အမေ့ကို မပြောဖြစ်သေးတဲ့ စကားလေးတွေကို အချိန်မဆွဲပဲ ပြောလိုက်သင့်တဲ့ အချက်များ

shutterstock/ Evgeny Atamanenko
Sponsored

အမေဆိုတာ လူသားတိုင်းအတွက် အစားထိုးမရနိုင်သလို နှစ်ယောက်မရှိနိုင်တဲ့ ဖန်ဆင်းရှင်တွေပါ။ အမေလို့ ခေါ်လိုက်တာနဲ့ နွေးထွေးမှုနဲ့ ချစ်ခြင်းတွေကို ခံစားနိုင်လောက်အောင် မေတ္တာဓာတ်ကြီးမားလွန်းတဲ့ သူတွေဖြစ်ပါတယ်။ ဒီလို ကိုယ့်ဘဝအတွက် အရမ်းကို အရေးပါတဲ့ အမေ့ကို ခုချိန်ထိ မပြောဖြစ်သေးတဲ့ ကိုယ်ပြောချင်တဲ့ စကားလေးတစ်ခွန်းကို အချိန်မဆွဲပဲ ပြောပြလိုက်သင့်ပါတယ်နော်။

မွေးဖွားပေးခဲ့လို့

shutterstock/kikovic

အမေတစ်ယောက်ဖြစ်လာဖို့ ဆိုတာ တကယ့်ကို မလွယ်ကူပါဘူး။ ဆယ်လလုံးလုံး ကိုယ့်ကို ဗိုက်ထဲမှာ ပိုးမွှေးသလို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ရင်း အသက်နဲ့ရင်းပြီး သင့်ကို မွှေးဖွားခဲ့တဲ့ သင့်မေမေကို သင်ကျေးဇူးတင်ဖူးပြီလား။ ကျေးဇူးတင်စကားမပြောဖြစ်သေးရင် သင့်မေမေကို လေးလေးနက်နက် ကျေးဇူးတင်စကားပြောပြီး ချစ်တဲ့အကြောင်းလေးကို ပြောပြသင့်ပါတယ်နော်။ အမေ့ကို ချစ်တယ်လို့ပြောဖို့ အချိန်မနှောင်းခင် မြန်မြန် ပြောပြလိုက်တော့နော်။

ချစ်ခင်ကြင်နာမှုတွေနဲ့ ကြီးပြင်းစေခဲ့လို့

Sponsored

မိဖမဲ့ ကလေးတွေရဲ့ အဖြစ်ကို တစ်ခါတစ်လေမှာ တွေးမိဖူးရဲ့လား၊ အရမ်းကို သနားစရာကောင်းပြီး မှီခိုအားကိုစရာလည်း မရှိသလို အဖေအမေရဲ့ မေတ္တာငတ်ပြီး ကြီးပြင်းခဲ့ရတဲ့ သူတွေပါ။ သူတို့နဲ့ နှိုင်းယှဉ်လိုက်ရင် ကိုယ်ဟာ ကံအကောင်းဆုံး လူသားတွေထဲက တစ်ယောက်လို့ ကိုယ့်ကိုယ်ကို တွေးထင်မိစေပါတယ်နော်။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ မိဖတွေနဲ့ သိုက်သိုက်ဝန်းဝန်းနေရပြီး ချစ်ခင်ကြင်နာမှုတွေ ရရှိခဲ့တဲ့အတွက် သင်ဟာ ကံကောင်းခြင်းဆိုတာကို ခံစားဖူးသူပါပဲ။ ဒါကြောင့် သင့်ရဲ့ မိဖတွေကို ဒီလိုကြီးပြင်းခွင့်ပေးလို့ ကျေးဇူးတင်သင့်သလို ချစ်တယ်ဆိုတဲ့ စကားလေးကိုပါ ပြောလိုက်သင့်ပါတယ်။

