ငယ်ငယ်ကအချစ်ဦးလေး Zac Efron ရဲ့ အတည်တကျ အချစ်ရေးအချစ်ရာအကြောင်း

Celebrities's Instagram
Sponsored

Zac Efron ဆိုတာ ဟိုးကျောင်းနေစဉ် အဖြူအစိမ်းနဲ့ ချာတိတ်မလေးအရွယ်တုန်းက အရမ်းကိုအရမ်းကို သည်းသည်းလှုပ်ကြွေခဲ့ရတဲ့ မင်းသားလေးတစ်လက်ပါ။ High School Musical ကို ကားတိုင်း လက်မလွှတ်တမ်းကြည့်ခဲ့ရတာကို မှတ်မိကြဦးမယ်ထင်ပါတယ်။

 

 

View this post on Instagram

 

A post shared by Zac Efron (@zacefron) on

Sponsored

အခုတော့ ကိုယ်တွေရဲ့အစ်ကိုကြီး Zac Efron ဟာ အနယ်ထိုင်နေပြီဖြစ်တဲ့ အချစ်ရေးတစ်ခုကို တည်ထောင်နေခဲ့ပါပြီတဲ့။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက TMZ ကနေပြီး Zac Efron နဲ့ တွဲပုန်းခုတ်နေတဲ့ ကောင်မလေးအကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ ကောင်မလေးနာမည်ကတော့ Vanesa Valladares ပါတဲ့။ အသက်ကတော့ ၂၅ နှစ်ရှိနေပြီဖြစ်ပြီး သြစတေးလျမော်ဒယ်တစ်ဦးပါ။ နှစ်ယောက်သားကို စစချင်း Thredo မှာ ski vacation ထွက်နေတုန်း စစချင်း သတိထားမိခဲ့ကြတာပါ။

READ
COVID-19 ကူးစက်ခံနေရတဲ့ Tiffany ရဲ့ မန်နေဂျာ

 

နောက် ဇွန်လထဲမှာလည်း Vanesa Valladares အလုပ်လုပ်တဲ့ ကဖေးမှာ Zac Efron ကို မြင်တွေ့ခဲ့ရပြီးမှာတော့ နှစ်ဦးသားအနောက်ကို ပါပါရာဇီတွေလိုက်ကာ စုံစစမ်းမှုတွေပြုလုပ်ခဲ့ပါတော့တယ်။ အခုတော့ နှစ်ယောက်သားရဲ့ အချစ်ရေးဟာ တော်တော်လေး တည်ငြိမ်နေစပြုနေပါပြီဆိုပြီး အတွင်းလူက ပြောခဲ့ပါတယ်။ အရင်တုန်းက ပါတီတွေတက်ပြီး ဆိုးသွမ်းခဲ့တဲ့ ကောင်ချောလေး Zac Efron ဟာ အခုဆိုရင်တော့ ချစ်သူအသစ်လေးကြောင့် အဲလိုတွေလည်း မသွားတော့သလို တော်တော်လးကိုလည်း ငြိမ်ချက်သားကောင်းနေပါပြီ။

READ
ဇာတ်ညွှန်းမှာ မပါပဲ သူ့စိတ်ကူးနဲ့ ထည့်လိုက်တဲ့ ဇာတ်ဝင်ခန်းတွေကို Kim Junghyu ထုတ်ပြော

နှစ်ယောက်သားရဲ့ အချစ်ရေးဟာ တော်တော်လေးကို အနည်ထိုင်နေခဲ့ပြီး တစ်ယောက်ကိုတစ်ယောက်ကိုလည်း ကောင်းတဲ့ဖက်တွေကိုပဲ အမြဲတမ်း ပြင်ဆင်ပြီး လမ်းမှန်ရောက်အောင် တွန်းပို့ပေးနေတဲ့ healthy relationship လေးဖြစ်နေပါပြီတဲ့။

 

 

View this post on Instagram

 

A post shared by Zac Efron (@zacefron) on

Zac Efron ကိုတော့ အခုဆိုရင် Netflix နဲ့ “Down to Earth with Zach Efron” ဆိုတဲ့ စီးရီးအသစ်မှာ ပြန်မြင်နိုင်နေပါပြီ။

penny

sponsored