ပေါင်းစပ်အသားအရေကို ဂရုစိုက်ဖို့က ပညာသားပါပါမယ်။ အသားအရေကိုဂရုစိုက်ရာမှာအခက်ခဲဆုံးအပိုင်းကတော့ မျက်နှာအသားအရေအတွက် မှန်ကန်တဲ့ ပစ္စည်းအမျိုးအစားကို ရွေးချယ်ရတဲ့အပိုင်းပဲဖြစ်ပါတယ်။ Skin care ပစ္စည်းရွေးရာမှာမှားသွားရင်တော့အသားအရေက ပိုပြီးခြောက်သွားနိုင်သလို အဆီပြန်တဲ့နေရာကလည်း ပိုပြီးအဆီပြန်လာတတ်ပါတယ်။ သင့်အသားအရေက ပေါင်းစပ်အသားအရေဖြစ်တယ်ဆိုတာကို ဒီအချက် (၆) ချက်က သက်သေပြနေမှာဖြစ်ပါတယ်။
(၁) မျက်နှာသစ်ပြီးလို့ မိနစ် (၃၀) အကြာမှာ သင့်အသားအရေရဲ့ တချို့နေရာက အဆီပြန်လာပြီး ကျန်နေရာတွေကတော့ ပုံမှန်အတိုင်းဖြစ်နေတတ်ပါတယ်။
(၂) အဆီပြန်သမားသုံးရတဲ့ moisturizer ကိုလိမ်းတဲ့အချိန်မှာတော့ T zone နေရာက အဆင်ပြေပေမယ့် ပါးနှစ်ဖက်က ခြောက်နေပါမယ်။ အသားအရေခြောက်သမားသုံးရတဲ့ moisturizer ကို လိမ်းတဲ့အချိန်မှာဆိုရင် ပါးနှစ်ဖက်က အဆင်ပြေပေမယ့် T zone နေရာက အဆီပြန်လာတတ်ပါတယ်။

(၃) နှာခေါင်းပေါ်မှာ ချွေးပေါက်တွေ မြင်သာနေအောင် ကြီးပြီး ကျယ်နေပါမယ်။
(၄) သင့်ဦးရေပြားမှာ ဗောက်ရှိနေပါမယ် ။ ပေါင်းစပ်အသားအရေဖြစ်နေတဲ့သူတိုင်းတော့ ဗောက်ရှိတာမျိုးကို မဆိုလိုပါဘူး။ သို့သော် သင့်မှာ ခြောက်နေတဲ့ ဦးရေပြားရှိနေပါမယ်။

(၅) T zone နေရာရဲ့အခြေအနေက ရာသီဥတုပေါ် မူတည်ပြီး ပြောင်းနေပါမယ်။ ဥပမာ – ပူပြီး စိုထိုင်းတဲ့ ရာသီဥတုမျိုးမှာဆိုရင် T zone နေရာက အဆီပြန်နေပါမယ်။ ရာသီဥတုအေးတဲ့အချိန်မှာဆိုရင် အဆီမပြန်တတ်ပါဘူး။
(၆) သင့်မျက်နှာက တစ်ပြိုင်နဲ့တည်း အသားခြောက်ပြီးဝက်ခြံတွေပေါက်တတ်ပါတယ်။
Han New Soe