သူ့ရဲ့ အပြုအမူ‌တွေနဲ့ နေထိုင်မှုပုံစံအကြောင်းကို ပွင့်ပွင့်လင်းလင်း ရှင်းပြခဲ့တဲ့ Yu Jae Seok

ig/@yoojaesukssi_
Sponsored

အောင်မြင်တဲ့ အစီအစဉ်တင်ဆက်သူ Yu Jae Seok က သူ့ရဲ့ဘဝကို ကျေနပ်မှုရှိအောင် နေထိုင်နေတဲ့အကြောင်း ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ tvN’s talk show ‘You Quiz on the Block’ အစီအစဉ်မှာ သူ့ရဲ့ လှုမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောပြပေးခဲ့ပါတယ်။ ဒီသတင်းကို sbs က ခုလိုဖော်ပြထားတာပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by YU JAE-SEOK FANPAGE (@yoojaesukssi_)

Sponsored

ဒီအစီစဉ်မှာ စာရေးဆရာတစ်ယောက်နဲ့အတူ သူ့ရဲ့ စာအုပ်အကြောင်းကို ပြောရင်း Yu Jae Seok က “စာအုပ်ထဲမှာ ကျွန်တော်လုပ်ချင်တဲ့ အရာကို ကျွန်တော်လုပ်တယ်လို့ ရေးထားတာနဲ့ ပတ်သက်ပြီး ပြောစရာ နည်းနည်းရှိပါတယ်” ဆိုပြီး ပြောလာခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by YU JAE-SEOK FANPAGE (@yoojaesukssi_)

သူက ဆက်လက်ပြီး “လူတော်တော်များများက ကျွန်တော့် လုပ်နေတဲ့အရာတွေ၊ အပြုအမူတွေကို ထိန်းချုပ်ပြုပြင်ထားတယ်လို့ ထင်တတ်ကြတယ် ဘာကြောင့်လဲဆိုတော့ ကျွန်တော်က လူတွေနဲ့ ပြောဆိုဆက်ဆံရတာ များတဲ့အတွက်ကြောင့်ပါ ။ ဒါပေမယ့် ဒါက အဓိကမကျပါဘူး ကျွန်တော်က ကျွန်တော်လုပ်ချင်တာကိုပဲ အမြဲတမ်း လုပ်တတ်တာပါ” လို့ ပြောကြားခဲ့ပါတယ်။

READ
သံပရိုရေနွေး တစ်နေ့တစ်ခွက် သောက်ခြင်းဖြင့်ရလာမယ့် အံ့မခန်းအကျိုးကျေးဇူး (၆)မျိုး

 

 

View this post on Instagram

 

A post shared by YU JAE-SEOK FANPAGE (@yoojaesukssi_)

“တစ်ချို့တွေကျတော့ ကျွန်တော့်ရဲ့ ဘဝက ပျင်းစရာကောင်းမယ်လို့ ပြောကြပြန်တယ်။ အလုပ်တွေပဲ လုပ်နေတာမျိုး၊ gym ပဲသွားနေရတာမျိုးပဲ လုပ်နေပြီး တစ်ခါတစ်လေ သောက်စားတာမျိုးတောင် မရှိပဲ ဘယ်ကပျော်စရာကောင်းမလဲ ဆိုတာမျိုးပေါ့ ။ ဒါကတကယ့်ကို တွေးစရာတစ်ခုပါ။ အရက်သောက်တာက ဆိုးဝါးတဲ့ အရာတစ်ခုပါ ။ ဒီတော့ ကောင်းမွန်တဲ့ အချိန်လေးဖန်တီးဖို့ အရက်သောက်ဖို့ လိုအပ်ရဲ့လား ကျွန်တော် တကယ်မသိဘူး” ဆိုပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by YU JAE-SEOK FANPAGE (@yoojaesukssi_)

Yu Jae Seok ဟာ 1991 မှာ ဟာသသရုပ်ဆောင်အဖြစ် ပွဲဦးထွက်လာခဲ့ပြီး သူနာမည်ရဖို့ အတော်လေးကို ရုန်းကန်ခဲ့ရပါတယ်။ 2000 ခုနှစ်အစောပိုင်းမှာတော့ သူ့ရဲ့ ယဉ်ကျေးသိမ့်မွေ့ပြီး အရည်အချင်းရှိတဲ့ အစီအစဉ်တင်ဆက်မှုတွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို များစွာရရှိလာခဲ့ပါတယ်။ အခုအချိန်မှာတော့ Yu Jae Seok ဟာ ကိုးရီးယားရဲ့ နံပါတ်တစ်နေရာမှာရှိနေတဲ့ အစီအစဉ် တင်ဆက်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်နော်။

READ
သင်ဟာ ရတနာတစ်ပါးလိုတန်ဖိုးရှိတဲ့ မိန်းကလေးဖြစ်ကြောင်း သိနိုင်မယ့်အချက်(၅)ချက်

Khin

sponsored