သင့်မေမေကြောင့် သင် သတိမထားမိပဲ ပိုင်ဆိုင်ခွင့်ရနေတဲ့ ပျော်ရွှင်မှုလေးများ

Photo by Brett Sayles from Pexels
Sponsored

ဘဝရဲ့ ပျော်စရာကောင်းတဲ့ အခိုက်အတန့်တွေကို မေမေတွေက ပေးစွမ်းတတ်ကြပါတယ်။ ဟိုးငယ်ငယ် ကလေးဘဝတည်းက သင့်မေမေက သင့်ကို ပျော်အောင် လုပ်ပေးနိုင်တဲ့သူ အမြဲ ဖြစ်နေတာကို သင် သတိထားမိချင်မှ ထားမိမှာပါ။ ဒါပေမယ့်လည်း ဘဝရဲ့ အဖိုးတန်ဆုံး ဖြစ်တဲ့ မေမေတွေကတော့ ဒီလိုလေးတွေနဲ့ သားသမီးတွေကို ပျော်ရွှင်စေတတ်ပါတယ်နော်။

(၁) လိုချင်တာကို ဖြည့်ဆည်းပေးတာ

Sponsored

သားသမီးတွေက ဘာလေးလိုချင်လိုက်တာလို့ ပြောလိုက်တာနဲ့ ဝယ်ပေးချင်တာ မေမေတွေရဲ့ ဆန္ဒပါ။ ဒါကြောင့်လည်း ဆင်းရဲသည် ဖြစ်စေ ချမ်းသာသည် ဖြစ်စေ ဖြစ်အောင် ဖြည့်ဆည်းပေးဖို့ ကြိုးစားတတ်ကြပါတယ်။ တတ်နိုင်တဲ့အရာတွေဆိုရင် ဝယ်ပေးရင်းနဲ့ သားသမီးတွေကို မျက်နှာမငယ်အောင် ထားတတ်ကြလို့ ပျော်ရွှင်ရတဲ့ အခိုက်အတန့်တွေ ရခဲ့ကြမှာပါနော်။

Photo by Elly Fairytale from Pexels

(၂) ကြိုက်တဲ့ဟင်းတွေ ချက်ကျွေးတာ

READ
သားသမီးတွေတိုင်းလိုလို သေချာပေါက် ကြားဖူးကြတဲ့ အမေတွေရဲ့ ပြောစကားများ

သားသမီးတွေ ဘာတွေကို ကြိုက်တတ်သလဲဆိုတာကို အသိဆုံးကတော့ စားဖိုမှူးမေမေတွေပဲ ဖြစ်ပါတယ်။ ဘာဟင်းလေး စားချင်လိုက်တာဆိုရင် ထမင်းစားပွဲကို နောက်နေ့ အဆင်သင့်ရောက်နေအောင်ကို ဖြည့်ဆည်းပေးတတ်တာ မေမေတွေရဲ့ ချစ်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ဟင်းတွေကို စားပွဲပေါ်မှာ တွေ့ရတိုင်း ပျော်ရွှင်နေရတာ မေမေတွေကြောင့်ပါပဲ။

(၃) မနက် အိပ်ယာနှိုးတာ

ငယ်စဉ်တည်းက ကျောင်းသွားဖို့ကနေ အရွယ်ရောက်လာလို့ ရုံးသွားဖို့အထိ မပျက်မကွက် နှိုးတတ်တာကလည်း အမေတွေပဲ ဖြစ်ပါတယ်။ အိပ်ပုတ်ကြီးတတ်တဲ့သူတွေအဖို့ အမေ မနှိုးလို့ ကျောင်းနောက်ကျသွားတဲ့နေ့တွေ ရုံးနောက်ကျသွားတဲ့ နေ့က တကယ့်ကို ကံဆိုးတဲ့နေ့ပါပဲ။ ဒါကြောင့် နေ့ရက်တွေတိုင်းရဲ့ အစက အမေတွေကြောင့် အဆင်ပြေနေတာပဲ ဖြစ်ပါတယ်။

Photo by Andrea Piacquadio from Pexels

(၄) သတိပေးတာ

အပြင်သွားခါနီး ကျောင်းသွားခါနီး ရုံးသွားခါနီးတိုင်းမှာ ဟိုဟာပါလား ဒီဟာပါလား မေးတတ်တဲ့ မေမေတွေကြောင့်လည်း မေ့ကျန်တာတွေကို သတိထားနိုင်ပါသေးတယ်။ ဒီလို သတိပေးလို့သာ မကျန်ခဲ့တဲ့ အရာတွေအတွက် မေမေတွေက သင့်ကို အဆင်ပြေတဲ့ အချိန်တွေကို ပေးနိုင်တာလည်း ဖြစ်နေပါသေးတယ်။

READ
သင့်မေမေ ဆီကနေ သင်ယူနိုင်မယ့် အတုယူဖွယ် အချက်(၄)ချက်

(၅) အဆင်သင့် ဖြစ်စေတာ

အင်္ကျီ ဆို လျှော်ပြီးသား ထမင်းဟင်း ချက်ပြီးသား အဝတ်တွေ မီးပူတိုက်ပြီးသား အပြင် သင့်အခန်းကို သန့်ရှင်းရေး လုပ်ပေးတတ်သူကလည်း အမေပါပဲနော်။ ဒီလိုမျိုး အစစအရာရာ အသင့်ဖြစ်နေလို့ ကျန်တဲ့ ကိစ္စရပ်တွေ ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်တာလည်း ဖြစ်ပါတယ်။ အဆင်သင့် လုပ်ပေးတတ်တာကြောင့် အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွှင် ဖြစ်ရလို့လည်း ကျေးဇူးတင်ပြီး ချစ်ဖို့ကောင်းတဲ့ အမေ ရှိနေလို့ပဲ ဖြစ်ပါတယ်။

Kham

sponsored