ညအိပ်ရာမဝင်ခင် ပျားရည်တစ်ဇွန်း စားပေးခြင်းကြောင့် ရရှိလာမယ့် ကောင်းကျိုးများ

shutterstock/  RossHelen
Sponsored

သဘာဝအစားအစာတစ်ခုဖြစ်တဲ့ ပျားရည်ဟာ အလှအပရေးရာတွေမှာ အသုံးတည့်ရုံမက ဆေးဖက်ဆိုင်ရာအတွက်လည်း တကယ့်ကို အသုံးဝင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ပျားရည်ကို ညအိပ်ရာမဝင်ခင် တစ်ဇွန်းခန့် စားပေးခြင်းက များစွာသော ကောင်းကျိုးတွေကို ရရှိလာစေမှာ ဖြစ်ပါတယ်။ ဘယ်လိုကောင်းကျိုးတွေလဲဆိုတာကိုတော့ အောက်မှာ ဖတ်ကြည့်လိုက်တော့နော်။

ကောင်းမွန်စွာ အိပ်ပျော်စေနိုင်တယ်

shutterstock/ New Africa

ပျားရည်မှာ အဟာရဓာတ်တစ်မျိုးဖြစ်တဲ့ tryptophan ပါဝင်ပြီး ဒီဓာတ်ဟာ ခန္ဓာကိုယ်ကို relax ဖြစ်စေတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။ အဲဒီ့တော့ အိပ်စက်ချိန်ရောက်တဲ့အခါမှာ အိပ်စက်ဖို့ကို သတိပေးတတ်ပြီး ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။ ဒါကြောင့် ညဖက် ကောင်းစွာ အိပ်မပျော်တဲ့ သူတွေနဲ့ အသက်ကြီးတဲ့ သူတွေ စားပေးသင့်ပါတယ်။

သွေးဖိအားကို ကျစေတယ်

shutterstock/YAKOBCHUK VIACHESLAV
Sponsored

သွေးဖိအားများခြင်းက နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ပျားရည်မှာ antioxidant ပါဝင်တဲ့အတွက် သွေးဖိအားကို လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ရာမဝင်ခင် ပျားရည်တစ်ဇွန်း စားပေးခြင်းက ညဘက်မှာ သွေးတိုးတာမျိုး မဖြစ်ပေါ်စေပါဘူး။

READ
နာမည်ကြီး idol တွေများစွာ ပါဝင်သီဆိုမယ့် ‘Do You Like Brahms?’ ဒရာမာ OST

သွေးတွင်း အဆီကို လျော့ကျပေးတယ်

Triglycerides လို့ခေါ်တဲ့ သွေးမှာပါဝင်တဲ့ အဆီတွေဟာ ဆီးချိုနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို အလွယ်တကူ ဖြစ်စေနိုင်ပါတယ်။ ပျားရည်က သွေးတွင်းအဆီဓာတ်ကို လျော့ကျစေနိုင်လို့ ခန္ဓာကိုယ်အတွက် စားပေးသင့်တဲ့ အရာတစ်ခုပါ။ ပျားရည် ပုံမှန်စားပေးခြင်းက သွေးတွင်းမှာရှိတဲ့ အဆီတွေကို သန့်စင်ပေးပါတယ်။

အဆီတွေကို လောင်ကျွမ်းစေတယ်

shutterstock/ Prostock-studio

ခန္ဓာကိုယ်မှာ အဆီတွေများလာတဲ့အခါ ဝိတ်အလွယ်တကူ တက်လာစေတာပါပဲ။ ပျားရည်ပုံမှန် စားပေးခြင်းက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို မြင့်တက်စေပြီး အဆီတွေကို လောင်ကျွမ်းစေတာဖြစ်လို့ ဝိတ်ထိန်းချင်တဲ့ သူတွေအတွက်လည်း အထူးသင့်တော်ပါတယ်နော်။

ရောဂါခုခံစနစ်ကို တိုးမြှင့်ပေးတယ်

shutterstock/ gpointstudio

ပျားရည်မှာ antioxidant နဲ့ antibacterial ဂုဏ်သတ္တိတို့ ရှိတဲ့အတွက် ရောဂါခုခံစနစ်ကို တိုးမြှင့်စေပါတယ်။ ရောဂါပိုးတွေ အလွယ်တကူ မဝင်ရောက်နိုင်သလို မှို၊ ဘက်တီးရီးယားနဲ့ များစွာသော ဗိုင်းရပ်စ် တွေရဲ့ ရန်ကနေ ကာကွယ်ပေးပါတယ်။

READ
အရွယ်တင်ပြီး နုပျိုလှပလွန်းနေတဲ့ မို့မို့မြင့်အောင်

Khin

sponsored