READ
သားသမီးကို ပြုစုပျိုးထောင်ရတဲ့ မိဘဖြစ်တဲ့သူတွေသာ နားလည်နိုင်မယ့် အရာလေးများ

အခက်အခဲတွေနဲ့ ကြုံလာတိုင်း အားပေးနှစ်သိမ့်ပေးလို့

shutterstock/wavebreakmedia

ဘယ်လောက်ပဲ ဆိုးဝါးတဲ့ ကိစ္စပဲဖြစ်ဖြစ် အမေ့ဆီက နှစ်သိမ့်ပေးတဲ့ စကားလေးသာ ကြားရရင် အရာရာ အဆင်ပြေသွားသလို ခံစားရစေတယ် မဟုတ်လား။ လူ့လောကရဲ့ လှည့်ကွက်တွေကို ကျော်လွှားနိုင်ဖို့ လဲကျတိုင်း ပြန်ထတတ်ဖို့၊ နာကျင်ဝမ်းနည်းမှုတွေကို ခံနိုင်ရည်ရှိလာဖို့ အမြဲတမ်း ကိုယ်နဲ့အတူ လိုက်ဝေမျှခံစားပေးတတ်တဲ့ အမေ့ကို အရမ်းချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းတော့ အချိန်မဆွဲပဲ ပြောပြလိုက်သင့်ပါတယ်။

အမြဲတမ်း နားလည်ပေးလို့

ကိုယ်ဟာ ဆိုးသွမ်းတဲ့ သူပဲဖြစ်နေပါစေ အမြဲတမ်း ကိုယ့်ဘက်က ရပ်တည်ပေးပြီး ကိုယ့်ရဲ့အမှားတွေကို နားလည်ပေးတတ်တဲ့ သူဟာ အမေပါပဲ။ လမ်းမှားကနေ လမ်းမှန်ကို ရောက်အောင် ဆုံးမတတ်တဲ့ အားလုံးက တစ်ဖက်ဖြစ်နေရင်တောင် ကိုယ့်ဖက်က အမြဲရပ်တည်ပြီး နားလည်မှု ပေးတတ်တဲ့ ကိုယ့်ရဲ့မေမေကို ကျေးဇူးတင်ပြီး အရမ်းချစ်တယ်လို့ ပြောဖို့ မတွန့်ဆုတ်ပါနဲ့။

READ
အငယ်ဆုံးလေးတွေ မသိနိုင်တဲ့ အကြီးဆုံးသားသမီးတွေရဲ့ အတွေးများ

ခုချိန်ထိ အတူရှိနေပေးလို့

shutterstock/Mariia Boiko

ခုအသက်အရွယ်အထိ အမေနဲ့ ရှိနေရတဲ့ သူတွေဟာ တကယ့်ကို ကံကောင်းတဲ့ သူတွေပါ။ တစ်ချို့တွေက အမေလို့ ခေါ်ချင်ပေမယ့် ခေါ်ခွင့်မရတော့တဲ အခါ၊ ပင်ပန်းတဲ့အချိန် အမေ့နားမှာ ကပ်ချွဲချင်ပေမယ့် ကပ်ချွဲခွင့်မရှိတော့တဲ့သူတွေ ရှိပါတယ်။ သူတို့အတွက် တကယ့်ကို စိတ်မကောင်းဖြစ်မိသလို အမေနဲ့အတူ နေခွင့်ရတဲ့အချိန်မှာ အမေ့ကို တန်ဖိုးထားချစ်ခင်ပါ။ ဒီအချက်တွေကြောင့် ကိုယ့်ရဲ့ ခံစားချက်တွေ အမေ့ကို ချစ်တဲ့အကြောင်းတွေ၊ ကျေးဇူးတင်ချင်တဲ့ အကြောင်းတွေကို အချိန်မဆွဲပဲ ပြောပြသင့်ပါတယ်နော်။

Khin

sponsored