ဟောလိဝုဒ်ကအောင်မြင်နေတဲ့ ဆယ်လီတွေထဲမှာ အခုချိန်ထိအရမ်းတွေမိုက်ပြီး အထာကျနေတဲ့ဆယ်လီလူပျိုကြီးတွေ အများကြီးရှိတဲ့အထဲက အလန်းဆုံးဘီးကြဲတွေကို ဖော်ပြပေးချင်ပါတယ်။ လူပျိုကြီးတွေဆိုတော့ လွတ်လွတ်လပ်လပ် crush လို့ရတယ်နော်။
Chris Evans

၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Fantastic Four ရုပ်ရှင်၊ ၂၀၁၅မှာ အောင်မြင်ခဲ့တဲ့ Captain America franchise ဇာတ်ကားတွေနဲ့လူကြိုက်များခဲ့တဲ့ Chris Evans ကတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပဲပေါ့။ နာမည်ကျော်အလှပိုင်ရှင် Christina Ricci ၊ နာမည်ကြီးမော်ဒယ် Lucy Pinder ၊ Jenny Slate တို့နဲ့ ဒိတ်လုပ်ခဲ့ဖူးပေမယ့် အခုချိန်ထိဘယ်သူနဲ့မှလက်မထပ်ရသေးပါဘူး။ သူနောက်ထပ်ဘယ်လိုမိန်းကလေးတွေနဲ့များ ဒိတ်လုပ်မလဲလို့ မိန်းမထုကြီးကတော့စိတ်ဝင်စားနေပါတယ်။ ယူတို့လည်းဖြစ်နိုင်ပါတယ်နော်။
James Franco

မင်းသားလည်းဖြစ်၊ ရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ်၊ စာရေးဆရာ၊ အနုပညာရှင်လည်းဖြစ်တဲ့ စွယ်စုံရလူပျိုကြီးနောက်တစ်ယောက်ကတော့ ၂၀၁၁မှာထွက်ရှိခဲ့တဲ့ Rise of the Planet of the Apes ဇာတ်ကားနဲ့လူကြိုက်များခဲ့တဲ့ Jame Franco ပဲဖြစ်ပါတယ်။ သူက LGBT ထောက်ခံသူတစ်ယောက်ဖြစ်ပြီး ဇာတ်ကားတစ်ကားမှာ Gay ဇာတ်ရုပ်ကိုသရုပ်ဆောင်ရာမှာ ပီပြင်လွန်းတာကြောင့် သူဟာ လိင်တူချစ်သူတစ်ယောက်ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့်အခုထိလက်မထပ်သေးတာများလားနော်။ ကဲ ပျိုမေတို့ရောဘယ်လိုထင်လဲ…။
John Mayer

သီချင်းလည်းရေး၊ သီချင်းလည်းဆိုတဲ့ ဂီတသမား ကိုလူချောကတော့ John Mayer ပါပဲ။ acoustic rock, pop, and blues အမျိုးအစားသီချင်းတွေအများကြီးရေးစပ်သီဆိုခဲ့တဲ့ John Mayer ကတော့ ဂီတမှာသာတော်တာမဟုတ်ဘဲ ဆွဲဆောင်မှုလည်းအပြည့်ရှိတာကြောင့် မိန်းကလေးတွေကြားရေပန်းစားတဲ့သူပါ။ သူတွဲခုတ်ခဲ့တဲ့သူတွေကလည်း အလန်းဇယားတွေချည်းပဲဖြစ်ပြီး အဲ့ဒီအထဲမှာ ကေတီပယ်ရီ နဲ့ တေလာဆွစ် တို့တောင် ပါပါတယ်။ မီဒီယာတွေမှာ စိတ်ဝင်စားမှုအများဆုံးဂီသမားဖြစ်တဲ့ ကိုလူချောကလည်း အခုချိန်ထိလက်ထပ်ဖို့စိတ်ကူးမရှိသေးတဲ့ပုံပါပဲ။
Gerard Butler

