ရည်းစားထားဖို့ လွယ်လွယ် မဆုံးဖြတ်တတ်တဲ့ မိန်းကလေးတွေရဲ့ အားသာချက်များ

Photo by Miftah Rafli Hidayat from Pexels
Sponsored

အရွယ်ရောက်တာနဲ့  အချစ်ဆိုတာကို ခံစားမိလာကြမှာ ဖြစ်ပါတယ်။ စိတ်ကစားတာတွေ ချစ်ကြိုက်မိတာတွေနဲ့ လူငယ်အများစုကတော့ ချစ်သူရည်းစား ထားတတ်ကြပါတယ်။ တစ်ချို့ကောင်မလေးတွေကတော့ ထူးခြားစွာပဲ ရည်းစားထားဖို့ လွယ်လွယ် မတွေးတတ်ကြပါဘူး။ သူတို့တွေက ခံစားချက်ကို ဦးနှောက်နဲ့ ကောင်းကောင်း တွေးပြီး ချင့်ချိန်နိုင်တာကြောင့် ဒီလို အားသာချက်တွေ ရှိနေပါတယ်။

(၁) အချစ်စစ်ကို ဆုံတွေ့နိုင်တယ်

Sponsored

ချစ်သူထားတဲ့အခါ စိတ်ကစားတာကြောင့်လည်း ဖြစ်တတ်သလို မမျှော်လင့်ဘဲ ဖြစ်သွားတာလည်း ဖြစ်တတ်ပါသေးတယ်။ ဒီလိုမျိုး ရည်းစားထားမိနေတာကြောင့် ကိုယ့်ရဲ့ အချစ်စစ်နဲ့ နောက်ကျမှ ဆုံရတာမျိုး ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် ချစ်သူထားဖို့ အရေး သေချာ တွေးတဲ့ မိန်းကလေးတွေကတော့ အချစ်တုတွေ ရှောင်ရှားနိုင်ပြီး ကိုယ်ရော သူရော အပြန်အလှန် ချစ်တဲ့ ချစ်သူကို အချိန်ကိုက်ရှာတွေ့နိုင်ပါတယ်။

READ
နည်းပညာလောကရဲ့ အာဏာအရှိဆုံး အမျိုးသမီးလို့ တင်စားရလောက်တဲ့ သူမ
Photo by Ba Phi from Pexels

(၂) လွယ်လွယ်နဲ့ မနာကျင်ရတော့ဘူး

ကိုယ့်ခံစားချက်တွေကို အများကြီးလည်း မဆန်းစစ်၊ ချစ်ခွင့်ပန်သူကိုလည်း လွယ်လွယ်လေးနဲ့ ကိုယ့်ကို ချစ်တယ်လို့ ယုံကြည်လိုက်တဲ့အခါမှာတော့ နောင် ကိုယ့်ကို လမ်းခွဲတဲ့အခါ၊ ကိုယ်က လမ်းခွဲချင်လာတဲ့အခါ နာကျင်စရာ အခြေအနေတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ သေချာစဉ်းစားတတ်တဲ့ ကောင်မလေးတွေကတော့ ဒီလို လွယ်လွယ် ရည်းစားဖြစ်၊ လွယ်လွယ် နာကျင်ဆိုတာမျိုးတွေကို ရှောင်ရှားနိုင်ပါတော့တယ်။

Photo by Min An from Pexels

(၃) ရည်းစား မများတော့ဘူး

ဦးနှောက်ကို အလုပ်မပေးဘဲ စိတ်အလိုအတိုင်း ရည်းစားထားလိုက်၊ ပြတ်လိုက်၊ ရည်းစားထပ် ထားလိုက် ဖြစ်နေတာက အချစ်စစ်နဲ့ မတွေ့ခင်မှာ ရည်းစားများပြီး အလုပ်ရှုပ်ရုံပဲ အဖက်တင်မှာပါ။ သေချာစဉ်းစားပြီး ချစ်သူ ထားတဲ့သူတွေကတော့ ရည်းစားများတယ်ဆိုတဲ့ ဂုဏ်ပုဒ် မရနိုင်ပါဘူးနော်။

Freepik.com

(၄) ကိုယ့်အတွက် အချိန်ပိုရတယ်

READ
နန်းဆန်ဆန်လှချင်တဲ့ပျိုမေတို့အတွက် တော်ဝင်မင်းသမီးတို့ရဲ့အလှအပရေးရာလျှို့ဝှက်ချက်များ

ချစ်သူအဖြစ် သေချာရွေးတတ်တဲ့ သူတွေကတော့ ရည်းစား မရှိတဲ့အချိန်တွေကို အကောင်းဆုံး အသုံးချနိုင်ကြပါတယ်။ ကိုယ့်အတွက် ပညာရပ်ဆိုင်ရာ ဖြစ်စေ၊ အားလပ်ချိန်အတွက် ဖြစ်စေ အချိန်တွေ ပိုရတတ်ကြပါတယ်။ ရည်းစားကို အချိန်ပေးစရာ မလိုတော့တဲ့အတွက် ကိုယ့်အတွက် အကျိုးရှိစရာတွေကို ပိုလုပ်နိုင်သွားပါတော့တယ်။

Photo by cottonbro from Pexels

(၅) လူတွေ အကြောင်းပိုသိလာမယ်

ကောင်လေးတွေက အပြောသက်သက် ရှိကြတာ များပါတယ်။ သူတို့ တကယ် မချစ်မိသေးဘဲ စိတ်ဝင်စားမိရုံနဲ့လည်း ချစ်တယ်ဆိုတာမျိုး ပြောတတ်ကြပါတယ်။ ဒီလိုအပြင် တစ်ချို့က ကိုယ်နဲ့ ရည်းစားဖြစ်နေတယ်ဆိုတဲ့ အခြေအနေမျိုးကို လိုချင်တာမျိုး ရှိနေတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ချစ်ခွင့်ပန်ကြသူတွေကို စောင့်ကြည့်ပြီး သေချာစဉ်းစားတဲ့အခါ သူတို့ရဲ့ စိတ်ရင်းအမှန်တွေကို မြင်တွေ့ရပြီး လူတွေမှာ ဘယ်လို သဘာဝရှိတယ်ဆိုတာကို ပိုသိလာရမှာ ဖြစ်ပါတယ်။

Kham

sponsored