Depression ကို တစ်သက်လုံးစာ ကန်ထရိုက်ဆွဲထားတတ်ကြတဲ့ ရာသီခွင် (၆) ခု

Freepik- cookie-studio
Sponsored

စိတ်ဓာတ်ကျခြင်းကတော့ လူတိုင်းမှာ အသက်ကြီးကြီးငယ်ငယ် ဖြစ်တတ်ကြတာချည်းပါပဲ။ ဒါပေမဲ့ တချို့ရာသီခွင်တွေကတော့ အလကားနေအလကား အမြဲတမ်းလိုလို depression ဝင်နေတတ်ကြပါတယ်တဲ့။ ဒါဆိုရင် depression ကို တစ်သက်လုံးစာ ကန်ထရိုက်စွဲထားတတ်ကြတဲ့ ရာသီခွင် (၆) ခုကတော့..

(၁) Pisces

Sponsored

သူတို့က မွေးကတည်းက depression ဖြစ်ဖို့ကို မွေးလာသလိုပါပဲ။ အနစ်နာခံရတာကတော့ သူတို့ရဲ့ ကံလို့တောင် ပြောရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ Pisces လေးတွေဟာ တစ်ဖက်သားအပေါ် အရမ်းကြင်နာတတ်တယ်၊ ကိုယ်ချင်းစာတတ်တယ်၊ နောက် အရမ်းလည်း တွယ်တာတတ်သလို၊ သနားညှာတာမှုလည်းရှိတတ်တယ်။ ဒီအချက်တွေကြောင့်ပဲ သူတို့ဟာ သူတို့ဘဝကိုယ်သူတို့ စိတ်ကြိုက်နေခွင့်မရှိဘဲ တစ်ဖက်သားရဲ့ လောင်းရိပ်အောက်မှာပဲ သူတို့မျက်နှာကိုကြည့်ကာ နေတတ်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကို ပျော်ရွှင်စေမယ့်အရာတွေကိုတောင် ကိုယ်ချစ်ရတဲ့လူတွေ စိတ်အနှောက်အယှက်ဖြစ်မှာဆိုးလို့ဆိုပြီး လက်လွှတ်တတ်လိုက်ရပါတယ်တဲ့။ ဒါတွေကြောင့် စိတ်ဖိဆီးနေရတာပါ။

Freepik- pressfoto

(၂) Cancer

Cancer လေးတွေကတော့ အမြဲတမ်း စိတ်ဓာတ်တွေထွေပြားပြီး ကျဆင်းနေသူလေးတွေပါ။ အဓိကကတော့ သူတို့ဟာ အရမ်း ဂရုစိုက်လွန်းပြီး sensitive ဖြစ်လွန်းလို့ပါပဲ။ ဒါကြောင့် သူတို့ကို ဘယ်သူမှ တကယ်မချစ်ဘူး၊ ဂရုမစိုက်ဘူးလို့ ထင်တနေကာ စိတ်ညစ်လေ့ရှိပါတယ်။ ပျော်ရွှင်မှုအတွက် တခြားလူတွေရဲ့ ဂရုစိုက်ခြင်းကို အရမ်းအလေးထားတဲ့လူလေးတွေပါ။ နောက် သူတို့ရဲ့ ခံစားချက်နဲ့လိုအပ်ချက်တွေကို မပြောဘဲ မျိုသိပ်ထားလို့လည်း ပိုပြီး ခံစားတတ်ရပါသေးတယ်။

READ
ဘယ်လိုနေနေ လူတစ်ကာအချစ်ခံရတဲ့ ချစ်မွှေးပါတဲ့ရာသီဖွားများ
Freepik- cookie_studio

