ဝတ်ပုံစားပုံကတစ်ဆင့် အောင်မြင်မှုကို သက်ရောက်စေကြောင်း ဖော်ပြနေတဲ့ အချက် (၄) ချက်

shutterstock/ indira's work
Sponsored

လူတစ်ယောက်ကို ပထမဆုံး ကြည့်လိုက်တာနဲ့ အဲဒီ့လူဟာ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို အမြင်နဲ့အရင် သတ်မှတ်တတ်ကြတာပါ။ ဒီတော့ လူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုပိုင်းမှာ အင်မတန်မှအရေးကြီးပြီး ကိုယ်ဝတ်ဆင်ထားတဲ့ အဝတ်အစားပုံစံက ကိုယ့်အကြောင်းကို ပိုပြောပြနိုင်ပါတယ်။ ဒီအချက်တွေက ဝတ်စားဆင်ယင်ပုံဟာ လူတစ်ယောက်ရဲ့ ပုံရိပ်နဲ့ အောင်မြင်မှုကို သက်ရောက်မှုရှိကြောင်း ဖော်ပြနေပါတယ်နော်။

လွတ်လပ်ပေါ့ပါးတဲ့ ပုံစံက ကိုယ့်ရဲ့အရည်အချင်းကို ပိုဖော်ပြတယ်

shutterstock/Roman Samborskyi

လူတော်တော်များများက အလုပ်ကိစ္စတွေ့ဆုံမှုတွေ ရှိတဲ့အခါ ကိုယ့်ကိုယ်ကို ပိုကြည့်ကောင်းတဲ့ သူတစ်ယောက်ဖြစ်စေဖို့ ဝတ်စုံပြည့်ဝတ်ဆင်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒါပေမယ့် သုတေသနပြုချက်တွေအရ ဝတ်စုံပြည့်ဝတ်ဆင်တာမျိုးထက် ကိုယ့်ကိုယ်ကို ပေါ့ပေါ့ပါးပါး ကြည့်ကောင်းရုံလေး ဝတ်ဆင်တာက ကိုယ့်ကိုယ် ပိုအရည်အချင်းရှိတဲ့ သူတစ်ယောက်ပုံ ပေါက်စေတယ်လို့ ဆိုပါတယ်။

ပုံစံတကျဝတ်ဆင်ခြင်းက ဖန်တီးနိုင်စွမ်း အားနည်းတယ်လို့ မြင်ရတယ်

shutterstock/ indira’s work
Sponsored

အရမ်းကို ပုံစံကျကျ ဝတ်ဆင်ခြင်းမျိုးက ဖန်တီးနိုင်စွမ်းအားနည်းတယ်လို့ မြင်ရတတ်ပါတယ်တဲ့။ အရမ်းကို ဝတ်စုံပြည့်ဝတ်ဆင်တာမျိုးထက် အိုဗာမဖြစ်လွန်းတဲ့ စတိုင်လ်မျိုးကသာ ပိုလူမှုဆက်ဆံရေး ကောင်းပြီး ဖန်တီးနိုင်စွမ်းအားကောင်းတယ်လို့ မြင်ရတတ်ပါတယ်တဲ့နော်။

READ
ရေခဲသေတ္တာထဲထည့်ပြီး သိမ်းမထားသင့်တဲ့ အစားအစာနှင့် ဟင်းသီးဟင်းရွက်များ

ကိုယ်ပိုင်စတိုင်လ်

shutterstock/ Aliona Hradovskaya

တစ်ခြားသူရဲ့ အမြင်ကို ဂရုမစိုက်ပဲ ကိုယ့်ရဲ့ပုံစံအတိုင်းလေးပဲ ဝတ်စားဆင်ယင်တာမျိုးက ထူးချွန်တဲ့ သူတွေအဖြစ်မြင်ရစေပါတယ်။ ကိုယ်သဘောကျတဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိတဲ့ တစ်ခြားသူရဲ့ အမြင်မှာ တကယ့်ကို ယုံကြည်ချင်စရာ ကောင်းတဲ့သူ ဖြစ်နေတတ်ပါတယ်။

အလုပ်နဲ့ ကိုက်တဲ့ အဝတ်အစား ဝတ်ဆင်ခြင်း

shutterstock/  HighKey

ကိုယ်လုပ်ကိုင်တဲ့ အလုပ်နေရာကို လိုက်ပြီး အလုပ်နဲ့ ကိုက်ညီတဲ့ ဝတ်စုံကို ဝတ်ဆင်တတ်ခြင်းကတော့ အလုပ်မှာ ပိုအာရုံစိုက်မှု ကောင်းမွန်စေပါတယ်။ ဒီလိုဝတ်ဆင်တတ်ခြင်းက အာရုံပိုစိုက်နိုင်လို့ အောင်မြင်မှုလည်း ပိုရစေတယ်လို့ လေ့လာချက်တွေက ပြောထားပါတယ်။

Khin

sponsored