နေလောင်ထားတဲ့ အသားအရေကို နဂိုတိုင်းပြန်ဖြစ်စေမယ့် DIY Body Mask များ

Pexels- Alexander Stemplews
Sponsored

တစ်နေကုန် နေပူထဲ ထွက်နေရလို့ အသားလေးတွေလည်း နေတွေ လောင်ကုန်ပြီမဟုတ်လား။ အကာကွယ်ရှိတဲ့ နေရာလေးကတော့ သာမန်အသားအရောင်တိုင်းပဲ ရှိဦးမှာဖြစ်ပေမယ့်လို့ နေထိတဲ့နေရာတွေကတော့ နီရဲပြီး မည်းသွားကြတယ်မဟုတ်လား။ ဒါဆို အိမ်ပြန်ရောက်တာနဲ့ အညောင်းညာလည်းပြေစေပြီးတော့ အသားလေးတွေကိုလည်း ပုံမှန်အတိုင်း ပြန်ဖြစ်စေဖို့အတွက်ဆိုရင်တော့ ဒါလေးတွေကို ကြိုလုပ်ထားပြီး ပေါင်းတင်လိုက်ပါနော်။

ရှားစောင်းလက်ပတ်

Sponsored

အရိုးရှင်းဆုံးနဲ့ အကောင်းဆုံးသော နည်းလမ်းကတော့ နေလောင်တဲ့နေရာတွေမှာ ရှားစောင်းလက်ပတ်အနှစ်ျွှေကို ကပ်ပေးတာပါပဲ။

ဒိန်ချဉ်

ရေခဲသေတ္တာထဲထည့်ညပီး အအေးခံထားတဲ့ ဒိန်ချဉ်စစ်စစ်ကို အရေပြားပေါ် မိန်စ ၂၀ လောက်တင်ပေးပြီးရင် ရေချိုးချလိုက်ပါ။ တခြားထည့်ချင်တယ်ဆိုရင် ပျားရည်ဖြစ်ဖြစ်၊ ရှားစောင်းလက်ပတ်ဖြစ်ဖြစ် ထည့်နိုင်ပါသေးတယ်။

Freepik- Racool_studio

ပန်းသီးရှာလကာနဲ့ Oatmeal

ပန်းသီးရှာလကာရည် ၁ ခွက်ဆိုရင် oatmeal အမှုန့်ကိုလည်း ၁ ခွက်ဆတူရောပါ။ နောက် baking soda ကို ခွက်တစ်ဝက်ရောပြီး အနှစ်ရသည်ထိ ဖျော်ပေးပါ။ ဒီနည်းနဲ့ပေါင်းတင်ခြင်းအားဖြင့် soothing effect ကို ရစေနနိုင်သလို နီမြန်မှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

READ
ခေါင်းစည်းကွင်း လက်မှာဝတ်တတ်တဲ့ အကျင့်ကို ဆက်မလုပ်သင့်တော့တဲ့ အကြောင်းအရင်းများ  

သခွားသီးနြ့ ပူစီနံ

သခွားသီး ၁ လုံး၊ ပူစီနံ လက်တစ်စုတ်စာတို့ကို ရောကြိတ်ပြီးတော့ နေလောင်တဲ့နေရာတွေမှာ ပေါင်းတင်ထားနိုင်ပါတယ်။ နေလောင်တာကို cool down လုပ်ပေးစေနိုင်ပြီးတော့ အသားအရေကို နဂိုတိုင်းပြန်ဖြစ်စေဖို့ ခပ်မြန်မန်ြတွန်းအားပေးပါတယ်။

Freepik- bralnina

အာလူး

ဘာမှမလုပ်ချင်ဘူးဆိုရင်တော့ အာလူးအစိမ်းကို ပါးပါးလေးတွေလှီးပြီး နေလောင်တဲ့နေရာမှာ ကပ်ပေးထားနိုင်ပါသေးတယ်။ါးလည်းပဲ ထိရောက်တဲ့ နည်းလမ်းလေးပဲနော်။

ငှက်ပျောသီး

ငှက်ပျောသီးကို ဇွန်း ၃ ဇွန်းစာရအောင်ချေပါ။ နောက် matcha powder အမှုန့် ၁ ဇွန်း၊ နွားနို့ ၁ ဇွန်းတို့ကို ရောပြီးတော့ ပေါင်းတင်ပါက အသားအရေရဲ့ ခမ်းခြောက်သွားတဲ့ ပရိုတင်းတွေကို ပြန်ပြည့်စေပြီးတော့ ချောမွတ်စေပါတယ်။

Freepik- user11472009

penny

sponsored