ဂိတ္ေစာင့္ ဘ၀မွ စာႀကဳိးစားရင္း ေရွ႕ေန႕ဘ၀သုိ႕ တက္လွမ္းႏုိင္ခဲ့သူ

Sponsored

Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်

ဖိလစ္ပုိင္ႏုိင္ငံ လူဇြန္ကၽြန္း ဘီကုို ျပည္နယ္ ကာတန္ဒူယန္ ျမိဳ႕ (Catanduanes) တြင္ေနထုိင္သူ ရာမီးလ္ ကုိမန္ ေဒဒါ ဟာ ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕  (COMELEC) တြင္ အေစာင့္ အျဖစ္ လြန္ခဲ့တဲ့ ၄ ႏွစ္က လုပ္ကိုင္ျပီး ယခုေတာ့ ေရွ႕ေန တစ္ေယာက္ဘ၀ကုိ စာေမးပြဲ ေျဖဆုိေအာင္ျမင္ျပီးတက္လွမ္းႏုိင္ခဲ့ျပီ ျဖစ္ပါတယ္။ကုိမန္ ေဒဒါဟာ လူဇြန္ ကၽြန္းမွာ ၾကီးျပင္းလာတဲ့ လူတစ္ေယာက္ျဖစ္ေပမဲ့ ေရွ႕ေနတစ္ေယာက္ျဖစ္သြားတဲ့အတြက္ မနီလာ ျမိဳ႕သုိ႕ ေျပာင္းေရႊ႕ အသက္ေမြးေတာ့မွာလည္းပဲ ျဖစ္ပါတယ္။

Sponsored

C-4pw8gUQAAck9x-1024x1024

ကုိမန္ ေဒဒါဟာ မိသားစုကုိ ရွာေဖြေကၽြးေမြးေနရသူတစ္ေယာက္ျဖစ္ျပီး သူတုိ႕ မိသားစုရဲ႕ ဆင္းရဲျခင္းစက္၀ုိင္းကုိ အဆုံးသတ္ရန္ ေရွ႕ေနတစ္ေယာက္အျဖစ္အသက္ေမြးႏုိင္ဖုိ႕ရန္ ၾကဳိးစားခဲ့တာ ျဖစ္ပါတယ္။ေရွ႕ေနတစ္ေယာက္ျဖစ္ဖုိ႕ရန္အတြက္ ၾကဳိးစားသင္ယူေနခ်ိန္မွာ မိသားစု တစ္ဖက္ရွိေသးတဲ့အတြက္ ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕  (COMELEC) တြင္ အေစာင့္အျဖစ္ အလုပ္လုပ္ခဲ့တာ ျဖစ္ပါတယ္။

lawyer-768x1024

ဥပေဒ သင္ခန္းစာမ်ားကုိ အလုပ္တစ္ဖက္နဲ႕ သင္ယူခဲ့ျပီးေနာက္ပုိ္င္း ကိုမန္ေဒဒါဟာ ေရွ႕ေန အရည္အခ်င္းစစ္ စာေမးပြဲကုိ ၀င္ေျဖခဲ့ျပီး ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

Ramil-Comendador-3-May-2017-300x190

ကိုမန္ေဒဒါဟာ အခုလုိအလုပ္တစ္ဖက္နဲ႕ ၾကိဳးစားခဲ့တဲ့အတြက္ ေရွ႕ေနတစ္ေယာက္ျဖစ္ခဲ့ပါျပီ။ဒါေပမဲ့ သူ႕မွာ ေနာက္အိပ္မက္တစ္ခုရွိေသးတယ္လုိ႕သိရပါတယ္။အဲ့ဒါကေတာ့ ကုိမန္ေဒဒါရဲ႕ မိခင္ျဖစ္သူ ကုိမန္ေဒဒါကုိ ကို္ယ္၀န္လြယ္ထားခဲ့ရကတည္းက မိသားစုကုိ ပစ္သြားခဲ့တဲ့ ဖခင္ျဖစ္သူကုိ လုိက္ရွာျပီးေတြ႕ဖုိ႕ပဲ ျဖစ္ပါတယ္။သူရဲ႕ဖခင္ျဖစ္သူဟာ မိသားစုကုိ ပစ္ထားသြားခဲ့တဲ့ သူတစ္ေယာက္ျဖစ္တဲ့ အတြက္ တျခားေသာ သူမ်ားက မုန္းေနၾကေပမဲ့ ကုိမန္ေဒဒါက ေတာ့ ဖခင္ျဖစ္သူကုိ မေသခင္ တစ္ခါေလာက္ေတြ႕ဖူးခ်င္တယ္ လုိ႕ဆုိပါတယ္။အခုဆုိရင္ ကုိမန္ေဒဒါဟာ ေရွ႕ေနတစ္ေယာက္အျဖစ္ မနီလာျမိဳ႕မွာ အသက္ေမြးေနျပီး ေမြးရပ္ေျမလူဇြန္ကၽြန္းကုိ အားလပ္ရက္ရတုိင္း ျပန္လာေလ့ရွိျပီး မိသားစုကုိ ေထာက္ပံ့လ်က္ရွိေနတယ္ လုိ႕သိရပါတယ္။

READ
သင္ဟာ Lesbian တစ္ေယာက္ ျဖစ္ေနမလား ဒီအခ်က္ေတြနဲ႔ စစ္ေဆးမယ္...

