အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ဖြစ်ပေါ်လွယ်စေလို့ သတိထားသင့်တဲ့ အချက်များ

shutterstock/B-D-S Piotr Marcinski
Sponsored

အရေးအကြောင်းတွေက ကိုယ့်ရဲ့ အသက်အရွယ် အိုမင်းလာမှုကို ထင်ဟပ်ပြသနေသလိုပါပဲ။ ဒါပေမယ့် တစ်ချို့လူတွေက နေထိုင်မှုပုံစံအမှားတွေကြောင့် အရွယ်မတိုင်ခင်မှာ အရေးအကြောင်းတွေ ပေါ်လာတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီအချက်တွေက အရေးအကြောင်းတွေကို လွယ်လွယ်ဖြစ်စေတတ်လို့ သတိထားသင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

အိပ်ရေးမဝခြင်း

shutterstock/fizkes

လေ့လာချက်တွေအရ တစ်နေ့ကို ငါးနာရီထက် လျော့နည်းပြီး အိပ်စက်တတ်တဲ့အခါ ရေဓာတ်ကို ဆုံးရှုံးစေပြီး အသားအရေ ပြသနာကို ဖြစ်ပေါ်စေပါတယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းက နုပျိုစေပြီး ဆဲလ်တွေကို ပြန်လည်အသစ်ဖြစ်ပေါ်စေတာပါပဲ။ ဒီတော့ ကောင်းမွန်စွာ အိပ်စက်ခြင်းက အရွယ်တင်နုပျိုစေပေမယ့် အိပ်ရေးမဝခြင်းကတော့ အရေးအကြောင်းတွေကို ပိုဖြစ်စေတတ်ပါတယ်။

လိုအပ်တဲ့ antioxidant မရရှိခြင်း

shutterstock/ Artem Furman
Sponsored

Vitamin A,C,E နဲ့ potassium ဓာတ်တွေဟာ အသားအရေအတွက် အထူးအထောက်အပံ့ပေးတဲ့ ဗီတာမင်တွေ ဖြစ်ပါတယ်။ ဒီဓာတ်တွေ ရရှိဖို့ အသီးအရွက်များများ စားပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မုန်လာဥနီ၊ သခွားမွှေး၊ ခရမ်းချည်သီး နဲ့ အစိမ်းရောင် အသီးအရွက်တွေက ဗီတာမင်တွေ ပြည့်ဝစွာ ပါဝင်ပါတယ်။ ဒီဓာတ်တွေ အလုံအလောက် မရတဲ့အခါ အလွယ်တကူပဲ အရေးအကြောင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

READ
အဆီပြန်တဲ့သူတွေအတွက်တစ်နေကုန်ခံစေမယ့်မိတ်ကပ်လိမ်းနည်း

Red meat တွေအစားများခြင်း

shutterstock/Eight Photo

လေ့လာချက်အရ အမျိုးသမီးတွေ red meat အစားများခြင်းက မျက်နှာအရေးအကြောင်းကို ပိုဖြစ်စေပါတယ်တဲ့။ တကယ်လို့ အသားကြိုက်တတ်တဲ့ သူဆိုရင်တောင် မကျက်တကျက် စားတာမျိုးထက် သေချာလေး ကျက်အောင်ချက်ပြီး စားတတ်ဖို့ လိုပါတယ်။ ပြီးရင် စားသောက်တဲ့အခါ အသီးအရွက်နဲ့ တွဲဖက်စားတာက ပိုအဆင်ပြေပါတယ်။ ဒီတော့ red meat တွေအစားများရင် အရေးအကြောင်းတွေ ပိုဖြစ်လွယ်တာပါပဲ။

ရေနွေးနဲ့ ရေချိုးခြင်း

shutterstock/Poznyakov

ရေနွေးနဲ့ ရေချိုးခြင်းက အသားအရေကို ခြောက်သွေ့စေတဲ့အတွက် အလွယ်တကူပဲ ပျက်စီးလွယ်ပါတယ်။ ဒီအချက်ကပဲ အလွယ်တကူ အရေးအကြောင်းတွေ ပေါ်လာစေတာပါပဲ။ ဒါကြောင့် ရေနွေးနဲ့ မကြာခဏ ရေချိုးခြင်းက အရေးအကြောင်းတွေ ဖြစ်စေလို့ သတိထားဖို့ လိုအပ်ပါတယ်။

READ
ဝက်ခြံအမာရွတ်ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ချင်ပါသလား

Khin

sponsored