မျက်နှာလေးအသားအရေက မိန်းကလေးတစ်ယောက်အတွက် တကယ့်ကို အရေးကြီးတဲ့ အရာပဲ ဖြစ်ပါတယ်။ မျက်နှာလေး ချောမွေ့ဖြူဝင်းနေမှာ ပိုကြည့်ကောင်းစေတာပါနော်။ ဒီတော့ မထင်မှတ်ပဲ လုပ်လိုက်မိတဲ့ အလေ့အကျင့်ဆိုးတွေကနေ ကိုယ့်ရဲ့ မျက်နှာအသားအရေကို ပျက်စီးပြီး ချွေးပေါက်တွေကို ကျယ်လာစေပါတယ်။ နေ့စဉ်လုပ်မိနေတဲ့ ဒီအကျင့်ဆိုးတွေက ချွေးပေါက်တွေ ပိတ်ဆို့ပြီး အသားအရေကို ပျက်စီးစေတတ်ပါတယ်နော်။
ဖုန်းကို မျက်နှာမှာကပ်ပြီး ကိုင်တတ်တာ

ဖုန်းပြောတဲ့ အချိန်မှာ ဖုန်းကို မျက်နှာမှာ ကပ်ပြီးနားထောင်တတ်တဲ့ အကျင့်က သင့်ရဲ့ အသားအရေကို ပျက်စီးစေပါတယ်။ ဖုန်းမှာ ဘက်တီးရီးယားတွေ များစွာရှိနေတဲ့အတွက် ဒါက အသားအရေ ပြသနာကို အလွယ်တကူပဲ ဖြစ်ပေါ်စေပါတယ်။ ဖုန်းမှာကပ်နေတဲ့ အညစ်အကြေးတွေဟာ ချွေပေါက်တွေထဲကို ဝင်သွားပြီ ချွေးပေါက်ပိတ်ဆို့ကာ ဝက်ခြံထွက်လာစေပါတယ်။
နေရောင်ခြည်ဒဏ်ကြောင့်

နေပူထဲ သွားတာ များသွားတဲ့အခါမှာ အသားအရေဟာ ခြောက်သွေ့ပျက်စီးလာတတ်ပါတယ်။ နေရောင်ခြည်က အသားအရေကို ရေဓာတ်ခမ်းခြောက်စေတဲ့အတွက် အဆီတွေကို ပိုထုတ်ပေးပါတယ်။ ဒါက အဆီတွေဟာ ချွေးပေါက်တွေမှာ ပိတ်ဆို့သွားစေပြီး အသားအရေ ပြသနာ ဖြစ်ပေါ်လာစေတာပါပဲ။
တိုနာ မလိမ်းတာ

အသားအရေကို ဂရုစိုက်တယ်ဆိုရင်တော့ မျက်နှာသစ်ပြီးတိုင်း တိုနာလေးတော့ လိမ်းပေးသင့်ပါတယ်။ တိုနာက မျက်နှာမှာ ကျန်နေခဲ့တ့ အညစ်အကြေးတွေကို သန့်စင်ပေးပြီး ကျယ်နေတဲ့ ချွေးပေါက်တွေကို ပြန်ကျဉ်းသွားအောင် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် တိုနာကတော့ မသုံးမဖြစ် သုံးပေးသင့်တဲ့ အရာပါ။
မိတ်ကပ်ပစ္စည်းတွေကို မဆေးကြောတာ

မိတ်ကပ်လိမ်းတဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေကို မသန့်ရှင်းပဲ သုံးတတ်တာက အသားအရေ ပြသနာကို ဖြစ်စေတတ်ပါတယ်။ မိတ်ကပ်လိမ်းတဲ့ brushes နဲ့ sponges တွေမှာ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေ၊ ဖုန်တွေနဲ့ အညစ်အကြေးတွေဟာ ကပ်နေတတ်ပါတယ်။ ဒါကို ထပ်တလဲလဲ သုံးမိတဲ့အခါ အညစ်အကြေးတွေက ချွေးပေါက်တွေထဲ ဝင်သွားပြီး အလွယ်တကူပဲ အသားအရေ ပျက်စီးစေပါတယ်။ ဒါကြောင့် သုံးနေကျ မိတ်ကပ်ပစ္စည်းတွေကို သန့်ရှင်းရေး လုပ်ပေးဖို့ လိုအပ်ပါတယ်။
Khin