Auntymay Team မွ စီစဥ္တင္ဆက္ေသာ www.auntymay. com တြင္ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါး မ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ Facebook စာ မ်က္ႏွာ ၊ Website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပ     ျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Myo Myo (auntymay)

Ref : Rach Feed


Unicode version

ဂိတ်စောင့် ဘဝမှ စာကြိုးစားရင်း ရှေ့နေ့ဘဝသို့ တက်လှမ်းနိုင်ခဲ့သူ

ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်း ဘီကိုု ပြည်နယ် ကာတန်ဒူယန် မြို့ (Catanduanes) တွင်နေထိုင်သူ ရာမီးလ် ကိုမန် ဒေဒါ ဟာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့  (COMELEC) တွင် အစောင့် အဖြစ် လွန်ခဲ့တဲ့ ၄ နှစ်က လုပ်ကိုင်ပြီး ယခုတော့ ရှေ့နေ တစ်ယောက်ဘဝကို စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးတက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ကိုမန် ဒေဒါဟာ လူဇွန် ကျွန်းမှာ ကြီးပြင်းလာတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ ရှေ့နေတစ်ယောက်ဖြစ်သွားတဲ့အတွက် မနီလာ မြို့သို့ ပြောင်းရွှေ့ အသက်မွေးတော့မှာလည်းပဲ ဖြစ်ပါတယ်။

C-4pw8gUQAAck9x-1024x1024

ကိုမန် ဒေဒါဟာ မိသားစုကို ရှာဖွေကျွေးမွေးနေရသူတစ်ယောက်ဖြစ်ပြီး သူတို့ မိသားစုရဲ့ ဆင်းရဲခြင်းစက်ဝိုင်းကို အဆုံးသတ်ရန် ရှေ့နေတစ်ယောက်အဖြစ်အသက်မွေးနိုင်ဖို့ရန် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ရှေ့နေတစ်ယောက်ဖြစ်ဖို့ရန်အတွက် ကြိုးစားသင်ယူနေချိန်မှာ မိသားစု တစ်ဖက်ရှိသေးတဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့  (COMELEC) တွင် အစောင့်အဖြစ် အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
lawyer-768x1024

READ
ေကာင္ေလးေတြက ကေလးဆန္တဲ့ မိန္းကေလးေတြကို ႏွစ္သက္ရတဲ့ အေၾကာင္းအရင္းမ်ား

ဥပဒေ သင်ခန်းစာများကို အလုပ်တစ်ဖက်နဲ့ သင်ယူခဲ့ပြီးနောက်ပို်င်း ကိုမန်ဒေဒါဟာ ရှေ့နေ အရည်အချင်းစစ် စာမေးပွဲကို ၀င်ဖြေခဲ့ပြီး အောင်မြင်ခဲ့တာဖြစ်ပါတယ်။

Ramil-Comendador-3-May-2017-300x190

ကိုမန်ဒေဒါဟာ အခုလိုအလုပ်တစ်ဖက်နဲ့ ကြိုးစားခဲ့တဲ့အတွက် ရှေ့နေတစ်ယောက်ဖြစ်ခဲ့ပါပြီ။ဒါပေမဲ့ သူ့မှာ နောက်အိပ်မက်တစ်ခုရှိသေးတယ်လို့သိရပါတယ်။အဲ့ဒါကတော့ ကိုမန်ဒေဒါရဲ့ မိခင်ဖြစ်သူ ကိုမန်ဒေဒါကို ကို်ယ်ဝန်လွယ်ထားခဲ့ရကတည်းက မိသားစုကို ပစ်သွားခဲ့တဲ့ ဖခင်ဖြစ်သူကို လိုက်ရှာပြီးတွေ့ဖို့ပဲ ဖြစ်ပါတယ်။သူရဲ့ဖခင်ဖြစ်သူဟာ မိသားစုကို ပစ်ထားသွားခဲ့တဲ့ သူတစ်ယောက်ဖြစ်တဲ့ အတွက် တခြားသော သူများက မုန်းနေကြပေမဲ့ ကိုမန်ဒေဒါက တော့ ဖခင်ဖြစ်သူကို မသေခင် တစ်ခါလောက်တွေ့ဖူးချင်တယ် လို့ဆိုပါတယ်။အခုဆိုရင် ကိုမန်ဒေဒါဟာ ရှေ့နေတစ်ယောက်အဖြစ် မနီလာမြို့မှာ အသက်မွေးနေပြီး မွေးရပ်မြေလူဇွန်ကျွန်းကို အားလပ်ရက်ရတိုင်း ပြန်လာလေ့ရှိပြီး မိသားစုကို ထောက်ပံ့လျက်ရှိနေတယ် လို့သိရပါတယ်။
Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါး များ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာ မျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြ     ခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Myo Myo (auntymay)

Ref : Rach Feed

sponsored