ကိုယ့်ချစ်သူအပေါ်မှာ ဖောက်ပြန်နိုင်ခြေအများဆုံး ရာသီခွင်များ

shutterstock By Antonio Guillem
Sponsored

အချစ်ရေးတွေမှာ သစ္စာရှိပြီး ၊ ကိုယ့်အပေါ်ကောင်းတဲ့ သူတွေ ၊ ယုံကြည်ရတဲ့ချစ်သူမျိုးတွေရှိသလို ကိုယ့်ဘက်ကဘာအမှားမှမရှိရင်တောင် ခြံခုန်ချင်တဲ့သူ၊ မဲမဲမြင် ဖောက်ပြန်ချင်တဲ့သူတွေလည်း ဒုနဲ့ဒေ ရှိလို့နေပါတယ်။ ဒါတွေကတော့ နက္ခတ်ဗေဒ ပညာရှင်တွေ လေ့လာတွေ့ရှိထားတဲ့ ဖောက်ပြန်နိုင်ခြေအများဆုံး ရာသီခွင်တွေပဲဖြစ်ပါတယ်…

(5) Leo(July 23 to August 22)

shutterstock By chekart

Leo တွေကတော့ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ် ၊ လေးစားစိတ်ရှိကြပါတယ်။ သူတို့ကိုယ်ကို အလှဆုံး၊ အထက်မြက်ဆုံး၊ အထင်ပေါ်ဆုံးအဖြစ် သတ်မှတ်ထားကြသူတွေပါ။ ဒါ့ကြောင့် ပိုသာတဲ့သူနဲ့ထိုက်တန်တယ်လို့ ခံယူမိတတ်တဲ့အတွက် အချစ်ရေးမှာ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့တဲ့အခါ အလွယ်တကူပဲဖောက်ပြန်လိုက်ဖို့ ၀န်မလေးကြပါဘူး ။

(4) Aries (March 20 to April 21)

shutterstock By chekart
Sponsored

Aries တွေကတော့ တစ်ယောက်တည်းနဲ့ မတင်းတိမ်နိုင်တတ်ကြတဲ့သဘောရှိပါတယ်။ သူတို့က အရာရာကိုစူးစမ်းချင်တယ် ၊ အတွေ့အကြုံအသစ်တွေကို ခံစားချင်တယ် ။ ဒီခံယူချက်တွေကြောင့်ပဲ တစ်ယောက်တည်းနဲ့ ကြာကြာမတွဲနိုင်တာတွေ၊ ရည်းစားများတတ်တာ ၊ ရည်းစားရှုပ်တာတွေဖြစ်လာတာပါ။

READ
အနိုင်ရဖို့ အားထုတ်စရာမလိုဘဲ အမြဲလိုလို "Winner" ဖြစ်နေတဲ့ ရာသီခွင် (၄)မျိုး

(3) Gemini (21 May to 21 June)

shutterstock By chekart

Gemini တွေက နဂိုတည်းက စိတ်နှစ်ခွရှိတတ်ကြပါတယ်။ သူတို့က ကြာကြာလက်တွဲရတာကိုပျင်းတတ်ကြပြီး  ရည်းစားလည်းရှုပ်တတ်ကြပါတယ်။ ဒါ့ကြောင့် ဒီတစ်ယောက်နဲ့ ကျပုံစံတစ်မျိုး ၊ နောက်တစ်ယောက်နဲ့ကျ ပုံစံတစ်မျိုး မျက်နှာများတတ်ပါတယ်။

(2) Cancer (June 21 to July 22)

Cancer တွေကတော့ အရာရာကို perfect ဖြစ်ချင်ကြသူတွေပါ  ။ အရာအားလုံးက သူတို့အတွက်ပြီးပြည့်စုံနေမှ ပျော်တတ်ကြလို့ အချစ်ရေးမှာ ညှိနှိုင်းမှုတွေ၊ အဖုအထစ်တွေရှိလာတဲ့အခါ သည်းမခံနိုင်ပဲ perfect ဖြစ်မယ့်သူကိုရှာရင်း ဖောက်ပြန်တတ်ကြပါတယ်။

(1) Sagittarius (November 23 and December 21)

shutterstock By chekart

ရာသီခွင်တွေထဲမှာ အချစ်အခံချင်ဆုံး၊ လူအများအာရုံစိုက်တာအခံချင်ဆုံးကတော့ Sagittarius တွေပါ။ သူတို့ချစ်သူအပေါ်မှာ အလိုမကျတာ၊ မကျေနပ်တာတွေကြောင့်မဟုတ်ပဲ စော်ကြည်ဘဲအနေနဲ့ ထည်လဲတွဲချင်ချင်ကြလို့ကို ခြံခုန်ကြတာပါတဲ့ ။

READ
ချစ်သူအတွက် ဓာတ်ပုံကောင်းတစ်ပုံထွက်ဖို့ စိတ်ရှည်လက်ရှည် ကြိုးစားကြသူများ

ဒီရာသီခွင်တွေကတော့ မွေးဖွားရာ နက္ခတ်ဗေဒအရ စိတ်တွေကို ခန့်မှန်း တွက်ချက်ထားတာဖြစ်ပါတယ် ။ ရာသီခွင်တိုင်းမှာ သစ္စာရှိတဲ့သူ၊ မဖောက်ပြန်ပဲ ကိုယ့်အပေါ်တစ်ကယ်မေတ္တာစစ်နဲ့ ချစ်တဲ့သူတွေလည်းရှိနိုင်တာမို့ အချင်းချင်းလေးစားမှုနဲ့ ပျော်ပျော်ရွှင်ရွှင်လက်တွဲနိုင်ကြပါစေလို့ AuntyMay ကဆုတောင်းပေးလိုက်ပါတယ်နော်

#AuntyMay

sponsored