ယောကျာ်းလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် အရမ်းခင်မင်လာကြတဲ့အချိန်မှာ ခံစားချက်လေးတွေ အရောင်စွန်းထင်လာတာမျိုး ဖြစ်လာတတ်ပါတယ်။ အားလုံးကို မဆိုလိုပေမယ့် တစ်ချို့တစ်ဝက်ကတော့ ဒီခံစားချက်လေးတွေကြောင့် friend zone ထဲက ရုန်းထွက်ဖို့ ကြိုးစားလာတတ်ကြပါတယ်နော်။ ဒါပေမယ့် သူ့ဘက်ကနေ သင့်ကို သူငယ်ချင်းတစ်ယောက်ထက် မပိုဘူးဆိုတာကို ဒီအချက်လေးတွေက သိနိုင်ပါတယ်။ ဒီလိုအချိန်မှာ အဆင့်တက်ဖို့က လုံးဝမဖြစ်နိုင်ပါဘူးနော်။
သင့်ရဲ့ ဆွဲဆောင်မှုတွေကို စိတ်မဝင်စားဘူး

သင်ဘယ်လောက်ပဲ လှလှပပ ဝတ်စားထားပါစေ သူ့ဆီကနေ ဘာမှအထူးတလည်ပြောဆိုတာမျိုး မကြားရဘူး ဒါမှမဟုတ် နင်ကြည့်ကောင်းပါတယ် ဆိုတဲ့ သာမာန်ချီးကျူးမှုလေးပဲ ရတယ်ဆိုရင်တော့ သူသင့်ကို စိတ်မဝင်စားလို့ပဲ ဖြစ်ပါတယ်။ သူဘက်ကနေလည်း သင့်ကို သူငယ်ချင်းထက် ပိုနေမယ်ဆိုရင်တော့ သူ့ရဲ့အကြည့်တွေနဲ့ သူ့ဆီက ထူးဆန်းတဲ့ စကားလုံးလေးတွေကို သင်ကြားရမှာပါနော်။ နောက်ပြီး သင့်ကို သူငယ်ချင်းတစ်ယောက်ထက် မပိုတဲ့ ပြောဆိုမှုတွေက သူ့အတွက် သင်ဟာ သူငယ်ချင်းတစ်ယောက်ပဲ ဆိုတာာကို ဖော်ပြနေတာ ဖြစ်ပါတယ်။
တစ်ခြား စိတ်ဝင်စားတဲ့သူတွေအကြောင်း ပြောပြတတ်တယ်

တစ်ခြား သူစိတ်ဝင်စားတဲ့ ကောင်မလေးတွေ သို့ ကောင်လေးတွေအကြောင်းကို သင့်ကိုပြောပြတိုင်ပင်နေတယ် ဆိုကတည်းက သူက သင့်ကို ဘော်ဒါတစ်ယောက်လိုပဲ ခင်မင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သင့်အပေါ် သူငယ်ချင်းတစ်ယောက်ထက် လုံးဝမပိုတဲ့အတွက်ကြောင့် ဒီလိုကိစ္စတွေကို သင့်ဆီမှာ တိုင်ပင်ပြောဆိုတာပါနော်။
သူ့ရဲ့ မိသားစုဝင်တစ်ယောက်လို သဘောထားတယ်

သင်လိုအပ်နေတဲ့ အချိန် အပြေးအလွှားရောက်လာပေးတိုင်း သူဟာ သင့်ကို စိတ်ဝင်စားနေတာ မဟုတ်သလို သင့်ကို ဂရုစိုက်ပေးတိုင်းလည်း သူ့ဘက်က အဆင့်တက်ချင်နေတာ မဟုတ်ပါဘူး။ သူ သင့်ကို တကယ့်ကို လေးလေးနက်နက် ခင်တဲ့အတွက်ကြောင့် သူ့ရဲ့ မိသားစုဝင်တစ်ယောက်လို သဘောထားတဲ့အတွက်ကြောင့် ဒါတွေကို လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ခင်မင်မှုနဲ့ အချစ်ကို သေချာခွဲခြားတတ်ဖို့ လိုအပ်ပါတယ်။
မလိုအပ်ပဲ စာပို့တာမျိုးတွေ မလုပ်တတ်ဘူး

မလိုအပ်ပဲ သူ့ဘက်ကနေ စာတွေ စပို့လာတာမျိုး မလုပ်တတ်သလို လိုအပ်လို့ ပို့လာရင်လည်း ရိုးရိုးသားသား သူငယ်ချင်း ဆိုတဲ့ စကားလုံးမျိုးတွေနဲ့သာ ပြောဆိုလာတတ်ပါတယ်။ ဒါဟာ လုံးဝ သူငယ်ချင်းတစ်ယောက်ထက် မပိုဘူးဆိုတာကို ဖော်ပြနေလို့ သင်တို့ရဲ့ ဆက်ဆံရေးဟာ friend zone ထဲမှာပဲ ရှိနေပါတယ်နော်။
Khin