တကူးတက gym သွားစရာလည်း မလိုသလို အိမ်မှာပဲ stay home ရင်း slim body လေးရအောင် ပြုလုပ်လို့ ရပါတယ်နော်။ လိုက်လုပ်ရလည်း အဆင်ပြေသလို တစ်ကိုယ်လုံးက အဆီတွေကို ကျစေတဲ့ တကယ့်ကို ထိရောက်တဲ့ cardio exercise လေး သုံးခုကို ဖော်ပြပေးလိုက်ပါတယ်။ အချိန်အနည်းငယ်ပေးရုံနဲ့ ခန္ဓာကိုယ်လေး ကျစ်ကျစ်လျစ်လျစ်လေးနဲ့ အဆီကျလှပစေမှာပါ။
Burpee

အချိန်ဆယ်မိနစ်ပေးရုံနဲ့ ကယ်လိုရီပေါင်း 100 လောင်ကျွမ်းစေပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ထိရောက်စေတဲ့ လေ့ကျင့်ခန်းလေးပဲ ဖြစ်ပါတယ်။ လက်မောင်းကြွက်သား၊ ရင်ဘတ်ကြွက်သား၊ တင်နဲ့ ဗိုက်တွေကို အဓိကထိရောက်စေပါတယ်။ မတ်တပ်ရပ်အနေအထားကနေ squat ထိုင်ပြီး လက်နှစ်ဖက်ဝါးနှစ်ဖက်ကို ကြမ်းပြင်မှာ ထောက်ထားလိုက်ပါ။ ပြီးရင်တော့ ခြေထောက်တွေကို နောက်ကို ဆန့်တန်းလိုက်ပြီး ကြမ်းပြင်ကို လက်မောင်းနဲ့ အားပြုပြီး ထောက်ထားပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် ကြမ်းပြင်ကို အားပြုတွန်းကန်လိုက်ပြီး ထိုင်တဲ့အနေအထားကနေ လက်မြှောက်ပြီး ခုန်ရမှာ ဖြစ်ပါတယ်။ ပုံမှာ ပြထားတဲ့ ပုံစံလေးအတိုင်း လုပ်ပေးရမှာပါ။ ဒီလိုမျိုး အကြိမ်ရေ နှစ်ဆယ် လုပ်ပေးရမှာ ဖြစ်ပါတယ်။
Kickboxing

ဒီလေ့ကျင့်ခန်းကလည်း ခန္ဓာကိုယ်ရဲ့ အဆီတွေကို ကျစေနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ဒီလေ့ကျင့်ခန်းက မိနစ်ခြောက်ဆယ်ကို ကယ်လိုရီပေါင်း 350 ကနေ 450 အထိ လောင်ကျွမ်းစေနိုင်ပါတယ်။ ခြေထောက်ကို ပခုံးတွေနဲ့ တစ်တန်းတည်း အနေအထားအတိုင်း ထားပြီး လက်သီးဆုပ်ပြီး ရင်ဘတ်ရှေ့နားမှာ ထားပေးရမှာပါ။ ညာဘက်ခြေထောက်ကို အနည်းငယ်ကွေးထားလိုက်ပြီး အားနဲ့ တွန်းထားလိုက်ပါ။ ညာဘက်လက်ကို ကွေးထားတဲ့အနေအထားအတိုင်း ဘေးဘက်ကို ထုတ်ပေးလိုက်ပါ။ ပြီးရင်တော့ ဘယ်ဘက်ခြေထောက်နဲ့ ဘယ်ဘက်လက်ကို ဖြောင့်တန်းစွာ ဘေးကို ကန်တဲ့ အနေအထားအတိုင်း လုပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ တစ်ခြားတစ်ဖက်ကိုလည်း လုပ်ပေးရမှာ ဖြစ်ပါတယ်နော်။
Knee smashes

ဒီလေ့ကျင့်ခန်းက ကြွက်သားတွေ သန်မာဖို့နဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ လက်တွေကို မြှောက်ထားတဲ့ အနေအထားအတိုင်း ထားပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဘယ်ဘက် ဒူးကို မြှောက်လိုက်တာနဲ့ တစ်ပြိုင်နက် မြှောက်ထားတဲ့ လက်တွေကို ဆွဲချပေးရမှာပါ။ ဒူးကို ရင်ဘတ်နားအထိ ရောက်အောင် မြှင့်ပေးရမှာ ဖြစ်ပြီး လက်မောင်းတွေကိုတော့ အောက်ဘက်ကို ကွေးနိုင်သလောက် ကွေးပေးလိုက်ပါ။ တစ်ခြားတစ်ဖက်ကိုလည်း အဲဒီ့အတိုင်း လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါက အဆီတွေကို ထိရောက်စွာ ကျစေမယ့် လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။
Khin