သင့်ဆံသားပျက်စီးမှု အခြေအနေက ပြောပြနေတဲ့ သင့်ရဲ့ကျန်းမာရေး

shutterstock By Roman Samborskyi
Sponsored

လူတော်တော်များများက ဆံသားပျက်စီးမှုတွေဆိုရင် သုံးတဲ့ Shampoo ကြောင့် ပုံမှန်ဆံသားကြောင့် တစ်ခြား ကောက်၊ ဖြောင့် ၊ ဆေးဆိုးတွေကြောင့်လို့ပဲတွေးတတ်ကြပါတယ်။ အမှန်တော့ ဆံသားပျက်စီးမှုတွေက အပြင်ပယောကတွေအပြင် သင့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအခြေအနေပေါ်မှာလည်း အများကြီးမူတည်နေပါတယ်နော်။ ဒါ့ကြောင့် ဆံသာားပျက်စီးမှုအခြေအနေကိုလိုက်ပြီး သိရှိနိုင်မယ့် သင့်ရဲ့ကျန်းမာရေးအခြေအနေတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆံသား ခြောက်ပြီး ကြမ်းနေတာ

freepik by master1305

ဆံသားခြောက်ပြီးကြမ်းလာတာက ဆံပင်အရောင်ခဏခဏဆိုးတာ၊ အပူပေးလွန်းမိတာတွေအပြင် ခန္ဓာကိုယ်မှာ ဗီတာမင်ဓာတ်တွေလျော့နည်းနေတာကြောင့်ပါ။ သင့်ခန္ဓာကိုယ်မှာ ဆာလဖာဓာတ်၊ ဆယ်(လ်)လီနီယမ်ဓာတ် တွေနဲ့ ဖော့စဖပ်ရပ်(စ်) ဓာတ်တွေလိုအပ်နေကြောင်းကို ဆံသားခြောက်လာတာကဖော်ပြနေပါတယ်။ ဆံပင်တွေလည်း ခြောက်ပြီးကြမ်းလာမယ် သွားတွေ သွားဖုန်းတွေမှာပါ သွေးထွက်တာတွေ ၊တခြားလက္ခဏာရပ်တွေပြလာပြီိဆိုရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးပြသင့်နေပါပြီ။

(၂) ဗောက်အရမ်း ထလွန်းနေတာ

shutterstock By Yuliya Alekseeva
Sponsored

ဦးရေပြားမှာ ဗောက်အရမ်းထနေတာကတော့ စိတ်ဖိစီးမှုများနေတာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေကြောင့်ပါ။ ဗောက်ပျောက် shampoo တွေဘယ်လောက်သုံးသုံးမသက်သာရင်တော့ ရောဂါစစ်ပေးဖို့လိုနေပါပြီနော်။

READ
“Running Man”အစီအစဉ်မှာ ဧည့်သည်အဖြစ်ပါဝင်မယ့် ဟောလိဝုဒ်သရုပ်ဆောင်(၃)ယောက်

(၃) ဆံပင် အရမ်းကျွတ်လာတာ

shutterstock By Andrey_Popov

ကိုယ်ဝန်ဆောင်နေတဲ့အချိန် ၊ ကင်ဆာရောဂါခံစားနေရတဲ့အချိန်မဟုတ်ပဲ တစ်နေ့ ဆံပင်အပင် ၁၀၀ လောက်ကျွတ်နေရင်တော့ သာမန်မဟုတ်ပဲ သင့်မှာကျန်းမာရေးပြဿနာရှိနေလို့ပါ။ စိတ်ဖိစီးမှုများတာ၊ ဗီတာမင်ဓာတ်လျော့တာ၊ ဆီးချိုရောဂါနဲ့ ကိုယ်ခံအားမကောင်းတဲ့ ရောဂါတွေဖြစ်နေနိုင်ပါတယ်။

(၄) အဆီပြန်လွန်းတဲ့ ဆံပင်

ဆံပင်တွေအရမ်း အဆီပြန်လာတာက သင့်ရဲ့စားသောက်ပုံမမှန်လို့ပါ။ ဆံသားအဆီပြန်တာကိုလျော့ချဖို့ အသားနဲ့ ဆီကြော်မုန့်တွေလျော့စားပါ။ အချိုစားသုံးတာများတတာနဲ့ မီးခိုးတိုက်တဲ့ အစားအစာများ၊ အရက်နဲ့ ကော်ဖီကိုပါ ရှောင်ပေးရပါမယ်။

(၅) အရွယ်မတိုင်ခင် ဆံပင်ဖြူလာတာ

shutterstock By Yuliya Alekseeva

အမျိုးသမီးတွေမှာဆိုရင်တော့ အသက် ၃၀ နဲ့ ၄၀ ကြားမှာဆံပင်စဖြူပါတယ်။ ဒီအရွယ်မတိုင်ခင် ဆံပင်တွေစဖြူနေတာကတော့ မျိုးရိုးဗီဇကြောင့် မဟုတ်ရင် စိတ်ဖိစီးမှုများတာ ၊ ပရိုတင်းဓာတ်လျော့နည်းတာတို့ကြောင့်ဖြစ်ပါတယ်။

Rain

sponsored