(၃) Scorpio

တစ်ခုခုဆို လိုတာထက်ကိုပိုပြီး နက်နက်နဲနဲ နင့်နင့်သီးသီး ခံစားတတ်ကြပါတယ်။ ဒါကြောင့်လည်း ရာသီခွင်တွေထဲ Scorpio ဟာ စိတ်ညစ်မှုအပေါင်း သရဖူအဆာင်းဆုံးရာသီခွင်ဖြစ်နေတာပါ။ သူက အရာရာတိုင်းကို စိတ်ခံစားချက်နဲ့ ဆုံးဖြတ်တတ်ပြီး သူတို့လေးတွေစိတ်ထဲရှိနေတဲ့လူတွေနဲ့ အဆင်မပြေတဲ့အခါ depression ပါဝင်ပြီး အစစအရာရာမှာ အဆင်မပြေမှုတွေဖြစ်ကာ လမ်းပျောက်တတ်ကြပါတယ်တဲ့။ ဒါကြောင့်လည်း သူများရဲ့ အသုံးချခြင်းကို ခဏခဏခံရသူလေးတွေပေါ့။

Freepik- freepik

(၄) Capricorn

ဒီရာသီဂြိုလ်အောက်မှာ မွေးဖွားလာသူတွေဟာ အခက်အခဲတွေကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်နိုင်ကြတယ်ဆိုပေမယ့်လို့ ဟိုးအတွင်းစိတ်ထဲမှာတော့ အဆင်မပြေမှုတွေကြောင့် depression အကြီးအကျယ်ရနေသူလေးတွေဖြစ်ပါတယ်။ ဘာကြောင့် ထုတ်မပြောတာလဲဆိုတော့ Capricorn တွေဟာ အရာရာတိုင်း၊ လူတိုင်းဟာ သူတာဝန်ယူရမယ်ဆိုပြီး တာဝန်ယူစိတ်အပြည့်အဝရှိနေတဲ့အတွက်ကြောင့် တခြားလူတွေရှေ့မှာ ကိုယ်စိတ်ဓာတ်ကျတာတွေကို ထုတ်မပြောဘဲ မြုံထားကြတာပါတဲ့။

Freepik- cookie_studio

(၅) Gemini

Gemini ဟာ အရင်ကတည်းက နှစ်ခုကို ကိုယ်စားပြုတဲ့အတွက် စိတ်နေစိတ်ထားကလည်း ၂ မျိုးရှိလို့နေပါတယ်။ တစ်ဖက်မှာ Gemini တွေဟာ ထက်မြက်တယ်၊ drama queen တွေဖြစ်ပြီး အရမ်းစကားပြောချင်ကြတယ်။ တစ်ဖက်မှာတော့ သူ့ကို နေရာအပေးမခံရဘဲ ချောင်ထိုးထားတဲ့အခါမျိုးမှာတော့ တိတ်တိတ်ကလေး depression ဝင်တတ်ကြပါတယ်တဲ့။ ဒါပေမဲ့သူတို့က သူတို့ရဲ့ စိတ်ဓာတ်ကျနေမှုကြီးကို စိတ်ထဲမှာပဲ ထားထားတတ်ကြပြီးတော့ မေ့မေ့ပျောက်ပျောက်ပဲ နေနေကြတာမလို့ လူတွေသိပ်မသိကြတာပါ။

READ
ဆတ်ဆတ်ထိမခံတဲ့ စိတ်မျိုးရှိပေမယ့် လွယ်လွယ်နဲ့ မပြိုလဲတတ်တဲ့ ရာသီခွင်(၃)မျိုး
Freepik- wayhomestudio

(၆) Taurus

မကြာခဏ လမ်းပျောက်ပျောက်တတ်တဲ့ ရာသီခွင်ပါ။ ထထပြီး ဝမ်းနည်းမယ်၊ ဘဝကြီးကို စိတ်ကုန်လာမယ်၊ မျှော်လင့်ချက်တွေမဲ့လာမယ်။ ဘာကြောင့်မှန်းလည်းမသိ အားလုံးလည်း အဆင်ပြေရဲ့သားနဲ့ ဘလိုင်းကြီးကို ထထဖြစ်နေတာမျိုးပါ။ ဒီလိုဖြစ်သွားရင်လည်း သူတို့ဟာ ဂရုစိုက်ခံလိုက်ရမှ၊ အစားတွေလျှောက်စားလိုက်ရမှ စိတ်သက်သာတဲ့လူတွေပါ။

penny

 

sponsored