နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေ၊ နေ့စဉ်လုပ်မိနေတဲ့ အကျင့်ဆိုးလေးတွေကြောင့် ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ စုပုံနေတတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကိုယ် ပုံမှန် detox လုပ်ပေးဖို့ လိုအပ်ပါတယ်နော်။ ဒီဖျော်ရည်တွေက ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးရုံမက ဗိုက်က အဆီတွေကို ကျစေလို့ လုံးဝကို အကြိုက်တွေ့စေမယ့် ဖျော်ရည်တွေပဲ ဖြစ်ပါတယ်။
ကြက်သွန်ဖြူရည်

ကြက်သွန်ဖြူမှာ များစွာသော အကျိုးကျေးဇူးတွေ များစွာရှိပြီး စိတ်ဖိစီးမှု၊ ဖျားနာခြင်း နဲ့ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူရည်က သောက်ပေးသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ပြုလုပ်ရမယ့် နည်းက ကြက်သွန်ဖြူအနည်းငယ်ကို အခွံခွါပြီး ပါးပါးလှီးလိုက်ပါ။ ပြီးရင်တော့ ဆယ်မိနစ်လောက် ဒီအတိုင်းထားပြီးနောက်မှာ ရေထဲမှာ စိမ်ထားပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အနည်းဆုံး နှစ်နာရီလောက် ထားပေးရမှာပါ။ ဒါဆိုရင်တော့ ကြက်သွန်ဖြူရည်လေး ရပါပြီ။
ပန်းသီးနဲ့ သစ်ကြံပိုးခေါက် ဖျော်ရည်

ပန်းသီးနဲ့ သစ်ကြံပိုးခေါက် နှစ်ခုလုံးဟာ ဝိတ်ကိုကျစေပြီး ဇီဝရုပ်ဖြစ်ပျက်ခြင်းကို ကောင်းမွန်စေပါတယ်။ ဒီနှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါ ရလာတဲ့ antioxidant ဓာတ်က ဝိတ်ထိန်းဖို့အတွက် တကယ့်ကို အထောက်အကူဖြစ်စေပြီးတော့ vitamin C and B တို့ ကိုပါ ရရှိစေပါတယ်။ ခွက်ထဲမှာ ပန်းသီးကို ပါးပါးလှီးပြီး သစ်ကြံပိုးခေါက် နှစ်ချောင်းလောက်ထည့်ပြီး အပေါ်က ရေလောင်းချလိုက်ပါ။ ရေခဲသေတ္တာထဲမှာ တစ်နာရီလောက် ထားပြီးရင်တော့ သောက်လို့ရပါပြီ။
သခွါးသီး ရေခဲ ဖျော်ရည်

လတ်ဆတ်ပြီး အေးမြတဲ့ အရသာကို ပေးစွမ်းနိုင်တဲ့ သခွါးသီးကလည်း ဝိတ်ကိုကျစေပြီး detox juice အဖြစ် သောက်လို့ရပါတယ်နော်။ သခွါးသီးကို အတုံးသေးလေးတွေ တုံးပြီး ရေခဲသေတ္တာထဲမှာ ရေခဲတုံးလေးတွေ ဖြစ်အောင် ထားပေးလိုက်ပါ။ ရေဆာတဲ့ အချိန်မျိုးမှာ ရေခဲတုံးလေးတွေနဲ့ ရေနဲ့ရောပြီး သောက်ပေးခြင်းက ခန္ဓာကိုယ်ကို detox လုပ်ပြီးသား ဖြစ်စေမှာပါ။ သံပုရိုသီးရောပြီး သောက်ပေးလို့လည်း ရပါတယ်နော်။
ငရုပ်ကောင်း ဖျော်ရည်

ငရုပ်ကောင်းဟာ ခန္ဓာကိုယ်ကိုယ် detox လုပ်ဖို့ အကောင်းဆုံး အရာပဲ ဖြစ်သလို ဝိတ်ကိုလည်း ကျစေပါတယ်။ ငရုပ်ကောင်းမှာ antioxidant ဓာတ်များစွာ ပါဝင်ပြီး ထိခိုက်နာကျင်ခြင်းနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကောင်းမွန်စေပါတယ်။ ငရုပ်ကောင်းမှုန့်် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဂျင်း၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ၊ သံပုရိုသီး တစ်စိတ် စတာတွေကို ရေဖန်ခွက်နှစ်ခွက်နဲ့ ရောနှောပေးလိုက်ပါ။ ဒါတွေကို ဆူပွက်အောင် တည်ပေးပြီး ရေတစ်ဖန်ခွက်ထဲကို စောစောက ဆူအောင်တည်ထားတဲ့ အရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ဖျော်ပေးရမှာ ဖြစ်ပါတယ်။ နွေးနွေးလေး သောက်ပေးခြင်းက ခန္ဓာကိုယ်ကိုယ် အဆိပ်အတောက်ကင်းစေပြီး ဝိတ်ကို ကျစေပါတယ်။
Khin