သင်သိမှာမဟုတ်တဲ့ သင်နဲ့ ပတ်သက်လို့ သင့်မိခင်ရဲ့ ခံယူချက် (၅) ခု

Sponsored

သင့်ရဲ့မိခင်နဲ့ ပတ်သက်လို့သင်လုံးဝမသိလောက်သေးတဲ့ အဖိုးတန် လျှို့ဝှက်ချက်လေးတွေကို ဖော်ပြပေးပါ့မယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့မိခင်ဟာ မိခင်တစ်ယောက်အဖြစ်ခံယူလိုက်တဲအချိန်မှာ သင်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေကို ချခဲ့ပြီးသားပါ။ သင့်မိခင်ရဲ့ သင်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်လေးတွေကို ဖတ်ပြီးရင်တော့ မိခင်မေတ္တာကို ပိုပြီးနားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

(၁) အကောင်းဆုံးဖြစ်အောင် ပျိုးထောင်ပေးမယ်

Shutterstock

သင့်ရဲ့မိခင်ဟာ တစ်ခါတလေသင့်ကို အလိုမလိုက်တာ၊ သင့်ကိုတားမြစ်တာတွေ၊ ပိတ်ပင်တာတွေ လုပ်တဲ့ အချိန်တွေမှာဆို သင်မုန်းကောင်းမုန်းမိလိမ့်မယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ သင်ကောင်းဖို့အတွက် သူကြိုးစားနေတာ ဖြစ်ပါတယ်။ သင့်ကို ထူးချွန်ထက်မြက်တဲ့ လူတော်လူကောင်းတစ်ယောက် ဖြစ်စေချင်တာ သင့်မိခင်ရဲ့ အကြီးမားဆုံးဆန္ဒပါ။ ဒါကြောင့်တစ်ခါတလေ တင်းကျပ်တဲ့စည်းကမ်းတွေကို ထုတ်ရတာဟာလည်း သင့်အတွက် ချိုမြိန်တဲ့အနာဂတ်တွေကို ရရှိစေချင်လို့ဖြစ်ပါတယ်။

(၂) တတ်နိုင်သမျှ အားလုံးလုပ်ပေးမယ်

Sponsored

သင့်ရဲ့မိခင်ဟာ သင့်အတွက် အားပေးမှု၊ ချစ်ခြင်းတွေအပြင် ပွေ့ဖက်တာ၊ နမ်းရှုံ့တာတွေကို အမြဲလုပ်ပေးခဲ့သူပါ။ သူဟာ သင့်ဘေးနားမှာ အမြဲရှိပြီး သင်လိုအပ်တာမှန်သမျှကို ဖြည့်ဆည်းပေးဖို့ အသင့်ရှိသူပါ။ သင်လိုချင်တိုင်း မပေးနိုင်ရင်တောင် သင်တကယ်လိုအပ်တဲ့အရာတွေကိုတော့ မရှိရှိအောင် ဖန်တီးပေးမယ့် သင့်ရဲ့ တန်ခိုးရှင်ဟာ သင့်ရဲ့ အမေဖြစ်ပါတယ်။

READ
ကလေးတွေကို မူကြိုအရွယ်လေးကတည်းက စာဖတ်ပြခြင်းက ဒီအကျိုးကျေးဇူး (၈)မျိုးကို ရစေနိုင်

(၃) ဘယ်တော့မှ တစ်ယောက်တည်းပစ်မထားဘူး

Shutterstock

ဘဝဟာခက်ခဲပါတယ်၊ ဒါပေမယ့် ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းတဲ့ဘဝဖြစ်နေပါစေ သင့်ကိုထားခဲ့ဖို့၊ စွန့်သွားဖို့ ဘယ်တော့မှ မတွေးခဲ့တာ အမေပါပဲ။ အရာအားလုံးကိုဆုံးရှုံးသွားရရင်တောင် သင့်အမေကိုတော့ သင်ပိုင်ဆိုင်နိုင်ပါသေးတယ်။ သင့်အနားမှာ ဘယ်သူမှမရှိတော့တဲ့အချိန်၊ ဘယ်ကိုသွားလို့ သွားရမှန်းမသိတဲ့အချိန်၊ ဒုက္ခတောထဲရောက်နေတဲ့အချိန်တွေမှာ သင်အမြဲတမ်းနားခိုလို့ရတဲ့ ရင်ခွင်ဟာ သင့်မိခင်ရဲ့ရင်ခွင်ဖြစ်ပါတယ်။

(၄) အမြဲတမ်းချစ်နေမယ်

သင်ဘယ်လိုလူပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး မွေးရာပါ ခြေလက်အင်္ဂါမပြည့်စုံတာပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာချို့တဲ့နေတာပဲဖြစ်ဖြစ်၊ ဘယ်လိုအားနည်းချက်တွေ ဘယ်လောက်ရှိရှိ သင့်ကိုအမြဲတမ်းချစ်နေဖို့ ဆုံးဖြတ်ထားတာ သင့်မိခင်ပါ။ သူ့ရဲ့ဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့ သွေးသားဖြစ်နေတဲ့အတွက်ကြောင့် သူများတွေအတွက် သင်ဘယ်လောက်ပဲ နိမ့်ကျနေပါစေ၊ ချစ်ခင်စရာမကောင်းနေပါစေ သင့်မိခင်ကတော့ သင့်ကိုအချစ်ဆုံး၊ တန်ဖိုးအထားဆုံးပါပဲ။

(၅) အိပ်မက်ကို အကောင်အထည်ဖော်နိုင်အောင် ကူညီပေးမယ်

Shutterstock

သင့်ဖြစ်ချင်တာ၊ သင့်ရဲ့ရည်မှန်းချက်၊ သင့်ရဲ့ ဝါသနာဟာ ဘာကြီးပဲဖြစ်နေနေ သင့်ကိုအမြဲတမ်း အားပေးနေမှာ၊ ထောက်ပံ့ပေးနေမှာကတော့ သင့်ရဲ့မိခင်ပါ။ သင့်ရဲ့ဖခင်က သဘောမတူရင်တောင် နားဝင်အောင်အမြဲတမ်းကူညီပေးဖို့ ဆုံးဖြတ်ထားတာ သင့်ရဲ့မိခင်ပါ။ သင့်ရဲ့မိခင်က သင့်ဖက်ကနေ အမြဲရပ်တည်နေတာကြောင့် သင်သာဇွဲရှိရင် အောင်မြင်မှာ ကျိန်းသေပါတယ်။

READ
မေမေတွေက ဆယ်ကျော်သက်အရွယ် သမီးလေးတို့ကို ပြောပြထားသင့်တဲ့ အချက် (၆)ချက်

Em Em

sponsored