မျက်ရစ်နှစ်ထပ်ပုံစံက လူတိုင်းကြိုက်နှစ်သက်ကြတဲ့ ပုံစံမျိုးဖြစ်ပြီး plastic surgery လုပ်ပြီးတောင် မျက်ရစ်ဖော်ခြင်းတွေ လုပ်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့တွေကတော့ သူတို့ရဲ့ ပင်ကိုယ်အလှကို ပိုတန်ဖိုးထားတတ်ကြပြီး ဒါကပဲ သူတို့ကို တမူထူးခြားစေတာ ဖြစ်ပါတယ်။ ဒီမင်းသားချောတွေက မျက်ရစ်မရှိတဲ့ ကိုးရီးယားမျက်လုံးတွေကို ပိုင်ဆိုင်ထားကြပေမယ့် အရမ်းကို ဆွဲဆောင်မှုရှိတဲ့ သူတွေပဲ ဖြစ်ပါတယ်။
Choi Woo Shik
View this post on Instagram
‘Parasite’ ဇာတ်ကားနဲ့ အရမ်းကိုအားပေးမှုရရှိခဲ့တဲ့ မင်းသားချော Choi Woo Shik ဟာ မျက်ရစ်မပါပေမယ့် သူ့ရဲ့ချောမောတဲ့ ရုပ်ရည်ကတော့ ပျက်မသွားပါဘူးနော်။ ချစ်စရာကောင်းပြီး မျက်လုံးမှေးမှေးလေးတွေအပြင် နူးညံတဲ့အပြုံးတို့တွဲဖက်ထားတဲ့ သူ့ရဲ့ပုံစံက အရမ်းကို ဆွဲဆောင်မှုရှိပါတယ်။
Park Seo Joon
View this post on Instagram
အားလုံးရဲ့ အသည်းစွဲ မင်းသား Park Seo Joon ဟာ ‘What’s Wrong With Secretary Kim?”, “Itaewon Class” စတဲ့ဇာတ်ကားတွေနဲ့ အရမ်းကို ပရိတ်သတ်ရဲ့အားပေးမှုကို အခိုင်အမာရရှိခဲ့သူ ဖြစ်ပါတယ်။ သူဟာလည်း မျက်ရစ်မပါပဲ သူ့ရဲ့မျက်လုံးအိမ်ကြီးကြီးတွေနဲ့ တောက်ပတဲ့အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ချောမောခန့်ညားသူ တစ်ယောက်ပဲဖြစ်ပါတယ်။
Ryu Jun Yeol
View this post on Instagram
Ryu Jun Yeol ဟာလည်း ဆွဲဆောင်မှုရှိတဲ့ မင်းသားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့မျက်ရစ်မပါတဲ့ မျက်လုံးမှေးမှေးလေးတွေနဲ့ စိုက်ကြည့်တတ်တဲ့အကြည့်က တစ်ခဏအတွင်းမှာ နစ်မျောသွားနိုင်လောက်ပါတယ်နော်။
Woo Do Hwan
View this post on Instagram
မျက်လုံးမှေးမှေး မျက်ရစ်မပါတဲ့ မင်းသားချော Woo Do Hwan ဟာ အေးစက်စက် ဂျစ်တီးဂျစ်ကန်ပုံစံ၊ စူးစိုက်တဲ့အကြည့်တွေကိုပိုင်ဆိုင်ထားပြီး တစ်ခါတစ်လေမှာ မြင်ရတတ်တဲ့ သူ့ရဲ့အပြုံးတွေက ချက်ခြင်းကျရှုံးသွားလောက်အောင် ဆွဲဆောင်မှုရှိလွန်းပါတယ်။
Lee Jae Wook
View this post on Instagram
အေးစက်စက်နိုင်တဲ့ပုံစံလို့ ထင်ရပေမယ့် တောက်ပတဲ့အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ Lee Jae Wook ဟာလည်း မျက်ရစ်မပါပေမယ့် အရမ်းကို ဆွဲဆောင်မှုရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
Kim Kang Min
View this post on Instagram
ချောမောလှပတဲ့ ရုပ်ရည်နဲ့ ကိုးရီးယားမျက်လုံးတွေရှိနေတဲ့ မင်းသားချောလေး Kim Kang Min ဟာလည်း ကြည့်လိုက်တာနဲ့ကို ဆွဲဆောင်မှုရှိပြီး မော်ဒယ်တစ်ယောက်လို အရပ်ရှည်ရှည်နဲ့ ကြည့်ကောင်းသူတစ်ယောက် ဖြစ်ပါတယ်။
Choi Hyun Wook
View this post on Instagram
Choi Hyun Wook ကိုတော့ web drama ပရိတ်သတ်တွေ ကောင်းကောင်းသိကြမှာဖြစ်ပြီး ‘Real:Time: Love’ ဇာတ်ကားနဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။ မျက်လုံးမှေးမှေး မျက်ရစ်မပါပဲ အရမ်းကိုချောမောခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး အခုမှ အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်နော်။
Khin