သေချာပေါက် အောင်မြင်မယ့်သူတွေမှာသာ တွေ့ရတတ်တဲ့ အပြုအမူလေးတွေ

shutterstock/TZIDO SUN
Sponsored

လူတစ်ယောက်ရဲ့ နေထိုင်မှုပုံစံနဲ့ အပြုအမူတွေဟာ အောင်မြင်မယ့်သူ ဟုတ်မဟုတ်ကို ဖော်ပြနေပါတယ်။ ဒီလိုပဲ သေချာပေါက် အောင်မြင်မယ့်သူတွေက သူတို့ရဲ့အပြုအမူတွေကအစ အမြဲတမ်း သတိထားနေတတ်ကြပြီး positive ဆန်တဲ့အရာလေးတွေကိုပဲ လုပ်တတ်ကြပါတယ်။

ခါးကိုမတ်မတ်ထားထိုင်တယ်

shutterstock/ESB Professional

လူတစ်ယောက် အလုပ်လုပ်တဲ့အခါ ခါးကုပ်ကုပ်နဲ့ ထိုင်တဲ့ပုံစံနဲ့ ခါးကိုမတ်မတ်ထားထိုင်တဲ့ ခံစားမှုက လုံးဝမတူပါဘူး။ ခါးကိုလျော့ပြီး ကုပ်ကုပ်လေးထိုင်တဲ့အခါ လူကကြာလာရင် ပျင်းလာပြီး အလုပ်လုပ်ချင်စိတ်ကို နည်းလာစေပါတယ်။ ခါးမတ်မတ်ထိုင်ခြင်းက တက်တက်ကြွကြွလည်းရှိသလို စိတ်ပါလက်ပါနဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်ပါတယ်။ ဒီတော့ အောင်မြင်မယ့်သူတွေကိုကြည့်လိုက်ရင် အမြဲတမ်းတက်ကြွပြီး ခါးမတ်မတ်ထားထိုင်တတ်တာကို တွေ့ရမှာပါ။

လက်ဟန်ခြေဟန်တွေနဲ့ စကားပြောတတ်တယ်

Sponsored

အောင်မြင်တဲ့သူအများစုဟာ စကားပြောတဲ့အခါ လက်ဟန်ခြေဟန်တွေသုံးပြီး စကားပြောတတ်တာကို တွေ့ရပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့အခါ ဒီအတိုင်း ဘာကိုယ်ဟန်မှမပါပဲ ပြောတာက တစ်စုံတစ်ခုကို မပြောပဲဖုံးကွယ်ထားဟန်ပေါ်ပြီး လက်ဟန်ခြေဟန်လေးတွေ အသုံးပြုတာက ဘာမှဖုံးကွယ်မထားဘူးဆိုတာကို ဖော်ပြသလို ဖြစ်စေပါတယ်။

READ
မှန်ကြောင်လေးတွေသာ နေ့စဉ် ကြုံနေရတဲ့ အခက်အခဲများ

လက်တွေကို ဖွင့်ထားတတ်တယ်

shutterstock/GaudiLab

လူတစ်ယောက်ရဲ့ လက်ပိုက်ထားတဲ့အမူအရာက ငါဟာ သက်တောင့်သက်သာမဖြစ်ဘူး၊ မင်းပြောတာကို ငါလက်မခံဘူးစတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်သွားစေတတ်ပါတယ်။ မျက်နှာကပြုံးထားပေမယ့် လက်ပိုက်ထားတာကြီးကတော့ ကောင်းမွန်တဲ့ အပြုအမူမျိုးတော့ မဟုတ်ပါဘူး။ အောင်မြင်တဲ့သူတွေကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ လက်တွေကို ဒီအတိုင်းချထားတာမျိုးပဲ လုပ်တတ်ကြပါတယ်နော်။

ဆံပင်တွေကို ထိကိုင်မနေဘူး

လူတစ်ယောက်နဲ့ စကားပြောနေတဲ့အချိန်မှာ တစ်ချိန်လုံး ကိုယ့်ဆံပင်ကိုကိုင်နေတာမျိုးက ကိုယ့်ကိုယ်ကြည့်ရဆိုးစေပြီး ဒါက မလုံခြုံမှု၊ အာရုံစူးစိုက်မှုမရှိမှုကို ပေါ်လွင်စေပါတယ်။ ဒါကြောင့် စကားပြောတဲ့အချိန်မှာ လက်ကခဏခဏ ဆံပင်ကို သွားထိကိုင်တာမျိုး မလုပ်သင့်ပါဘူး။

အပြုံး

shutterstock/Wedding and lifestyle

အပြုံးဆိုတာက လူတစ်ယောက်အတွက် သိပ်ကိုအရေးကြီးတဲ့အရာဖြစ်ပြီးတော့ မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့နေရာမှာ အပြုံးကို အသုံးချတတ်ရပါတယ်။ အောင်မြင်မယ့်သူအများစုက မျက်နှာမှာ အပြုံးကိုချိတ်ဆွဲထားဖို့ မမေ့တတ်ကြပါဘူး။

READ
ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတဲ့သူတွေမှာပဲ တွေ့ရမယ့် လက္ခဏာရပ်များ

မျက်လုံးချင်းဆုံပြီး စကားပြောတာ

shutterstock/ fizkes

တစ်ချို့လူတွေက စကားပြောတဲ့အခါ တစ်ဖက်လူရဲ့မျက်လုံးကို စိုက်ကြည့်ဖို့ တွန့်ဆုတ်တတ်ကြပြီး အကြည့်ချင်းမဆုံပဲ စကားပြောတတ်ကြပါတယ်။ မျက်လုံးချင်းဆုံပြီး စကားပြောခြင်းက တစ်ဖက်လူအပေါ် အလေးအနက်ထားမှု၊ လုံခြုံမှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှုတွေကို ပေါ်လွင်စေလို့ ကောင်းမွန်တဲ့ body language တစ်မျိုးပဲဖြစ်ပါတယ်။

Khin

sponsored