နောင် ၁၀ နှစ်မှာ ရွယ်တူတွေအားလုံးထက် လုံးဝကိုနုပျိုနေစေမယ့် မအိုဆေးလျှို့ဝှက်ချက် (၈) ခု

Sponsored

အလှအပဆိုတာ မျိုးရိုးနဲ့တင်ဆိုင်တာမဟုတ်ပါဘူး။ အနေအထိုင် အပြုအမူတွေနဲ့ပါ တိုက်ရိုက်သက်ဆိုင်နေတာဖြစ်ပါတယ်။ လူတိုင်းလှချင်တယ်၊ ဒါပေမယ့် လှစေမယ့်နည်းလမ်းတွေကိုတော့ လိုက်နာနိုင်တဲ့သူနည်းပါတယ်။ ခုဖော်ပြပေးမှာကတော့ နောင် ၁၀ အကြာမှာ သူများနဲ့ယှဉ်လိုက်ရင် နုပျိုနေစေမယ့် မအိုဆေးလျှို့ဝှက်ချက်လေးတွေပဲဖြစ်ပါတယ်။ တကယ်လိုက်လုပ်တဲ့သူကတော့ အကျိုးကိုခံစားရမှာပါ။

(၁) ခြေထောက်ကို အပေါ်မြှောက်ပေးခြင်းဟာ သွေးလည်ပတ်မှုကို မှန်ကန်စေရုံသာမက အကြောထုံးတာတွေပါ မဖြစ်အောင် တားဆီးကာကွယ်ပေးပြီးသားဖြစ်ပါတယ်။

brightside.me
Sponsored

(၂) နေကာခရင်မ်ကို ရာသီမရွေးလိမ်းပေးရပါမယ်။ နေကာခရင်မ်ပုံမှန်လိမ်းတဲ့သူတွေဟာ မလိမ်းတဲ့သူတွေထက် အများကြီးပိုပြီး နုပျိုတာကို တွေ့ရပါတယ်။

(၃) မျက်နှာတင်မက လည်ပင်းကိုလည်း ဂရုစိုက်ဖို့မမေ့ပါနဲ့။ မျက်နှာကိုလိမ်းတဲ့ skin care တိုင်းကို လည်ပင်းမှာပါလိမ်းပေးရပါမယ်။ လည်ပင်းမှာ အရေပြားတွဲနေတာက သင့်ကို အိုမင်းရင့်ရော်စေပါတယ်။

brightside.me

(၄) အမြဲလိုလို ရေသောက်ရပါမယ်။ တစ်နေ့ကို ရေ ၂ဘူးအနည်းဆုံး ပုံမှန်သောက်သုံးပေးခြင်းဖြင့် တစ်နှစ်အတွင်း အသားအရေကအစ အများကြီးပြောင်းလဲသွားမှာဖြစ်ပါတယ်။

READ
အဆီပြန်လို့ စိတ်ညစ်နေသူများအတွက် နနွင်းကို သုံးပြီး မျက်နှာပေါင်းတင်နည်း (၂) နည်း

(၅) ခေါင်းအုံးစွပ်ကို ဖဲ၊ ပိုးလိုမျိုး နူးညံ့ပြီးပြောင်ချောတဲ့ပိတ်စကို အသုံးပြုပါ။ ကြမ်းတမ်းတဲ့ ခေါင်းအုံးစွပ်ဟာ ပွတ်တိုက်ပါများရင် အသားအရေကိုသာမက ဆံပင်ကိုလည်းပျက်စီးစေနိုင်တာကြောင့်ပါ။

brightside.me

(၆) ဆံပင်ကိုတင်းကျပ်စွာမစည်းပါနဲ့။ ဆံပင်တွေကို ကျိုးကြေစေပြီး အဖျားနှစ်ခွဖြစ်စေနိုင်ပါတယ်။

(၇) ခဏတဖြုတ် လေ့ကျင့်ခန်းလုပ်တဲ့အကျင့်ကို မွေးမြူပါ။ တီဗီကြည့်ပြီးတိုင်း၊ စာကျက်ပြီးတိုင်း၊ အလုပ်ပြီးတိုင်း စသဖြင့် တစ်ခုခု ပြီးတိုင်းမှာ ခဏတဖြုတ်အိမ်တွင်းလေ့ကျင့်ခန်းလေးတွေကို ပြုလုပ်ပေးခြင်းဖြင့် ပိန်သွယ်ကျစ်လျစ်စေပါတယ်။

(၈) ဖုန်းပြောတဲ့အခါ နားကျပ်ကို အသုံးပြုပါ။ ဖုန်းမှာကပ်ညိနေတဲ့ မမြင်ရတဲ့ ပိုးမွှားတွေဟာ အသားအရေကို ပျက်စီးစေပြီး၊ ဝက်ခြံ၊ အမဲစက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

brightside.me

Em Em

sponsored