မွေးကင်းစကလေးလေးတွေဆိုတာ အကိုင်အတွယ် သိပ်ကိုသတိထားရမှာပါ။ အရိုးလေးတွေဟာ ၂ နှစ်သားကလေးတွေနဲ့ယှဉ်ရင်တောင် နုငယ်သေးတာမလို့ ကလေးတွေချီရင် ဘယ်လိုမချီရဘူးလဲဆိုတဲ့ အချက်လေးတွေကို Bright Side မှ ကိုးကားပြီး ဝေမျှပေးချင်ပါတယ်။
(၁) ချိုင်းအောက်က ချီခြင်းမျိုး မလုပ်သင့်ပါဘူး။ ၆ လလောက်အထိ မွေးကင်းစကလေးတွေဆိုတာ သူတို့ခေါင်းသူ သူတို့ မနိုင်သေးတဲအတွက်ကြောင့် ညာဖက်ကလိုမျိုး ခေါင်းလေးထိန်းကာ ချီပါမှတော်ရာကျမှာပါ။

(၂) ဒီလိုမျိုး သုံးတဲ့အခါကျရင် ကလေးသက်သာပါစေတော့ဆိုပြီး ကြိုးကိုချောင်ချောင်ကြီးနဲ့ရှောရှောကြီး ပိုးတာမျိုးရှောင်ကျဉ်ရပါလိမ့်မယ်။ ညာဖက်ပုံကအတိုင်း ကလေးခြေထောက်လေးဟာ ကွေးလျက်သားဖြစ်နေမှသာ ကျောရိုးကို ကောင်းမွန်အဆင်ပြေတဲ့အနေအထားမှာ ရှိနေစေမှာပါ။

(၃) ရင်ခွင်အပ်ကာ ကလေးချီချင်တယ်ဆိုရင် ကလေးခေါင်းလေးကိုတော့ ပုခုံးထက်မှာ တင်ပေးထားပါနော်။

(၄) ဘေးတစောင်းချီခြင်းဟာ ၆ လအောက် ကလေးတွေအတွက်တော့ လုံးဝမသင့်လျော်သေးပါဘူး။ ပြောထားတဲ့အတိုင်း ဇက်မခိုင်သေးတာကြောင့် ကလေးတွေဖို့ ခန္ဓာကိုယ်ကဘေးတစောင်း၊ ခေါင်းကတည့်တည့်ကြည့်တဲ့အခါကျရင် အုန်းလွဲတာမျိုး ဒါမှမဟုတ် လှည့်ထားတဲ့ တစ်ဖက်တည်းမှာပဲ ဇက်ကြွက်သားအလုပ်လုပ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

(၅) ဘယ်ဖက်ကလိုမျိုး ကလေးကို မချီသင့်ပါဘူး။ ဒီလိုအနေအထားနဲ့ ချီလိုက်တဲ့အခါ ချီထားတဲ့ လူကြီးက ကလေးကို ထိန်းဖို့ ခက်တဲ့အခါ မလိုအပ်ဘဲ လက်လေးရဲ့ ခန္ဓာကိုယ်ကို တင်းကြပ်စွာ ဖက်ထားတတ်တာကြောင့် ပါပဲ။

Penny