အချစ်ရေးနဲ့ ပတ်သတ်လာရင် ရူးရူးမူးမူးချစ်တတ်ကြောင်း ဖွင့်ဟခဲ့တဲ့ ကိုရီးယား Cele များ

celebrities's ig
Sponsored

ပရိတ်သတ်တွေကတော့ သူတို့ချစ်ရတဲ့အနုပညာရှင်တွေနဲ့ပတ်သတ်တာလေးတွေကို သိချင်ကြားချင်ကြပြီး အထူးသဖြင့် အချစ်ရေးအကြောင်းလေးတွေကို ပိုစိတ်ဝင်စားကြပါတယ်။ ပရိတ်သတ်ချစ်ကြတဲ့ ကိုရီးယား Celebrities တွေထဲကမှ အချစ်နဲ့ပတ်သတ်လာရင် သူတို့က အချစ်ရူးလေးတွေပါဆိုပြီး ဖွင့်ပြောပြခဲ့တဲ့ သူတွေကတော့ …

1. Sung Joon

 

 

View this post on Instagram

 

A post shared by 성준 (@thuggyduck)

Sponsored

မော်ဒယ် ၊ မင်းသားချော Sung Joon ကတော့ သူရဲ့အချစ်ရေးကို “ ကျတော်က မကြိုက်ရင်လည်း လှည့်မကြည့်တတ်ဘူး ၊ ကိုယ်သဘောကျပြီ ချစ်ပြီဆိုရင်လည်း ကိုယ့်ချစ်သူနဲ့ပတ်သတ်ပြီး ဘယ်ကိစ္စလေးပဲဖြစ်ဖြစ် အရမ်းကို sensitive ဖြစ်ပြီး အချစ်ကြီးတတ်တဲ့ ပုံစံမျိုးပါ” လို့ပြောပြခဲ့ပါတယ်။ အခုတော့ Cele မဟုတ်တဲ့အပြင်က မိန်းကလေးတစ်ယောက်နဲ့အိမ်ထောင်ကျပြီး ကလေးတစ်ဦးရနေပြီဖြစ်ပါတယ်။

2. Jung Kyung Ho

 

Girls’ Generation အဖွဲ့ဝင် Sooyoung ရဲက ချစ်သူ မင်းသား Jung Kyung Ho ကတော့ “ အချစ်ရေးအတွေ့အကြုံကတော့ အများကြီးမရှိပါဘူး ။ ဒါပေမယ့် ရူးရူးမူးမူး ချစ်တတ်တဲ့သူမျိုးပါ” တဲ့ ။ တစ်ခါတစ်လေဆို စိတ်မချတွေဖြစ်ပြီး ချစ်သူရဲ့ ဖုန်းကိုတောင် ယူကြည့်မိပါတယ်တဲ့ ။ Jung Kyung Ho နဲ့ Sooyoung ကတော့ ၂၀၁၄ ခုနှစ်တည်းကတွဲလာတာဖြစ်ပြီး အခုဆိုရင်ရည်းစားသက်တမ်း ၇ နှစ်ထဲမှာပါ။

READ
သင့်ရဲ့ BFF တွေကို အမြဲတမ်းကျေးဇူးတင်နေသင့်တဲ့ အချက် (၅) ချက်

3. Jo Bo Ah

 

 

View this post on Instagram

 

A post shared by Cho Boah (@xxadoraa)

Tale of Nine Tailed ဒရာမာထဲက မင်းသမီး Jo Bo Ah ကလည်း အချစ်ကြီးသူလေးပါပဲ။ ချစ်သူရှိတုန်းကဆိုရင် တစ်နေ့ကို message အစောင် ၃၀၀ လောက်ပို့ပြီး သူမဘာလုပ်နေပြီ ၊ ဘယ်သွားနေပြီကအစ အစီရင်ခံတတ်ပါတယ်တဲ့။ ဒါကိုလည်း အရမ်းအစွဲအလန်း ကြီးလွန်းတယ်လို့မမြင်ပဲ ကိုယ့်ချစ်သူကို အာရုံစိုက်ပေးတာလို့ပဲ ခံယူပါတယ်လို့ ပြောထားခဲ့ပါတယ်။

  1. Lee Sang Yeob

မင်းသား Lee Sang Yeob ကတော့ အချစ်ရေးနဲ့ပတ်သတ်လာရင် အားလုံးပေးဆပ်ထားတတ်တဲ့သူမျိုးလို့ပြောခဲ့ဖူးပါတယ်။ ချစ်သူရှိလာပြီဆိုရင် သူနဲ့ဖြတ်သန်းမယ့် အနာဂတ်အတွက်ပါ ကြိုစဉ်းစား ပြင်ဆင်နေတတ်သူမျိုးပါ “ကျတော့ရဲ့ အရမ်းချစ်တတ်တဲ့ စိတ်ကြောင့်ပဲ တစ်ခြားလူတွေက ၀န်ထုပ်ဝန်ပိုးဖြစ်ပြီး ငြီးငွေ့လာတတ်တာဖြစ်မယ်” လို့ပြောပြခဲ့ပါတယ်။

  1. Lee Joon

 

View this post on Instagram

 

A post shared by LEE JOON (@leejoon__mblaq)

MBLAQ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တဲ့ မင်းသားချော Lee Joon ကတော့ “ ကျတော့်ချစ်သူက ကျတော်ဖုန်းဆက်တဲ့အချိန်မကိုင်ရင် စိတ်တွေပူပြီး ဆက်တိုက်ကိုခေါ်တတ်တယ်။ တစ်ခါကဆို သူမကိုင်လို့ အခါ ၁၄၀ လောက်ခေါ်မိသွားတယ်” လို့ ပြောပြခဲ့ပါတယ်။ Lee Joon ကတော့ တွဲဖက်သရုပ်ဆောင် မင်းသမီး Jung So Min နဲ့ (၂)နှစ်ကျော်ကြာ ချစ်သူဖြစ်ခဲ့ပြီး မအားလပ်မှုတွေကြောင့်ဆိုပြီး ပြတ်ဆဲခဲ့ကြပါတယ်။

READ
သူမကို အသက် ၄၄ နှစ်ဆိုတာ ဘယ်သူမှ မယုံကြည်ကြဘူးဆိုတဲ့ Barbi Hsu

#AuntyMay

sponsored