မိခင်ဆိုတာ သားသမီးတွေအတွက်တော့ တကယ့်ကို သူရဲကောင်းကြီးတစ်ယောက်ပါ။ မိခင်တွေမှာ သားသမီးတွေ မသိနိုင်တဲ့ ဆုံးရှုံးမှုတွေ အများကြီးရှိနေပြီးတော့ ဒီဆုံးရှုံးမှုတွေနဲ့ လှဲလှယ်ပြီး သူတို့ကို သူတို့ မိခင်အဖြစ် ခံယူလိုက်ကြပါတယ်။ ကလေးလေးတွေ မွေးလိုက်ခြင်းက မေမေတွေရဲ့ ခန္ဓာကိုယ်မှာ ဟော်မုန်းပြောင်းလဲမှုတွေဖြစ်ပေါ်ပြီး ပြောင်းလဲခြင်းတွေ များစွာဖြစ်ပေါ်လာတတ်ပါတယ်။
ခြေထောက်ဆိုဒ်တွေ ကြီးလာခြင်း

လေ့လာတွေ့ရှိချက်တွေအရ အမျိုးသမီးတွေဟာ ကလေးမွေးပြီးသွားတဲ့ အချိန်မှာ ခြေထောက်ဆိုဒ်တွေဟာ ပုံမှန်ထက် ဆိုဒ်ကြီးလာတတ်ကြပါတယ်တဲ့။ ဒါဟာ ကလေးလေးမွေးဖွားလိုက်တဲ့အတွက် ခန္ဓာကိုယ်မှာ ဟောမုန်းပြောင်းလဲခြင်း ဖြစ်ပေါ်လာခြင်းဖြစ်ပြီးတော့ ခြေထောက်ဆိုဒ်တွေဟာ အရင်ကထက် ပိုပြီးကြီးလာခြင်း ဖြစ်ပါတယ်။
ဆံပင်နဲ့ မျက်လုံးအရောင်တွေ ပြောင်းလဲလာခြင်း
ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာပဲ မိခင်ရဲ့ ဆံပင်နဲ့ မျက်လုံးအရောင်တွေဟာ ပြောင်းလဲလာနိုင်ပါတယ်တဲ့နော်။ ဒါဟာ ဟောမုန်းမညီမျှမှုတွေကြောင့် ဖြစ်ပေါ်ပြီးတော့ melanin ဓာတ်လျော့နည်းခြင်းကြောင့် ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြောင်းလဲခြင်းဟာ တစ်ချို့တွေမှာ ယာယီမျှသာဖြစ်ပြီးတော့ တစ်ချို့တွေကတော့ အမြဲတမ်းပြောင်းလဲသွားနိုင်ပါတယ်။ အမျိုးသမီး အများစုကတော့ ကလေးမွေးပြီးသွားရင် ဆံပင်တွေဖြူလာတတ်ကြပါတယ်။
အရသာ ကြိုက်နှစ်သက်မှု ပြောင်းလဲခြင်း

အမျိုးသမီးတွေဟာ ကလေးမွေးပြီးသွားတဲ့အချိန်မှာ အစပ်ပိုကြိုက်သွားတတ်ကြပါတယ်။ ဒါဟာ သူတို့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဟော်မုန်းတွေ ပြောင်းလဲသွားခြင်းကြောင့် အကြိုက်တွေ ပြောင်းသွားပြီး အရင်က မကြိုက်တာတွေကို ကြိုက်နှစ်သက်လာတတ်ကြပါတယ်။
ချွေးပိုထွက်လာတတ်ခြင်း
အမျိုးသမီးတွေဟာ ကလေးမွေးပြီးသွားတဲ့အခါမှာ အရင်ကထက် ချွေးပိုထွက်လာတတ်ကြပါတယ်။ ဒီလိုချွေးထွက်ခြင်းက ညဘက်မှာ ပိုဖြစ်တတ်ပြီးတော့ ဒါဟာ သွေးထဲမှာရှိတဲ့ estrogen level မြင့်တက်လာခြင်းကြောင့် ဖြစ်ပါတယ်။
Allergic တွေတိုးလာတတ်ခြင်း

ကလေးမွေးပြီးသွားတဲ့အချိန် မေမေတွေမှာ အရင်က မရှိဖူးတဲ့ allergic ဖြစ်တာတွေ တိုးလာတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကို ဆရာဝန်တွေကလည်း အတိအကျမပြောနိုင်သေးပေမယ့် ဒါဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ ဖြစ်ပေါ်တဲ့ ပြောင်းလဲခြင်းတွေ ကြောင့်လို့ ခန့်မှန်းထားကြပါတယ်။
Khin