အချစ်နဲ့ ဘဝကို တစ်ကန့်စီထားသင့်ကြောင်း ဖော်ပြနေတဲ့ အချက်တွေ

Photo by Andrea Piacquadio from Pexels
Sponsored

တစ်ချို့လူတွေက အချစ်ဆိုတာကို ဘဝလိုမျိုး ကိုးကွယ်တတ်ကြပါတယ် ဒါဟာ ရူးမိုက်ခြင်း တစ်မျိုးလို့ ဆိုရပါလိမ့်မယ်။ တကယ်တော့ ဘဝမှာ အချစ်တစ်ခုတည်းရှိနေရုံနဲ့ အရာရာမပြည့်စုံနိုင်ဘူး ဆိုတာကိုတော့ ရင့်ကျက်လာတာနဲ့အမျှ ပိုသဘောပေါက်လာတတ်ကြပါတယ်။ ဒီအချက်တွေက အချစ်နဲ့ ဘဝကို တစ်ကန့်စီထားသင့်ကြောင်း ဖော်ပြနေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

အချစ်က ဘဝတစ်ခု မဟုတ်ဘူး

shutterstock/ Look Studio

စောစောကပြောခဲ့သလို အချစ်က ဘဝမဟုတ်ပဲ ဘဝရဲ့ အစိတ်အပိုင်း တစ်ခုလေးမျှသာပါ။ အဲဒီ့အစိတ်အပိုင်းလေးတစ်ခုက ကိုယ့်ရဲ့ ဘဝမှာ ပျော်ရွှင်မှုတွေ၊ ကြေကွဲနာကျင်မှုတွေ၊ အဓိပ္ပါယ်ပြည့်စုံခြင်းတွေ စတာတွေကို ယူဆောင်လာပေးတာပေါ့။ ဒါပေမယ့် ကိုယ့်ဘဝနဲ့ ရင်းပြီးချစ်ရမယ့်သူ မရှိလို့ဆိုပြီး ဘဝကြီးက အဓိပ္ပါယ်မဲ့သွားတာတော့ မဟုတ်ပါဘူး။ ကိုယ့်ဘေးမှာ တစ်ခြားသော ချစ်ခင်ရမယ့်သူတွေ ရှိနေပါသေးတယ်။ ဒါကြောင့် အချစ်ကို ဘဝကြီးတစ်ခုလို မကိုးကွယ်သင့်ပါဘူး။

အချစ်မရှိလည်း အကောင်းဆုံး ဆက်ရှင်သန်ရမယ်

Sponsored

တစ်ချို့လူတွေက ကိုယ်ချစ်တဲ့သူနဲ့ လမ်းခွဲလိုက်ရတဲ့အခါ ဒါမှမဟုတ် ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့အခါ အရမ်း ခံစားတတ်ကြပါတယ်။ လူတိုင်းကတော့ ချစ်တဲ့သူကို ဆုံးရှုံးရတဲ့အခါ ခံစားရတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် တစ်ချို့လူတွေကျပြန်တော့ သူမရှိတော့တာနဲ့ ကိုယ့်ဘဝကြီးက လုံးဝစုတ်ပြတ်သွားသလို ရှေ့ဆက်ဖို့ မကြိုးစားတော့ပဲ ဖြစ်သလို နေပစ်လိုက်တတ်ကြပါတယ်။ ဒါဟာ အရမ်းကို မှားယွင်းတဲ့ လုပ်ရပ်တစ်ခုပါ ချစ်ရသူကို ဆုံးရှုံးသွားရတိုင်း သင့်ဘဝကြီးက ရပ်တန့်သွားတာ၊ ပျက်စီးသွားတာ မဟုတ်ပါဘူး။ နာကျင်ခံစားပြီးရင်တော့ ကိုယ့်ဘဝကို အကောင်းဆုံး ပြန်တည်ဆောက်ရပါမယ်။

READ
သင့်တို့နှစ်ယောက်ဟာ အတိတ်ဖူးစာဖက်တွေ ဟုတ်၊ မဟုတ်ဆိုတာကို ဘယ်လို သိနိုင်မလဲ

အချစ်နောက်ကိုလိုက်ပြီး ကိုယ့်ကိုယ်ကို မပျောက်ဆုံးပါစေနဲ့

Photo by Vlada Karpovich from Pexels

တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ အဲဒီ့အချစ်နောက်ကိုပဲ လိုက်မိနေပြီး သူစိတ်ချမ်းသာဖို့၊ သူကိုယ့်ကိုယ် ပိုချစ်လာဖို့၊ ဆက်ဆံရေး တည်မြဲဖို့ စတာတွေကိုပဲ ဂရုစိုက်နေတတ်ပြီး ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ပျောက်ဆုံးသွားအောင်လောက်အထိ တစ်ခြားတစ်ယောက်ကို ချစ်ပြနေစရာ မလိုပါဘူးနော်။ သူသာ ကိုယ့်ကို တကယ်ချစ်တယ်ဆိုရင် ကိုယ်ဘယ်လိုပုံစံပဲ ဖြစ်နေပါစေ သူကတော့ ချစ်နေအုံးမှာပါပဲ။ ဒီတော့ အချစ်ရဲ့ နောက်ကိုလိုက်ရင်း ကိုယ့်ကိုယ်ကို မပျောက်ဆုံးပါစေနဲ့။

ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် နေပါ

shutterstock/MaxFrost

အချစ်ကအချစ် ဘဝက ဘဝပါ ဒီတော့ ကိုယ့်ရဲ့ဘဝကြီးတစ်ခုလုံးကို အချစ်ကို ရူးမိုက်စွာ ကိုးကွယ်ပြီး မှားယွင်းစွာ နေထိုင်တာမျိုး မလုပ်ပါနဲု့။ ဒီလို ပြောလိုက်လို့ မချစ်ရတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး ချစ်ပါ ဒါပေမယ့် ပါးနပ်စွာ ချစ်တတ်ပါစေနော်။ တစ်စုံတစ်ယောက်ကို ချစ်နေပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ဖို့မေ့လျော့နေတာမျိုး မဖြစ်စေပါနဲ့နော်။ ကိုယ့်ရဲ့ဘဝကို ပိုတန်ဖိုးရှိလာအောင်၊ ပိုတိုးတက်လာအောင် ကြိုးစားထားမှ တစ်ဖက်လူကလည်း ကိုယ့်ကို ပိုတန်ဖိုးထားတတ်လာတာပါ။ တကယ်လို့ သူ့ကို ဆုံးရှုံးလိုက်ရရင်တောင် ကိုယ့်ဘဝကို အကောင်းဆုံး ဆက်လက်ရှင်သန်ဖို့ ကိုယ့်မှာအကောင်းဆုံးတွေ ပိုင်ဆိုင်ထားပြီးသားမို့ သိပ်ဂရုစိုက်စရာ မလိုပါဘူး။

READ
Lee Seung Gi အကြောင်း သတင်းမှား ဖြန့်သူ ($4,220) ဒဏ်ငွေ ပေးဆောင်ခဲ့ရ

Khin

sponsored