲ့တဲ့ သမီးရှင် မေ မေ တွေကို ဆိုရင်လည်း နင့်သမီးအလှည့်ကျ ၀ဋ် လည် မယ် ဆိုတဲ့ စကားမျိုးတွေကို  လုံးဝ လုံးဝမ  ပြောသင့်ပါဘူး။

(၄)နှိမ်သလို ပြောတာ

သမီးမွေးတာကပဲ နှိမ့်ကျ သလိုသလို၊သား မွေး ထားတဲ့ သူတွေ က မှ မြင့်မြတ်သလိုလို ပုံစံ မျိုးတွေက မြန်မာမှာ အခုထိ ရှိ နေတုန်းပါ။သားမွေးတော့ ရှင်ပြု လို့ရတယ်၊သမီး မွေးရင် တော့ ဒါမျိုး လုပ် လို့ မရဘူး ဆိုတဲ့ Gender ခွဲ ခြားမှုတွေက ဒီနေ့ အထိ ကို ရှိ နေတုန်းပါ။သမီးတွေကြီး  မွေးတာလား၊သားလေး တစ်ယောက် တော့ ယူ ပေါ့ ဆိုတဲ့ စကားမျိုးတွေကိုလည်း မ ပြော သင့်ပါဘူး။ဘာ လေး လိုချင် တယ်ဆိုတာက ကိုယ်လဲ ရွေးချယ်လို့ ရတဲ့ အရာ မျိုး မဟုတ်ပါဘူး။ တကယ်တော့ သမီးပဲ မွေးမွေး၊သားပဲ မွေးမွေး သိတတ် လိမ္မာပြီး အကျိုးရှိတဲ့ လူမျိုး ဖြစ်ဖို့ က သာ အ ရေးကြီးဆုံးပါ။မွေးထားတဲ့ သားက သုံးမရလို့ စိတ်ဆင်းရဲ နေတဲ့ မိဘ တွေ မှ အများကြီးပါ။

READ
စိတ်ဓာတ်ကျနေတဲ့သူတွေအတွက် အကာင်းဆုံးအမူအကျင့် (၅) ခု

(၅)သမီးတစ်ကောင် နွားတစ်ထောင်

ဒီစကားပုံ က ရှိတာ က ရှိတယ်ဆို ပေမယ့် လည်း သမီးရှင် တစ် ယောက်ကို မြင်တာနဲ့ ဒီစကားပုံကို ရွတ်ပြ နေဖို့ တကယ်တော့ မလိုပါဘူး။က လေးက ခုမှ မွေးရုံ ရှိ သေးတဲ့ အချိန်မှာ.”သမီးတစ်ကောင် နွားတစ်ထောင် ဆို တော့ နင် တော့ ပင်ပန်းတော့မှာပဲ..” ဆိုတဲ့ စကားမျိုးတွေ ကို အလိုက် ကန်းဆိုးမသိ လာ ပြော တတ်တဲ့ လူမျိုးတွေ လူ့ အသိုင်း အ၀ိုင်းမှာ အများကြီးပါ။တကယ်တော့ ဒီလို စကားမျိုး တွေ  သမီးရှင်တွေကို သွားပြောတာ ဟာ ကိုယ့်အဆင့် အတန်းကို ကိုယ်ဖော်ပြလိုက်တာပါ။

#AUNTYMAY

sponsored