နာမည်ကျော် ဂျနီဖာအင်နစ်စတန်၊ နာအိုမီး ကမ့်ဘဲလ် တို့လို မတ်မတ်အလန်းတွေနဲ့တွဲခုတ်ခဲ့တဲ စကော့တလန်လူမျိုး မင်းသားကြီး Gerard Butler ကတော့ လက်ရှိမှာ အသက် ၄၇ နှစ်ရှိနေပြီဆိုပေမယ့် နောက်ပေါက်မင်းသားငယ်တွေနဲ့ ယှဉ်မယ်ဆိုယှဉ်လို့ရတုန်းပါနော်။ အခုချိန်ထိလက်မထပ်သေးတဲ့ အရမ်းကိုမိုက်တဲ့ဦးပါ။
Alexander Skarsgard

Big Little Lies ဇာတ်ကားထဲက Perry Wright ကိုမုန်းကောင်းမုန်းနေနိုင်ပေမယ့် တကယ့်အပြင်က Skarsgard ကိုတော့ ဘယ်မိန်းကလေးမှ မုန်းနိုင်မယ်မထင်ပါဘူး။ ဆွီဒင်လူမျိုးသရုပ်ဆောင် Stellan Skarsgard ရဲ့သားဖြစ်တဲ့ Alexander ကတော့ လေဒီဂါဂါရဲ့လူကြိုက်များတဲ့ music MTV တစ်ပုဒ်ဖြစ်တဲ့ Paparazzi မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူပါ။ အရမ်းကိုချစ်ဖို့ကောင်းတဲ့ နာမည်ကျော်သရုပ်ဆောင် Amanda Seyfried , Kate Bosworth တို့နဲ့ ဒိတ်လုပ်ခဲ့ပြီး အခုလက်ရှိမှာ ဖက်ရှင်ဂျာနယ်လစ် တစ်ယောက်နဲ့ တွဲနေသူပါ။ အချောအလှတွေနဲ့ချည်းဒိတ်တဲ့သူကရော လက်ထပ်ဖို့စိတ်ကူးမရှိသေးဘူးလားလို့မေးချင်စရာပါ။
Zac Efron

High School Musical franchise (2006-08) နဲ့လူကြိုက်များခဲ့တဲ့ ၂၉ နှစ်အရွယ် Zac Efron ကလည်း အခုချိန်ထိ ဆင်ဂယ်လ်ပါတဲ့။ သူကလည်းတကယ့်အချောအလှဒိတ်ဒိတ်ကြဲတွေနဲ့ချည်းဒိတ်ခဲ့ပေမယ့် အခုလက်ရှိမှာတော့ ဘယ်သူနဲ့မှ မဒိတ်နေပါဘူး။
Colin Farrell

အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ Colin Farrell ကတော့ ဟောလိဝုဒ်မှာ ထင်ရှားတဲ့လူပျိုကြီးတစ်ယောက်ပါ။ အိုင်ယာလန်လူမျိုး Farrell က ၂၀၀၂ ခုမှာထွက်တဲ့ Phone Booth၊ ၂၀၀၆ မှာ ထွက်တဲ့ Miami Vice ဆိုတဲ့ဇာတ်ကား တို့နဲ့ဟောလိဝုဒ်မှာ လူသိများလာခဲ့ပါတယ်။ ၂၀၁၅ မှာ The Lobster ရုပ်ရှင်ထွက်ခဲ့ပြီး Britney Spears, Amelia Warner တို့နဲ့လက်တွဲအလုပ်လုပ်ခဲ့ပြီး ဘယ်သူနဲ့ ဒိတ်လုပ်ခဲ့တယ်လို့တော့ သတင်းမထွက်ခဲ့ပါဘူး။ ဘယ်လိုအနေအထိုင်သိုသိပ်တဲ့ ဦးပါလိမ့်။
MAY THAZINHTOO