ဆီးချိုရောဂါဆိုတာ ရောဂါလက္ခဏာမပြဘဲ တိတ်တဆိတ်ဖြစ်တတ်တဲ့ ရောဂါမျိုးမဟုတ်ပါဘူး။ စဖြစ်ကတည်းက လက္ခဏာတွေ ပြတတ်တာကြောင့် စောစောစီးစီး သတိထားမိမယ်ဆိုရင် ရောဂါမရင့်ခင်ကတည်းက ကုသမှုခံယူပြီး၊ အနေအထိုင် အစားအသောက်ဆင်ခြင်ပြီး ပိုမဆိုးလာအောင် တားဆီးနိုင်မှာပါ။ ဒါဆို ဆီးချိုရောဂါကို ကာကွယ်တားဆီးဖို့ အစောပိုင်းရောဂါလက္ခဏာတွေကို သိထားရအောင် ဖတ်ကြည့်လိုက်ပါနော်။
(၁) မကြာခဏ ဆီးသွားခြင်း

လူတစ်ယောက်ဟာ တစ်နေ့တာမှာ ပုံမှန် (၄) ကြိမ်ကနေ (၇) ကြိမ်အတွင်း ဆီးသွားတတ်ပါတယ်။ အဲ့ထက် အကြိမ်ရေပိုများနေမယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်တွေ ပုံမှန်ထက်ပိုများနေပြီး ကျောက်ကပ်က မချေဖျက်နိုင်တော့တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခဏခဏ ဆီးသွားနေပြီဆိုရင် ဆီးထဲက သကြားဓာတ်ပမာဏကို စစ်ကြည့်သင့်ပါတယ်။
(၂) မောပန်းနွမ်းနယ်ခြင်း

ခန္ဓာကိုယ်ထဲမှာ သကြားပမာဏများနေပြီဆိုရင် ကျောက်ကပ်က ပုံမှန်ထက်ပိုပြီး အလုပ်လုပ်ရတာကြောင့် မောပန်းနွမ်းနယမှုကို ခံစားရပါတယ်။ ပင်ပန်းတာတွေ မလုပ်ရပေမယ့် အချိန်တိုင်းလိုလို မောပန်းနေတာက တခြားအကြောင်းတွေကြောင့်လည်းဖြစ်နိုင်ပေမယ့် သွေးတွင်းသကြားဓာတ်များလို့ ပိုဖြစ်နိုင်တာကြောင့် ဆေးစစ်ကြည့်တာ အကောင်ဆုံးပါ။
(၃) ခြေ၊ လက်တွေထုံကျင်ခြင်း
ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေတဲ့ သကြားဓာတ်တွေက အာရုံကြောဆုံလေးတွေကို ပျက်စီးစေတာကြောင့် ခြေလက်တွေ ထုံကျင်တတ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ ဗီတာမင်ချို့တဲ့နေရင်လည်း ခြေ၊ လက်ထုံကျဉ်တတ်တာမို့ ဆီးချိုကြောင့်လို့တော့ သေချာပေါက်ပြောလို့ မရပါဘူး။
(၄) အမြင်အာရုံတွေေ၀၀ါးလာခြင်း

မျက်စိမွဲတာကို ဆိုလိုချင်တာမဟုတ်ပါဘူး။ တစ်ခုခုကို စိုက်ကြည့်လိုက်တဲ့အခါမှာ ရုတ်တရက်ေ၀၀ါးသွားတာမျိုး၊ ကိုယ်ကြည့်ချင်တဲ့နေရာမှာ မပြတ်သားဘဲ ဖြစ်နေတာမျိုးတို့ ဖြစ်လာတာကိုပြောချင်တာပါ။ အဲ့လိုတွေဖြစ်နေရင် မျက်စိဆရာဝန်နဲ့လည်းပြ သွေးတွင်းသကြားဓာတ်ပမာဏလည်း စစ်ကြည့်သင့်ပါတယ်။
(၅) အနာမကျက်လွယ်ခြင်း
အနာသေးသေးလေးဖြစ်သွားရင်တောင် ပျောက်ဖို့အချိန်အများကြီး ကြာနေတတ်ပါတယ်။ ဆီးချိုရောဂါ ဖြစ်နေတဲ့အခါ သွေးကြောတွေကို အားနည်းသွားစေပြီး သွေးလှည့်ပတ်မှုနှုန်း နှေးကွေးသွားစေပါတယ်။ သွေးလှည့်ပတ်မှုနှုန်း နှေးသွားတဲ့အခါ ခန္ဓာကိုယ်မှာ မကောင်းတဲ့ သက်ရောက်မှုတွေ အများကြီးဖြစ်လာပြီး အနာကျက်နှုန်းလည်း နှေးသွားပါတယ်။
(၆) ဗိုက်ဆာလွယ်ခြင်း

ဗိုက်ဆာလွယ်တာမှ အခုစားပြီး အခုထပ်ဆာနေတာမျိုးပါ။ အဲ့ဒီလို ခဏခဏ ဗိုက်ဆာနေရတာကတော့ ခန္ဓာကိုယ်အတွင်းပိုလျှံနေတဲ့ သကြားဓာတ်တွေကို ချေဖျက်ဖို့ energy များများလိုအပ်တာကြောင့်ပါတဲ့။ ရေများများသောက်ပေးရင် အကောင်းဆုံးပါပဲ။
(၇) အရေပြားယားယံခြင်း
နဂိုကတည်းက အသားအရေခြောက်သွေ့တာမျိုးလည်း မဟုတ်ဘဲ အခုမှ အသားအရေက အလွန်အမင်း ခြောက်သွေ့ယားယံတာမျိုး ဖြစ်လာပြီဆိုရင်လည်း ဆီးချိုလက္ခဏာဖြစ်နိုင်တာမို့ ဆေးစစ်သင့်ပါတယ်။
(၈) ရေငတ်ခြင်း

ထိုင်နေရင်းနဲ့ကို အာခေါင်တွေ ခြောက်သွေ့လာပြီး ရေငတ်နေတာမျိုးပါ။ မကြာခဏ ဆီးသွားနေတော့ ရေဓာတ်ခမ်းခြောက်ပြီး ရေငတ်နေတာပါ။ ရေများများသောက်တာ ကောင်းတယ်ဆိုပေမယ့် ရေပဲသောက်ချင်နေတာကတော့ မကောင်းပါဘူး။ အဲ့လိုဖြစ်နေရင် ဆီးချိုဖြစ်နိုင်ချေရှိလို့ ဆရာဝန်နဲ့ ပြရမှာပါ။
MAY THAZINHTOO